အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင်စိုက်ပျိုးရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား
PUBLISHED - August 7, 2024
နေပြည်တော်၊ သြဂုတ် ၇
စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ပြီး အဓိကစိုက်ပျိုးသီးနှံ များဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ ဝါအထွက်နှုန်းတိုးတက်ရေးနှင့် မွေးမြူရေးလုပ်ငန်းများတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းသည် အဓိကကျကြောင်း၊ အဓိကကျသည့် ကုန်ထုတ်လုပ်မှုများ အားကောင်းလာစေရေးအတွက် စိုက်ပျိုးရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင် ရွက်ရာတွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သည့် စပါး၊ ပဲ၊ ဝါနှင့် ဆီထွက်သီးနှံများကို တိုးတက်အောင် စိုက်ပျိုး ရမည်ဖြစ်ကြောင်း၊ မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာနှင့် ဆီအုန်းများသည် မိမိတို့နိုင်ငံတွင် စိုက်ပျိုးဖြစ်ထွန်းလျက်ရှိ သော်လည်း စားသုံးဆီများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊ မြေပဲနှင့်နှမ်းများကို ဆီအဖြစ်စားသုံးခြင်း၊ ပို့ကုန်များအဖြစ် ပြည်ပသို့တင်ပို့ခြင်းနှင့် မိရိုးဖလာအစားအစာအဖြစ် အသုံးပြုခြင်းများရှိကြောင်း၊ အထွက်နှုန်း များမှာလည်း ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိခြင်းမရှိသောကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်များမှာ ပိုမိုများပြားလျက်ရှိနေကြောင်း ပြောသည်။
အလားတူ နေကြာသည်လည်း ဆီထွက်သီးနှံများတွင် တွက်ခြေကိုက်သည့် ဆီထွက်သီးနှံတစ်ခုဖြစ်သဖြင့် ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိစေရေး မျိုး၊ မြေ၊ ရေ၊ နည်း စသည့်(၄)ချက်နှင့် စနစ်တကျဆောင်ရွက် သွားရန်လိုပြီး စိုက်ပျိုးမှုများ တိုးတက်စေရေး စိုက်ပျိုးတောင်သူများကို အားပေးဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာကို အမှန်တကယ်တိုးတက်အောင် စိုက်ပျိုးနိုင်မည်ဆိုပါက မိမိတို့နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်း မည်ဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးမှုများကို တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးခြင်းနှင့် သီးထပ်စိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရန်လိုကြောင်း၊ နေကြာမျိုးများရရှိရေးအတွက်လည်း ဆောင်ရွက်သွားရန်လိုကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဆီထွက်သီးနှံများ ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားမည်ဆိုပါက ပြည်တွင်းဆီဖူလုံမှုများ တိုးတက်လာမည်ဖြစ်ကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုနှင့်ပတ်သက်၍ အကြောင်းအမျိုးမျိုးကြောင့် အထွက်နှုန်းများနည်းပါးလျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးမှုမှထွက်ရှိသည့် ဆီကြမ်းများကို စက်မှုကုန်ကြမ်းအဖြစ်သုံးစွဲလျက်ရှိပြီး ဆီကြမ်းများမှ စားသုံးဆီချောထုတ်လုပ်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း ပြောသည်။
စိုက်ပျိုးနိုင်ရေးအတွက် အရင်းအနှီးနှင့် စုပေါင်းပြီးဆောင်ရွက်သည့် စနစ်များလိုအပ်ကြောင်း၊ သမဝါယမ စနစ်ဖြင့် ဆောင်ရွက်ခြင်းသည် အသင့်လျော်ဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များဖြင့် တစ်ဦးနှင့် တစ်ဦးအပြန် အလှန်ကူညီကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အတူတကွစုပေါင်းထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ခူးဆွတ်ခြင်း၊ ရောင်းချခြင်းတို့ကို သမဝါယမစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြင့် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ သမ ဝါယမစနစ်ဖြင့် စိုက်ပျိုးပြီး ဆီထွက်သီးနှံများမှထွက်ရှိလာသည့် ဆီများကို ဒေသတွင်းအပြင် အခြားပြင်ပ တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့လည်း ရောင်းချပေးနိုင်ရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရေး သမဝါယမ အသင်းအဖွဲ့များ အချင်းချင်းချိတ်ဆက်ဆောင်ရွက်ထားရှိရန်လိုကြောင်း၊ ဆီစက်များနှင့် ပတ်သက်၍လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီစက်နှင့် ကုန်ကြမ်းအချိုးညီမျှရန်လိုကြောင်း၊ လိုအပ်ပါက အရည် အသွေးမြင့်သည့် စက်များရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာနသာမက ပုဂ္ဂလိကစက်ရုံများကိုလည်း အားပေးဆောင်ရွက်ရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia