အထက်လွှတ်တော်အမတ်တွေ မဲပေးခွင့်ပြန်လည်ရုပ်သိမ်းရေး ဥပဒေကြမ်းတင်သွင်းမှု အောက်လွှတ်တော် ဥက္ကဋ္ဌ လက်ခံ

PUBLISHED - July 15, 2023
နိုင်ငံတကာ၊ ဇူလိုင် ၁၅
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၇၂ မှာ ပြဋ္ဌာန်းထားတဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ်တွေ ကို မဲပေးရွေးချယ်ဖို့ ခွင့်ပြုထားတာကို ပြန်လည်ရုပ်သိမ်းပေးဖို့ ကြိုးပမ်းမှုတစ်ရပ်အဖြစ် Move Forward ပါတီက တင်ပြလာတဲ့ ဥပဒေကြမ်းကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မူဟာမက်နော်မာသာက ဇူလိုင်လ ၁၄ ရက်နေ့က လက်ခံလိုက်ပါတယ်။
လွှတ်တော်တွင်းထည့်သွင်းဆွေးနွေးရမယ့် အစီအစဉ်ထဲကို မထည့်ခင် အဲဒီဥပဒေကြမ်းကို စစ်ဆေးဖို့နဲ့ ဥပဒေ ကြမ်းကိုထောက်ခံတင်သွင်းတဲ့ အမတ်ဦးရေကို စစ်ဆေးဖို့ ၎င်းရဲ့လွှတ်တော်ဝန်ထမ်းတွေကို ဆောင်ရွက်ခိုင်း သွားမယ်လို့ ဝန်က အထွေအထွေအတွင်းရေးမှူး ချိုင်သာဝတ်တူလာထန်ဦးဆောင်ပြီး အမတ်ဦးရေ ၅၀ ပါဝင် တဲ့ Move Forward ပါတီရဲ့ လွှတ်တော်အမတ်အုပ်စုကို ပြောပါတယ်။
ကြာသပတေးနေ့က ဝန်ကြီးချုပ်မဲပေးရွေးချယ်ပွဲမှာ အထက်လွှတ်တော်အမတ် ၁၅၉ ဦးဟာ မဲမပေးဘဲနေခဲ့သ လို ၄၃ ဦးဟာလည်း လွှတ်တော်နှစ်ရပ်ပေါင်းမဲပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိတဲ့အတွက် ဖြစ်ပေါ်လာတဲ့ နိုင်ငံ ရေးချောင်ပိတ်မှုအကျပ်အတည်းကို အဆုံးသတ်သွားစေဖို့အတွက် အခုဥပဒေကြမ်းကို တင်သွင်းဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ကြောင်း ချိုင်သာဝတ်က ပြောပါတယ်။
အဲဒီလို မဲမပေးဘဲပျက်ကွက်ခြင်းနဲ့ လွှတ်တော်အစည်းအဝေးမတက်ရောက်ခြင်းဟာ အဲဒီအထက်လွှတ်တော် အမတ်တွေအနေနဲ့ ဝန်ကြီးချုပ်ရွေးချယ်ပွဲမှာ ၎င်းတို့ရဲ့အခွင့်အရေးနဲ့ အခွင့်အာဏာကို အသုံးပြုချင်စိတ်မရှိဘူး ဆိုတာ ရှင်းလင်းစွာပြသလိုက်တာပဲဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
Move Forward ပါတီရဲ့ ဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုဟာ ထိုင်းနိုင်ငံရေးရှေ့ဆက်သွားနိုင်ဖို့အတွက် နိုင်ငံရေး အကျပ်အတည်းကနေ ရုန်းထွက်နိုင်တဲ့နည်းလမ်းတစ်ရပ်အဖြစ် ရည်ရွယ်ထားတာဖြစ်ပြီး ဒါမှသာ အစိုးရသစ်ကို မြန်မြန်ဖွဲ့စည်းနိုင်မှာဖြစ်ကြောင်း ချိုင်သာဝတ်က ပြောပါတယ်။
Move Forward ပါတီအနေနဲ့ အဲဒီဥပဒေကြမ်းကို အချိန်အတော်ကြာကပင် ပြင်ဆင်ထားတာဖြစ်ပြီး ဒီကနေ့ (ဇူလိုင်လ ၁၄ ရက်နေ့) လွှတ်တော်ကိုတင်ပြဖို့ မနေ့ည (ဇူလိုင်လ ၁၃ ရက်ည) က ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း၊ အခုဥပဒေကြမ်းတင်သွင်းမှုကို မကန့်ကွက်ဖို့ ဖီယူထိုင်းပါတီကိုလည်း ပြောကြားထားပြီးဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
အလားတူဥပဒေကြမ်းကို လွှတ်တော်နောက်ဆုံးအစည်းအဝေးမှာအဆိုတင်သွင်းခဲ့ရာ ဖုန်ဂျိုင်ထိုင်းပါတီနဲ့ ဒီမို ကရက်ပါတီတွေက သဘောတူညီခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ဥပဒေကြမ်းထဲမှာပါဝင်တာက ပုဒ်မတစ်ခုတည်းကိုပဲပြင်မှာဖြစ်တဲ့အတွက် လွှတ်တော်အနေနဲ့ ဥပဒေကြမ်းကို စဉ်းစားချင့်ချိန်ဖို့ အချိန်အများကြီးယူမယ်လို့ မထင်ကြောင်း Move Forward ပါတီအထွေထွေအတွင်းရေးမှူး က ပြောပါတယ်။
Ref: House speaker accepts draft charter amendment bill to clip senators’ wings
#PeopleMedia