အဓိကမဟာမိတ်သုံးနိုင်ငံက စစ်ရေးအကူအညီတွေ ဆက်လက်ရရှိဖို့ ဖိလစ်ပိုင်ကြိုးပမ်းနေ
PUBLISHED - February 26, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆
ဖိလစ်ပိုင်နိုင်ငံနဲ့ ရေပိုင်နက်အငြင်းပွားနေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံက ပိုမိုရန်လိုတဲ့အပြုအမူ တွေပြသလာတာကြောင့် ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အဓိကမဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ သြစတေးလျနိုင်ငံတို့ဆီက အထောက်အပံ့တွေ ဆက်လက်ရရှိအောင် ကြိုးပမ်းနေပါတယ်။
လာမယ့်လတွေမှာ နိုင်ငံရဲ့သီးသန့်စီးပွားရေးဇုန် ကီလိုမီတာ ၃၇၀ ဝန်းကျင်ရှိတဲ့ အနောက်ဖိလစ်ပိုင်ပင်လယ် ပြင်အတွင်း ဖိလစ်ပိုင်နဲ့ အမေရိကန်တို့ ပူးတွဲကင်းလှည့်မှုတွေကို တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖိလစ် ပိုင်တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရိုမီယိုဘရောင်နာဂျူနီယာက သောကြာနေ့ (ဖေဖော်ဝါရီ ၂၃ ရက်နေ့) က ပြောပါတယ်။
ဖိလစ်ပိုင်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်တဲ့အနေနဲ့ “ပင်လယ်ပြင် ပူးပေါင်းဆောင်ရွက်ရေး လှုပ် ရှားမှု” ခေါ် ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ အမေရိကန် အင်ဒို-ပစိ ဖိတ် စစ်ဌာနချုပ်အကြီးအကဲ အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီး ဂျွန်အကွီလီနိုက ပြောကြောင်း ဗိုလ်ချုပ်ကြီး ရိုမီ ယိုဘရောင်နာဂျူနီယာက ပြောပါတယ်။
ဒေသတွင်း တင်းမာမှုတွေမြင့်တက်နေစဉ် ပင်လယ်ပြင်ဆိုင်ရာဥပဒေနဲ့ စည်းမျဉ်းဥပဒေအခြေပြုထိန်းသိမ်းမှုတွေ ဆိုင်ရာ ကုလသမဂ္ဂသဘောတူညီချက်ကို စွဲကိုင်ဖို့ လိုအပ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂဲလ်ဘာတိုသီယိုဒိုရို ဂျူနီယာက ပြောပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က သီယိုဒိုရိုဟာ ဗြိတိန်ဝန်ကြီးချုပ်ရဲ့ ကုန်သွယ်ရေးကိုယ်စားလှဝ် ရစ်ချတ်ဂရေဟမ်နဲ့ တွေ့ ဆုံခဲ့ပြီး ဇန်နဝါရီလက လက်မှတ်ရေးထိုးခဲ့တဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MoU အရ တောင်တရုတ်ပင်လယ်အရေးနဲ့ ကာကွယ်ရေး/ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတွေအ ဆွေးနွေးခဲ့ပါတယ်။
တပ်မတော်အဆင့်မြှင့်တင်ရေး နောက်ဆုံးအဆင့်ဖြစ်ဖြစ်ပြီး ဖိလစ်ပိုင်သွေ ၂ ထရီလီယန်ကုန်ကျမယ့် Re-Horizon 3 စီမံချက်ကို မကြာသေးခင်ကပဲ သမ္မတမားကို့စ်က ခွင့်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။
အဲဒီစီမံချက်အရ ဖိလစ်ပိုင်တပ်မတော်ဟာ ဂျက်တိုက်လေယာဉ်တွေ၊ ရေဒါတွေ၊ ဒုံးကျည်တွေနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တွေ ထပ်မံဝယ်ယူသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာလာရောက်တပ်စွဲထားဖို့ သဘောတူညီထားတဲ့ အမေရိကန်ပြည်ထောင်စု၊ သြစတေးလျတို့လို မဟာ မိတ်နိုင်ငံတွေရဲ့ အရေးပါမှုကိုလည်း ဂရေဟမ်နဲ့တွေ့ဆုံစဉ်မှာ ကာကွယ်ရေးဝန်ကြီးက ထပ်လောင်း ပြော ကြားခဲ့ပါတယ်။
