• Follow Us on

Home အဓိကအတိုက်အခံပါတီမပါတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟာဆီနာ ထပ်မံအနိုင်ရ

အဓိကအတိုက်အခံပါတီမပါတဲ့ ဘင်္ဂလားဒေ့ရှ်ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ် ဟာဆီနာ ထပ်မံအနိုင်ရ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၈

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အဓိက အတိုက်အခံပါတီက သပိတ်မှောက်ထားတဲ့ ဇန်နဝါရီလ ၇ ရက်နေ့က ကျင်းပခဲ့ တဲ့ ရွေးကောက်ပွဲမှာ လက်ရှိဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာနဲ့ ၎င်းရဲ့ပါတီဟာ ထပ်မံအနိုင်ရရှိသွားတဲ့အတွက် ဟာ ဆီနာဟာ စတုတ္ထသက်တမ်းအတွက် တစ်ဆက်တည်း အနိုင်ရရှိခဲ့တာဖြစ်ကြောင်း VOA သတင်းဌာနမှာ ရေး သားဖော်ပြထားပါတယ်။

 

မဲရလဒ်တွေဆက်လက်ရေတွက်နေဆဲဖြစ်ပေမဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အမတ် နေရာ ၂၂၄ နေရာအနက် ဟာဆီနာရဲ့ အဝါမီအဖွဲ့ချုပ်ပါတီက ၁၆၅ နေရာ အနိုင်ရခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အလွတ်သဘော ပြောပါတယ်။

 

၂၀၁၄ ခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ တဲ့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) ဟာ ဟာဆီနာနုတ်ထွက်ဖို့ တောင်းဆို ခဲ့သလို ရွေးကောက်ပွဲကို ကြားဖြတ်အစိုးရတစ်ရပ်က ကျင်းပပေးဖို့ တောင်းဆိုခဲ့ပါတယ်။

 

တောင်းဆိုချက်ကို ဝန်ကြီးချုပ်ဟာဆီနာက ငြင်းပယ်ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က ရွေး ကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။

 

ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ဖို့အတွက် လူထုကိုတောင်းဆိုလိုက်ပြီး တစ်နိုင်ငံလုံး နှစ်ရက်ကြာဆန္ဒပြဖို့ ဘင်္ဂလားဒေ့ရှ်အမျိုးသားပါတီ (BNP) က လူထုကို တနင်္ဂနွေနေ့က ဆော်သြခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလအတွင်းက လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့တဲ့ ဒါကာမြို့မှာဖြစ်ပွားခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွြတွေဟာ အတိုက်အခံ BNP ပါတီက သွေးထိုးလှုံ့ဆော်ခဲ့လို့ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဟာ ဆီနာက စွပ်စွဲခဲ့ပါတယ်။

 

ဘင်္ဂလားဒေ့ရှ်ပြည်သူအများစုကတော့ အကြမ်းဖက်မှုကြောင့် ထိခိုက်ခဲ့ရတဲ့ တနင်္ဂနွေနေ့က ရွေးကောက်ပွဲနဲ့ ဝေးဝေးကနေ ရှောင်ရှားနေကြတယ်လို့ ဆိုပါတယ်။

 

၂၀၁၈ ခုနှစ် ရွေးကောက်ပွဲဒီအချိန်မှာ မဲဆန္ဒရှင်ပြည်သူ ၈၀% ကျော် မဲပေးခဲ့ကြပေမဲ့ မဲရုံသိမ်းတဲ့အချိန်မှာ မဲ ဆန္ဒရှင်ပြည်သူ ၄၀% လာရောက်မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲကော်မရှင်အကြီးအကဲ ကာဇီဟာဘီဘူ အဝယ်လ်က ပြောပါတယ်။

 

အသက် ၇၆ နှစ်အရွယ် ရှိတ်ခ်ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စီးပွားရေးနဲ့ အဓိကအထည်ချုပ်လုပ်ငန်း ပြန် လည်တိုးတက်လာအောင် စွမ်းဆောင်မှုအတွက် နာမည်ကောင်းရခဲ့ပါတယ်။

 

ဒါပေမဲ့ ဟာဆီနာဟာ အာဏာရှင်စနစ်ကျင့်သူံးမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ လွတ်လပ်စွာပြောဆိုခွင့်ကို နှိပ် ကွပ်မှုနဲ့ အစိုးရ အပေါ်အမြင်မတူတဲ့သူတွေကို ဖိနှိမ်မှုတွေလုပ်ခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲခဲ့ပါတယ်။

 

Ref: Bangladesh PM Hasina Secures Fourth Straight Term

 

#PeopleMedia


Share this post