• Follow Us on
Latest News

Home အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေး သောကြာနေ့အစည်းအဝေးတွင် ဆုံးဖြတ်မည်

အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေး သောကြာနေ့အစည်းအဝေးတွင် ဆုံးဖြတ်မည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈

 

နိုင်ငံတစ်ဝန်း အလုပ်ရှင်များကြား စီစဉ်ထားတဲ့အတိုင်း အောက်တိုဘာလ ၁ ရက်နေ့မှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေးအတွက် လာမယ့်သောကြာနေ့ (စက်တင်ဘာ ၂၀ ရက်နေ့) မှာ လုပ်ခလ စာကော်မတီက ဆွေးနွေးပွဲ ထပ်မံကျင်းပသွားမှာဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဖိဖတ်ရတ်ချာကစ်ပရာကန်က ပြောကြား လိုက်ပါတယ်။

 

အလုပ်သမား၊ အလုပ်ရှင်နဲ့ အစိုးရအဖွဲ့တို့ဆီက ကိုယ်စားလှယ်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ကော်မတီဟာ တနင်္လာ နေ့ (စက်တင်ဘာ ၁၆ ရက်နေ့) မှာတွေ့ဆုံခဲ့ကြပေမဲ့ အလုပ်ရှင်ကိုယ်စားလှယ်သုံးဦး မတက်ရောက်ခဲ့ဘဲ အ လုပ်သမားကိုယ်စားလှယ် ငါးဦးနဲ့ အစိုးရကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခဲ့ကြောင်း မစ္စတာဖိဖတ်က အင်္ဂါ နေ့က ပြောပါတယ်။

 

တခြားတွေ့ဆုံပွဲတွေရှိနေလို့ အလုပ်ရှင်ကိုယ်စားလှယ်တွေ မတက်ရောက်နိုင်ခဲ့တာဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးက ပြောပါတယ်။

 

ထိုင်းနိုင်ငံမှာ လက်ရှိအနိမ့်ဆုံးလုပ်ခဟာ သက်ဆိုင်ရာပြည်နယ်အလိုက် ဘတ် ၃၃၀ ကနေ ၃၇၀ ဝန်းကျင်ရှိပြီး အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်မှာကို ယေဘုယျအားဖြင့် အလုပ်ရှင်တွေက တောက်လျှောက်ဆန့် ကျင် လာခဲ့ကြတာဖြစ်ပါတယ်။

 

သောကြာနေ့ကျင်းပမယ့် အကြိုညှိနှိုင်းအစည်းအဝေးကို တက်ရောက်ဖို့ အလုပ်ရှင်ကိုယ်စားလှယ်တွေကို ထပ်မံ ဖိတ်ကြားသွားမှာဖြစ်ကြောင်း မစ္စတာဖိဖတ်က ပြောပါတယ်။

 

“မိမိတို့ အခွင့်အရေးရှိတဲ့အတိုင်း ဆောင်ရွက်နိုင်ဖို့အတွက် အစည်းအဝေးတက်ရောက်ဖို့ အလုပ်ရှင်ကိုယ်စား လှယ်ငါးဦးကို ကျွန်တော် တိုက်တွန်းပါတယ်။ တကယ်လို့ ဒုတိယအကြိမ် အစည်းအဝေးတက်ရောက်ဖို့ ပျက် ကွက်ခဲ့တယ်ဆိုရင် ၎င်းတို့ရဲ့အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီလို့ ကျွန်တော်တို့ မှတ်ယူသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

သောကြာနေ့ အစည်းအဝေးမှာ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေးကိစ္စအတွက် တက်ရောက်လာသူ အားလုံးရဲ့ မဲသုံးပုံတစ်ပုံနဲ့ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း ဝန်ကြီးက ပြောပါတယ်။

 

အနိမ့်ဆုံးလုပ်ခတိုးမြှင့်မှုကို အနည်းဆုံး လုပ်သား ၂၀၀ ဝန်းကျင်ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ စတင်ကျင့်သုံး ရမှာဖြစ်ပြီး အဆိုပါမူဝါဒကို အောက်တိုဘာလ ၁ ရက်နေ့မှာ စတင်ကျင့်သုံးသွားမယ်လို့ ယုံကြည်ကြောင်း ဝန် ကြီးက ပြောပါတယ်။

 

လုပ်ခတိုးမြှင့်သတ်မှတ်ရေးအတွက် ၎င်းတို့အနေနဲ့ အဆင်သင့်မဖြစ်သေးကြောင်း ကုန်သည်ကြီးများအသင်း၊ ထိုင်းစက်မှုလုပ်ငန်းများအသင်းနဲ့ ပြည်နယ်အလိုက်ရုံးခွဲများက ရေးသားထားတဲ့စာတွေကို လက်ခံရရှိထား ကြောင်း မစ္စတာဖိဖတ်က ပြောပါတယ်။

 

ဒါပေမဲ့ စားဝတ်နေရေးစရိတ်တွေ ကြီးမြင့်လာတဲ့အတွက် ဒီမူဝါဒကို အကောင်အထည်မဖော်ဘူးဆိုရင် လုပ် သားတွေဟာ ခက်ခဲပင်ပန်းစွာရုန်းကန်ရမယ်လို့ ယုံကြည်ကြောင်း ၎င်းက ပြောပါတယ်။

 

“အလုပ်ရှင်နဲ့ အလုပ်သမား အတူတကွ ဆက်လက်ခရီးဆက်နိုင်အောင် အကောင်းဆုံးနည်းလမ်းကို ကျွန်တော် တို့ ရှာဖွေရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Final minimum wage decision due Friday

 

#PeopleMedia


Share this post