မတ်လ ၄ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမယ့် သြစတေးလျ – အရှေ့တောင်အာရှနိုင်ငံများအသင်း အထူးအစည်းအဝေးမတိုင်ခင် ဖိလစ်ပိုင်သမ္မတဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ သြစတေး လျနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ဖိလစ်ပိုင်နဲ့ သြစတေးလျတို့ လက်မှတ်ရေးထိုးခဲ့တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်နဲ့ ပတ်သက်ပြီး မစ္စတာမားကို့စ်က ဆွေးနွေးသွားမှာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတဟာ ကာကွယ်ရေးနဲ့ လုံခြုံရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ပြည်သူအချင်းချင်းဆက်ဆံရေး၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးနဲ့ ဒေသတွင်းပြဿနာများကို သြစတေးလျထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံဆွေး နွေးသွားမှာဖြစ်ကြောင်း သမ္မတရုံးဆက်ဆံရေးဌာနက စနေနေ့က ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးကနေ ပြည်ပရန်ကာကွယ်ရေးဘက်ကို ရွှေ့ပြောင်း လိုက်ကြောင်း ဖိလစ်ပိုင်တပ်မတော်က ပြောပါတယ်။ နိုင်ငံရဲ့ကျွန်းပေါင်း ၇၆၀၀ အတွက် ပြောင်းလဲလာတဲ့ ကာကွယ်ရေးမဟာဗျူဟာအရ ဖိလစ်ပိုင်တပ်မတော်ဟာ ဘက်စုံကျွန်းစုများကာကွယ်ရေးမူဝါဒကို လက်ခံကျင့်သုံးခဲ့ပါတယ်။
မူဝါဒသစ်အရ ဖိလစ်ပိုင်တပ်မတော်ဟာ စစ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ ရေဒါစနစ်တွေကို ထပ်မံဝယ်ယူ ဖြည့်တင်းသွားမှာဖြစ်သလို အနောက်ဖိလစ်ပိုင်ပင်လယ်ထဲက ကျွန်းစုတွေ တိုးတက်ရေးအတွက်လည်း ဆောင် ရွက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီးဘရောင်နာက အခုလအစောပိုင်းက ပြောပါတယ်။
နောက်ထပ်နိုင်ငံတွေက ဖိလစ်ပိုင်နဲ့ ကာကွယ်ရေးစာချုပ်တွေ ချုပ်ဆိုချင်နေကြတယ်လို့ ကာကွယ်ရေးဝန်ကြီး သီယိုဒိုရိုက အခုနှစ် ဇန်နဝါရီလက ပြောပါတယ်။
ဖိလစ်ပိုင်နိုင်ငံနဲ့ စစ်ရေးမဟာမိတ်စာချုပ်ချုပ်ထားတဲ့ အမေရိကန်ပြည်ထောင်စုကတော့ စစ်ရေးအကူအညီအ များဆုံးပေးနေတဲ့ နိုင်ငံဖြစ်ပြီး ဖိလစ်ပိုင်ဟာ အင်ဒို-ပစိဖိတ်ဒေသတွင်းမှာ အမေရိကန်ဆီက စစ်ရေးအကူအညီ အများဆုံးလက်ခံရရှိခဲ့နိုင်ငံဖြစ်ပါတယ်။
၂၀၁၅ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ ဖိလစ်ပိုင်နိုင်ငံဟာ အမေရိကန်ထံက ဒေါ်လာ ၁.၁၄ ဘီလျံတန်ကြေးရှိတဲ့ လေယာဉ်တွေ၊ သံချပ်ကာယာဉ်တွေ၊ လက်နက်ငယ်တွေနဲ့ တခြား စစ်အသုံးအဆောင်ပစ္စည်းတွေ၊ သင်တန်း တွေ လက်ခံရရှိခဲ့ပါတယ်။
ဒါ့အပြင် အမေရိကန်ပြည်ထောင်စုဟာ ဖိလစ်ပိုင်နိုင်ငံအတွက် ၂၀၂၁ ခုနှစ်အောက်တိုဘာလက ပီဆိုသန်း ၂၀၀ တန်ကြေးရှိတဲ့ ScanEagle ဒရုန်းတွေနဲ့ ၂၀၂၁ ခုနှစ် ဇွန်လမှာ ပီဆို ၂၃၁.၅ သန်းတန်ကြေးရှိတဲ့ လက် နက်ခဲယမ်းသစ်တွေ၊ စစ်ပစ္စည်းတွေ ပို့ပေးခဲ့ပါတယ်။
၂၀၂၂ ခုနှစ်မှာ ဖိလစ်ပိုင်တပ်မတော်အဆင့်မြှင်တင်ရေးအတွက် အမေရိကန်နိုင်ငံက ဒေါ်လာ သန်း ၁၀၀ တန် ကြေးရှိတဲ့ စစ်ရေးအကူုအညီတွေ ပေးခဲ့ပါတယ်။
Ref: Philippines seeks defense support from 3 key allies
#PeopleMedia