အနာဂတ်တရုတ်နဲ့ စစ်မက်ဖြစ်ပွားလာရင် အင်အားနည်းသွားမှာစိုးလို့ ယူကရိန်းရဲ့ ATACMS ဒုံးကျည်တောင်း ဆိုမှု အမေရိကန်ငြင်းပယ်
PUBLISHED - August 29, 2023
နိုင်ငံတကာ၊ သြဂုတ် ၂၉
ယူကရိန်းနိုင်ငံကို ကြည်းတပ်နည်းဗျူဟာဒုံးကျည်စနစ် Army Tactical Missile System (ATACMS) တွေ ထောက်ပံ့ပေးလိုက်မယ်ဆိုရင် အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ထိပ်တိုက်ရင်ဆိုင်လာရတဲ့အချိန်မျိုးမှာ အမေရိကန် နိုင်ငံအတွက် စစ်ရေးအသင့်ဖြစ်မှု အားနည်းသွားမှာကို ပင်တဂွန်စစ်ဌာနချုပ်က စိုးရိမ်ပူပန်နေကြောင်း Washington Post သတင်းစာက ရေးသားထားပါတယ်။
အနာဂတ်မှာတရုတ်နိုင်ငံနဲ့ဖြစ်ပွားလာနိုင်တဲ့စစ်ပွဲအတွက် စိုးရိမ်စရာဖြစ်တဲ့အတွက် ရုရှားနိုင်ငံ အတွင်းပိုင်းထဲ အထိ ပစ်ခတ်တိုက်ခိုက်နိုင်တဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေကို ယူကရိန်းက တောင်းဆိုနေတာကို ပင်တ ဂွန်စစ်ဌာနချုပ်က လက်မခံဘဲပယ်ချနေကြောင်း Washington Post က ပြောပါတယ်။
ယူကရိန်းအစိုးရက ATACMS တာဝေးပစ်ဒုံးကျည်တွေထောက်ပံ့ပေးဖို့ ဆက်လက်တောင်းဆိုနေဆဲဖြစ်ပေမဲ့ အ မေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းတို့ရဲ့ကာကွယ်ရေးစွမ်းရည်အားနည်းသွားစေနိုင်တဲ့အထိ ဆောင်ရွက်ခြင်းမ ပြုဘဲ ယူကရိန်းကိုထောက်ပံ့ဖို့ ATACMS ဒုံးကျည် အလုံအလောက်မရှိမှာ အမေရိကန်အရာရှိတွေက စိုးရိမ်နေ တယ်လို့ ဆိုပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဟာ လာမယ့်နှစ်အထိ ဆက်လက်ဖြစ်ပွားနေနိုင်သေးတာကြောင့် ယူကရိန်းစစ်တပ်ကို ထောက်ပံ့ဖို့အတွက် နည်းလမ်းသစ်လေးငါးမျိုးကို ဘိုင်ဒန်အစိုးရက စဉ်းစားနေကြောင်း Washington Post က ပြောပါတယ်။
တပြိုင်တည်းမှာပဲ ပြီးခဲ့တဲ့လက အမေရိကန်က ယူကရိန်းကိုစတင်ထောက်ပံ့တာထက် ပိုမိုများပြားတဲ့ အတွဲ လိုက်ပစ်ဒုံးကျည် MLRS တွေအတွက် တာဝေးပစ်ကလပ်စတာဗုံးတွေကို ပိုမိုထောက်ပံ့ခဲ့ပါတယ်။
MGM-140 Army Tactical Missile System ခေါ် ATACMS ဒုံးကျည်စနစ်ဟာ အမေရိကန်စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်တဲ့ နည်းဗျူဟာမြောက်ပဲ့ထိန်းဒုံးကျည်ဖြစ်ပါ တယ်။
အဲဒီဒုံးကျည်ဟာ လောင်စာခဲနဲ့ထုတ်လုပ်ထားတာဖြစ်ပြီး ကီလိုမီတာ ၃၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်ပါ တယ်။
ATACMS ဒုံးကျည်ကို M270 အတွဲလိုက်ဒုံးပစ်လောင်ချာကနေဖြစ်စေ M142 အတွဲလိုက်ဒုံးပစ်လောင်ချာကနေ ဖြစ်စေ ပစ်ခတ်နိုင်ပါတယ်။
ယူကရိန်းစစ်တပ်မှာ အဲဒီအတွဲလိုက်ဒုံးပစ်လောင်ချာစနစ်နှစ်မျိုးစလုံးကို အသုံးပြုနေတယ်လို့ဆိုပါတယ်။
Ref: US denies Ukraine’s request for ATACMS missiles due to concerns over future conflict with China
#PeopleMedia