အနာဂတ်မှာ စစ်တပ်ကအာဏာမသိမ်းနိုင်အောင် ဥပဒေတစ်ရပ်ပြဋ္ဌာန်းသွားဖို့ စီစဉ်နေကြောင်း အာဏာရ ဖီယူထိုင်းပါတီပြော
PUBLISHED - May 21, 2024
နိုင်ငံတကာ၊ မေ ၂၁
လွန်ခဲ့တဲ့ ၁၀ နှစ်က ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာဦးဆောင်တဲ့ စစ်အာဏာသိမ်းမှုကို ပြစ်တင်ရှုတ်ချလိုက် ရင်း အနာဂတ်မှာစစ်တပ်က အာဏာသိမ်းမယ့်အခွင့်အရေးကို ပိတ်ပင်တားဆီးမယ့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းသွား ဖို့ ဖီယူထိုင်းပါတီက အင်္ဂါနေ့ (မေလ ၂၁ ရက်နေ့) က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
“၂၀၁၄ မေလ ၂၂ ရက်နေ့ စစ်တပ်အာဏာသိမ်းလိုက်ကတည်းက ဆယ်နှစ်ကာလ ကုန်ဆုံးခဲ့ပါပြီ။ ဒါ့ကြောင့် ပြည်သူ့အခွင့်အရေးနဲ့အညီ ဒီစစ်အာဏာသိမ်းတဲ့ဒီသံသရာကြီးကို ရပ်တန့်ကြပါစို့။” လို့ ဖီယူထိုင်းပါတီရဲ့ထုတ် ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အဲဒီလို စစ်အာဏာသိမ်းမှုတွေဟာ ဒီမိုကရေစီကို ဖျက်ဆီးပစ်ပြီး နိုင်ငံကို ခေတ်နောက်ပြန်ဆွဲတဲ့ဒုံရင်းဘဝ ဆိုက်ရောက်စေတဲ့ တရားဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ဆုံး ဖီယူထိုင်းအစိုးရကို ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ အဲဒီအချိန်က ကြည်းတပ်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ်ဦးဆောင်တဲ့ အမျိုးသားငြိမ်းချမ်းရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကောင်စီက ဖြုတ်ချခဲ့ပါတယ်။
ပြည်သူ့ဒီမိုကရက်တစ်ပြုပြင်ရေးကော်မတီ (PDRC) ခေါ် ရှပ်ဝါအဖွဲ့နဲ့ အစိုးရကိုထောက်ခံတဲ့ ရှပ်နီအဖွဲ့ လမ်းမ တွေပေါ်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပွားလာရာကနေ အခုလို စစ်အာဏာသိမ်းမှုကို အစပျိုးပေးလိုက်တာပဲ ဖြစ်ပါတယ်။
ပရာယွတ်က ပဋိပက္ခတွေအဆုံးသတ်သွားဖို့အတွက် ၎င်းကြားဝင်ဆောင်ရွက်ပေးမယ့် စေ့စပ်ညှိနှိုင်းပွဲကို တက်ရောက်ဖို့ အစိုးရအဖွဲ့၊ PDRC ခေါ် ရှပ်ဝါအဖွဲ့နဲ့ ရှပ်နီအဖွဲ့တို့က ခေါင်းဆောင်တွေကို ဖိတ်ကြားခဲ့ပေမဲ့ အသာအယာပဲ အာဏာသိမ်းကြောင်းကြေညာလိုက်ပြီး အဲဒီခေါင်းဆောင်တွေကို ဖမ်းဆီးလိုက်ပါတယ်။
နိုင်ငံကိုအုပ်ချုပ်ဖို့ ပြည်သူကအပ်နှင်းထားတဲ့ ဖီယူထိုင်းပါတီထံက အာဏာကို စစ်တပ်က သိမ်းသွားတာဖြစ် ကြောင်း ကြေညာချက်မှာဖော်ပြထားပါတယ်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံဟာ တန်ဖိုးမဖြတ် နိုင်တဲ့အခွင့်အလမ်းတွေ အများအပြားဆုံးရှုံးသွားရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“ကျွနု်ပ်တို့အနေနဲ့ စစ်အာဏာသိမ်းမှုတွေကို ပယ်ချပါတယ်။ စစ်အာဏာသိမ်းမှုတစ်ခုအတွက် အခြေအနေတွေ အဖြစ်ကိုးကားထားတဲ့ ဘယ်လိုအကြောင်းပြချက်မျိုးကိုမဆို လက်ခံမှာမဟုတ်ဘူးဆိုတာ အခိုင်အမာအတည်ပြု ပါတယ်။” လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
“အာဏာသိမ်းစစ်ခေါင်းဆောင်တွေအားလုံးအတွက် လွတ်ငြိမ်းချမ်းသာခွင့်တွေကိုလည်း ကျွနု်ပ်တို့အနေနဲ့ ပယ် ချပါတယ်။ အောင်မြင်တဲ့စစ်အာဏာသိမ်းခေါင်းဆောင်တွေကို နိုင်ငံရဲ့ တရားဝင်အချုပ်အခြာအာဏာပိုင်ရှင် အ ဖြစ် သတ်မှတ်ဖို့ တရားစီရင်ရေးဌာနနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း ခွင့်ပြုတော့မှာ မဟုတ်ပါဘူး။” လို့ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေက ဖွဲ့စည်းထားပြီး အမည်ပေးထားတဲ့ အစိုးရအဖွဲ့တွေကို အသိအမှတ်ပြု လက်ခံတာကို တရားရုံးတွေကို ပိတ်ပင်တားမြစ်ထားတဲ့ ဥပဒေတစ်ရပ် ရေးဆွဲပြဋ္ဌာန်းဖို့အတွက် ဖီယူထိုင်းပါတီ အနေနဲ့ စီစဉ်နေကြောင်း အာဏာရပါတီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
“စစ်အာဏာသိမ်းမှုဆိုတာ လူသားတို့ရဲ့ကိုယ်ချင်းစာတရားနဲ့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ပါ တယ်။ အချုပ်အခြာအာဏာဟာ ပြည်သူတွေပိုင်ဆိုင်တယ်ဆိုတဲ့ မူဝါဒကို ကျွနု်ပ်တို့ စွဲကိုင်ထားပါတယ်။ ဒါ့ ကြောင့် ကျွနု်ပ်တို့အနေနဲ့ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေကို ဆန့်ကျင်ပြီး အဲဒီပုဂ္ဂိုလ်တွေကို ထိုင်းနိုင်ငံထဲကနေ မောင်းထုတ်ပစ်ဖို့အတွက် အင်အားစုတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ ဖီယူထိုင်းပါတီက အ ခိုင်အမာပြောကြားပါတယ်။” လို့ ကြေညာချက်မှာဖော် ပြထားပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာမှာ ရွေးကောက်ခံအစိုးရရဲ့ အားနည်းချက်ကို အာဏာသိမ်းရတဲ့အကြောင်းရင်းတွေအဖြစ် ရည်ညွှန်းကိုးကားပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့အစည်းကမှ တိုင်းပြည်ကို ချမ်းသာကြွယ်ဝပြီး ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်ခဲ့ ခြင်းမရှိကြောင်း ဖော်ပြထားပါတယ်။
“ကျွနု်ပ်တို့အနေနဲ့ နိုင်ငံကို ကျွနု်ပ်တို့စွမ်းရည်ရှိသမျှ အကောင်းဆုံး ကြိုးစားအုပ်ချုပ်သွားမယ်ဆိုတာ နိုင်ငံရေး အဖွဲ့အစည်းတစ်ရပ်နဲ့ ပြည်သူ့အစိုးရရဲ့ ခေါင်းဆောင်အနေနဲ့ ဖီယူထိုင်းပါတီက ကတိပြုပါတယ်။ ကျွနု်ပ်တို့အနေ နဲ့ ထိုင်းနိုင်ငံမှာ နောက်ထပ်စစ်အာဏာသိမ်းမှုတစ်ခု ထပ်မံမဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် ဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ ထိုင်းလူမျိုးတွေနဲ့ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
၁၉၃၂ ခုနှစ် စည်းမျဉ်းခံဘုရင်စနစ် စတင်ကျင့်သုံးကတည်းက ထိုင်းနိုင်ငံမှာ အောင်မြင်တဲ့ စစ်အာဏာသိမ်းမှု ၁၃ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။
Ref: No more coups, says Pheu Thai on 10th anniversary of 2014 putsch
#PeopleMedia