• Follow Us on
Latest News

Home အနားပေးထားတဲ့ Mirage ဂျက်တိုက်လေယာဉ် ၁၈ စင်း အိန္ဒိယကိုရောင်းချဖို့ ဂရိ စဉ်းစားနေ

အနားပေးထားတဲ့ Mirage ဂျက်တိုက်လေယာဉ် ၁၈ စင်း အိန္ဒိယကိုရောင်းချဖို့ ဂရိ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၀

 

ဂရိလေတပ်က အနားပေးထားတဲ့ Mirage 2000 ဂျက်တိုက်လေယာဉ် ၁၈ စင်းကို အိန္ဒိယနိုင်ငံကို ရောင်းချသွား ဖို့ စဉ်းစားနေကြောင်း The Defense Post မှာ ဖော်ပြထားပါတယ်။

 

အဆိုပြုချက်တွေကို ဖေဖော်ဝါရီလ တတိယပတ်လောက်မှာ အိန္ဒိယနိုင်ငံကိုသွားရောက်မယ့် ဂရိဝန်ကြီးချုပ် ကျာရီယာကိုစ်မစ်ဆိုတာကီရဲ့ ခရီးစဉ်အတွင်းမှာ ဆွေးနွေးသွားမှာဖြစ်ကြောင်း Kathimerini မီဒီယာက ပြော ပါတယ်။

 

ဂရိလေတပ်အတွက် Rafale ဂျက်တိုက်လေယာဉ်တွေ ရောက်ရှိလာတဲ့အတွက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အဲဒီ Mirage 2000 ဂျက်တိုက်လေယာဉ်တွေကို အနားပေးခဲ့တာဖြစ်ပါတယ်။

 

အပိုပစ္စည်းပြတ်လပ်မှုကြောင့် ပြုပြင်ထိန်းသိမ်းရတာ ခက်ခဲတဲ့အတွက် အဲဒီလေယာဉ်တွေကို အနားပေးလိုက်ရ တာဖြစ်ကြောင်း Kathimerini မီဒီယာက ပြောပါတယ်။

 

အိန္ဒိနိုင်ငံဟာ Mirage 2000 ဂျက်တိုက်လေယာဉ်တွေကို ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက စတင်အသုံး ပြုခဲ့ တာဖြစ်ပြီး လောလောဆယ် အိန္ဒိယလေတပ်မှာ Mirage 2000 ဂျက်တိုက်လေယာဉ် အစင်း ၅၀ ဝန်းကျင်အသုံး ပြုနေတယ်လို့ ဆိုပါတယ်။

 

သက်တမ်းဝက် အဆင့်မြှင်တင်မှုတွေဆောင်ရွက်နေစဉ်အတွင်း အသုံးပြုနေတဲ့ Mirage 2000 ဂျက်တိုက်လေ ယာဉ် ၃၄ စင်း အရေးကြီးတဲ့အပိုပစ္စည်းပြတ်လပ်မှုနဲ့ ကြုံတွေ့နေရချိန်မှာ အိန္ဒိယအစိုးရက ၂၀၂၁ ခုနှစ်မှာ တစ် ပတ်ရစ် Mirage 2000 ဂျက်တိုက်လေယာဉ် ၂၄ စင်း ဝယ်ယူခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံဟာ ၎င်းတို့မှာရှိတဲ့ Mirage 2000 ဂျက်တိုက်လေယာဉ်တွေကို အနည်းဆုံး နောက်ထပ်ဆယ်စုနှစ် တစ်ခုအထိ ဆက်လက်ထိန်းသိမ်းအသုံးပြုသွားမှာဖြစ်ကြောင်း ၂၀၂၃ ခုှနှစ် နှောင်းပိုင်းလောက်က ကြေညာခဲ့ ကြောင်း Kathimerini မီဒီယာက ပြောပါတယ်။

 

လက်ရှိအသုံးပြုနေတဲ့ Mirage ဂျက်တိုက်လေယာဉ် ၂၄ စင်းနဲ့ ပတ်သက်ပြီး နောက်ထပ် Rafale ဂျက်တိုက် လေယာဉ်တွေဝယ်ယူရာမှာ ဘတ်ဂျက်ဖြည့်တင်းနိုင်ဖို့အတွက် အဲဒီ Mirage ဂျက်တိုက်လေယာဉ်တွေကို ရောင်းချဖို့ ဂရိလေတပ်က စဉ်းစားနေပါတယ်။

 

ဒီဂျက်တိုက်လေယာဉ်တွေဟာ သက်တမ်းရင့်လာတဲ့အပြင် Link-16 terminal ဆက်သွယ်ရေးစနစ်တပ်ဆင် မယ့်အစီအစဉ်ဟာလည်း ကုန်ကျစရိတ်များပြားပြီး ထိရောက်မှုမသေချာတဲ့အတွက် အဲဒီဆက်သွယ်ရေးစနစ် တပ်ဆင်မှုကို စွန့်လွှတ်ဖို့ စဉ်းစားနေကြောင်း Kathimerini မီဒီယာက ပြောပါတယ်။

 

Link-16 terminal ဆက်သွယ်ရေးစနစ် ပေါင်းစပ်တပ်ဆင်လိုက်မယ်ဆိုရင် Mirage ဂျက်တိုက်လေယာဉ်တွေ ဟာ ဂရိလေတပ်ရဲ့ F-16V ဂျက်တိုက်လေယာဉ်တွေ၊ Rafale ဂျက်တိုက်လေယာဉ်တွေ၊ အနာဂတ်မှာရောက်ရှိ လာမယ့် F-35 ဂျက်တိုက်လေယာဉ်တွေနဲ့ ဆက်သွယ်နိုင်မှာဖြစ်ပါတယ်။

 

အဖြစ်နိုင်ဆုံးကတော့ Mirage ဂျက်တိုက်လေယာဉ်တွေဟာ တဖြည်းဖြည်းနဲ့ F-16 Block 30 ဂျက်တိုက်လေ ယာဉ်ဟောင်းတွေလို ဒုတိယအဆင့် ကြားဖြတ်တိုက်ခိုက်ရေးလေယာဉ်အခန်းကဏ္ဍကို ရောက်ရှိသွားနိုင်ဖွယ်ရှိ ကြောင်း Kathimerini မီဒီယာက ပြောပါတယ်။

 

Ref: Greece Mulls Selling 18 Phased-Out Mirages to India

 

#PeopleMedia


Share this post