• Follow Us on
Latest News

Home အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပသည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်နှင့် သင်္ချာ ဘာသာရပ်များ လာရောက်ဖြေဆိုသူ ၈၃၂ ဦးရှိ

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ကျင်းပသည့်တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်နှင့် သင်္ချာ ဘာသာရပ်များ လာရောက်ဖြေဆိုသူ ၈၃၂ ဦးရှိ

Share this post

နေပြည်တော်၊ မေ ၃

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ဒေသအချို့ရှိ ကျောင်းသား ကျောင်းသူများကို အထူးအစီ အစဉ်တစ်ရပ်အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုနှင့်အတူ သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ စာစစ်ဌာနများသို့ ကျောင်းသား ကျောင်းသူများကို စုစည်း ခေါ်ယူ၍ စာမေးပွဲဖြေဆိုစေလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ၂၀၂၄ ခုနှစ် အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၂၉ ရက်မှ မေ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းရှိ စာစစ်ဌာန ၁၂ ခု၌ ကျင်းပလျက်ရှိရာ ဧပြီ ၂၉ ရက်တွင် မြန်မာစာ ဘာသာရပ်ကိုလည်းကောင်း၊ ဧပြီ ၃၀ ရက်တွင် အင်္ဂလိပ်စာဘာသာရပ်ကို လည်းကောင်း၊ မေ ၂ ရက်  တွင် သင်္ချာဘာသာရပ်ကိုလည်းကောင်း အောင်မြင်ချောမွေ့စွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်သည်။

 

အထူးအစီအစဉ် တစ်ရပ်အနေဖြင့်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြန်မာစာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၈ ဦးရှိသဖြင့် ရာခိုင်နှုန်း အားဖြင့် ၅၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အင်္ဂလိပ်စာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက် ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းနှင့် သင်္ချာဘာသာရပ်၌ ဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၅၃၅ ဦးရှိပြီး လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၇၇ ဦးရှိသဖြင့် ရာခိုင်နှုန်းအားဖြင့် ၅၁ ဒသမ ၇၈ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

 

#PeopleMedia


Share this post