အထက်လွှတ်တော်အမတ်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ အွန်လိုင်းကတစ်ဆင့် ပီတာ ထောက်ခံသူတွေ ညတွင်းချင်း စည်းရုံးလှုံ့ဆော်
PUBLISHED - July 15, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၅
Move Forward ပါတီထောက်ခံသူတွေဟာ ပီတာလင်းဂျားရင်းနတ်ကို ဝန်ကြီးချုပ်အဖြစ် မဲပေးရွေးချယ်ခြင်းမရှိ တဲ့ အထက်လွှတ်တော်အမတ်တွေနဲ့ ၎င်းတို့မိသားစုဝင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ စာရင်းတွေကို အွန်လိုင်းကတစ်ဆင့်စုဆောင်းကောက်ယူနေပြီး အဲဒီလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ ညတွင်ချင်း စည်းရုံးလှုံ့ ဆော်နေကြပါတယ်။
အထက်လွှတ်တော်အမတ်တချို့နဲ့ ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကို သပိတ်မှောက်ဖို့ ရွေးချယ်တယ်ဆို တာ ပီတာထောက်ခံသူတွေအနေနဲ့ ၎င်းတို့ရဲ့အခွင့်အရေးအရ ရွေးချယ်ကျင့်သုံးနိုင်တဲ့ နည်းလမ်းတစ်ရပ်ပဲဖြစ် ကြောင်း တွစ်တာအသုံးပြုသူတစ်ဦးက ပြောပါတယ်။
အခုလှုပ်ရှားမှုဟာ အဲဒီစီးပွားရေးလုပ်ငန်းတွေအနီးမှာ ပြည်သူတွေသိအောင် ဆိုင်းဘုတ်သွားထောင်တာထက် အတိုင်းအတာတစ်ခုအထိ ပိုမိုခရီးရောက်တယ်လို့ဆိုပါတယ်။
ဒါပေမဲ့ ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေ (Computer Crime Act) အရ ပီတာထောက်ခံသူပြည်သူတွေကို အရေးယူခံရနိုင်တာမို့လို့ ၎င်းတို့အနေနဲ့ လူမှုကွန်ရက်ပေါ်မှာ မှတ်ချက်ပြုရေးသားတဲ့အခါ မျှမျှတတနဲ့ ဂရုတ စိက်ရေးသားဖို့လိုအပ်ကြောင်း အကြံပေးထားကြပါတယ်။
ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေမှာ “မည်သူမဆို အခြားသူတစ်ဦးတစ်ယောက်၏ ကွန်ပျူတာသတင်းအချက် အလက်တွေကို အလုံးစုံဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဖျက်လိုဖျက်ဆီးပြုလုပ်ခြင်း၊ လုံးဝပျက်စီးအောင်ပြု လုပ်ခြင်း၊ အမှားပြင်ခြင်း၊ အလုံးစုံပြုပြင်ပြောင်းလဲခြင်း၊ တစ်စိတ်တစ်ပိုင်းပြုပြင်ပြောင်းလဲခြင်း ဆောင်ရွက်ပါက ထိုသို့ဆောင်ရွက်သည့်ပုဂ္ဂိုလ်ကို အမြင့်ဆုံးထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ၊ ဒဏ်ငွေ ဘတ်တစ်သိန်းဖြစ်စေ၊ ထောင်ဒဏ်/ဒဏ်ငွေ ပြစ်ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်သည်။” လို့ ပြဋ္ဌာန်းထားပါတယ်။
ကြာသပတေးနေ့က ကျင်းပခဲ့တဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ လွှတ်တော်အစည်းအဝေးမတက်ရောက်ခဲ့တဲ့ အ ထက်လွှတ်တော်အမတ်တွေရော မဲပေးဖို့ပျက်ကွက်ခဲ့တဲ့ လွှတ်တော်အမတ်တွေပါ ပီတာဝန်ကြီးချုပ်မဖြစ် အောင် ပိတ်ပင်တားဆီးမှုတွေထဲမှာ အဓိကအခန်းကဏ္ဍက ပါဝင်နေတာဖြစ်ပါတယ်။
ကြာသပတေးနေ့ကမဲပေးပွဲနောက်ဆုံးရေတွက်မှုအရ ဝန်ကြီးချုပ်လောင်းပီတာဟာ ထောက်ခံမဲ ၃၂၄ မဲ၊ ကန့် ကွက်မဲ ၁၈၂ မဲနဲ့ ကြားနေမဲ ၁၉၉ မဲရရှိခဲ့ပါတယ်။
အထက်လွှတ်တော်အမတ် ၃၀ ကျော်ကတော့ လွှတ်တော်အစည်းအဝေးတက်ရောက်လာခြင်းမရှိဘူးလို့ ဆိုပါတယ်။
Ref: Online calls for boycott of senators’ businesses top trending overnight
#PeopleMedia