• Follow Us on

Home အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော် တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော် တာဝန်များလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ ဩဂုတ် ၃၁

 

အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယမန်နေ့က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောဆိုသည်။

 

မိမိနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် ၂၀၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်စဉ်များကို သင်ခန်းစာယူပြီး လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြေပြင်စာရင်းကောက်ယူခြင်းလုပ်ငန်းများအပါအဝင် လုပ်ငန်းစဉ်များ အတိုင်း စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း၊ မဲစာရင်းအချက်အလက်များ မှန်ကန်မှုရှိစေရေး လာမည့် အောက်တိုဘာလတွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ထို့ကြောင့် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ သန်းခေါင် စာရင်းကောက်ယူရာတွင် ပဲခူးတိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့်ကောက်ယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စာရင်းဇယားများမှန်ကန်စွာရရှိစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ရွေးကောက်ပွဲကို စည်းစနစ်ကျနမှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ်ဖြစ်စေရေးနှင့် ၎င်းရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့်အစိုးရကို နိုင်ငံတော်တာဝန်များ လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ သိက္ခာရှိသည့် ရွေးကောက်ပွဲနှင့် သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးကျင်းပနိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။

 

လွှတ်တော်အသီးသီးတွင် အစည်းအဝေးအထမြောက်စေရေး၊ သိက္ခာရှိသည့် လွှတ်တော်အစည်းအဝေးဖြစ်စေ ရေးနှင့် သတ်မှတ်ကိုယ်စားလှယ်များ ရွေးချယ်တက်ရောက်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်များတွင် သက်ဆိုင်ရာဒေသအလိုက် ပါဝင်သင့်သူများ ပါဝင်မှသာ လွှတ်တော်အတွင်း ကိုယ်စားပြု မှုများမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများနှင့် လွတ်လပ်၍တရားမျှတ သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတစ်ရပ်အောင်မြင်စွာ ကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သိရှိနိုင်ရန် ပြောကြားရခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောဆိုခဲ့သည်။

 

#PeopleMedia


Share this post