အဓိပ္ပာယ်မဲ့ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများ ခံစားနေရကြောင်း နစကဥက္ကဋ္ဌပြောကြား

PUBLISHED - December 18, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပစွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်သည် (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ပြောကြား ထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်းဆက်သွယ်ရေးမှ အစ အဘက်ဘက်၌ အခက်အခဲများစွာရှိခဲ့သဖြင့် တပ်မတော်အစိုးရလက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည် နယ် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်း လဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သို့သော်လည်း လက်ရှိကာလတွင် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့နှင့် ပြည်ပစွက်ဖက်မှုများကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ပစ်ခတ် တိုက်ခိုက်နှောင့်ယှက်ဖျက်ဆီးမှုများ၊ ပဋိပက္ခများ၏ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြ ရကြောင်း ပြောသည်။
တည်ငြိမ်အေးချမ်းမှု မရှိသမျှကာလပတ်လုံး တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုမှာ အလှမ်းဝေးနေမည်သာဖြစ်ပြီး တစ်ဦးချင်းအခွင့်အရေး၊ အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများကြုံတွေ့နေမည် ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို အမျိုးသားရေးခံယူချက်အဖြစ် နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်ကို တည်ဆောက်ရာတွင် ဒို့တာဝန်အရေးသုံးပါးကို ထာဝစဉ် ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လက်ရှိပစ္စုပ္ပန်နှင့် နောင် အနာဂတ်အတွက် နိုင်ငံရေးရည်မှန်းချက်များနှင့် အမျိုးသားရေးရည်မှန်းချက်များကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူများလိုလားတောင့်တသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံ တော်ကြီးဆီ လျှောက်လှမ်းရာခရီးတွင် ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး အေးအတူ၊ ပူအမျှအတူတကွ ယှဉ်တွဲနေထိုင်ကြရင်း အပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် သာ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း ပြောသည်။
ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းခြင်းသာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသားညီ အစ်ကိုအချင်းချင်း ပြည်ထောင်စုစိတ်ဓာတ်အရင်းခံကာ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာခြင်း ဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia