• Follow Us on

Home အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေး သုံးပွင့်ဆိုင်ကော်မတီငြင်းပယ်

အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေး သုံးပွင့်ဆိုင်ကော်မတီငြင်းပယ်

Share this post

နိုင်ငံတကာ၊ မေ ၁၆

 

ထိုင်းနိုင်ငံမှာ အနိမ့်ဆုံးတစ်ရက်လုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေးကို သုံးပွင့်ဆိုင်ကော်မတီက ငြင်းပယ်လိုက် ကြောင်း အင်္ဂါနေ့ (မေလ ၁၄ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အစိုးရရဲ့ဖိအားပေးမှုကို ငြင်းပယ်ခဲ့ပြီးနောက် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့သက်ဆိုင်ရာပြည်နယ်အလိုက် သင့် တင့်မျှတတဲ့လုပ်ခကို လွတ်လပ်စွာသတ်မှတ်ခွင့်ရှိကြောင်း အဲဒီကော်မတီက ပြောပါတယ်။

 

အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ သတ်မှတ်ရေးနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနရဲ့အဆိုပြုချက်ကို ပတ်ချာ ဘူရီပြည်နယ်မှာ ခွင့်ပြုရာမှာ အစိုးရအဖွဲ့အစည်းအဝေးကျင်းပပြီးနောက် အခုလို သုံးပွင့်ဆိုင်ကော်မတီက ပြော ကြားလိုက်တာဖြစ်ပါတယ်။

 

အဆိုပြုထားတဲ့ အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ ဟာ သက်ဆိုင်ရာပြည်နယ်က စီးပွားရေးအခြေအနေနဲ့ လိုက်လျော ညီထွေရှိမရှိပေါ်မူတည်ပြီး လွှတ်တော်ရဲ့ဆုံးဖြတ်ချက်ကို ပြန်လည်ဖြေကြားဖို့ ပြည်နယ်လုပ်ခသတ်မှတ်ရေး ကော်မတီခွဲအသီးသီးကို ခွင့်ပြုဖို့ အလုပ်သမာဝန်ကြီးဌာန၊ လုပ်ငန်းရှင်များနဲ့ လုပ်သားများ ပေါင်းစပ်ဖွဲ့စည်းထား တဲ့ သုံးပွင့်ဆိုင်ကော်မတီက အင်္ဂါနေ့က ဆုံးဖြတ်ခဲ့ပါတယ်။

 

အစိုးရကသတ်မှတ်ထားတဲ့ အောက်တိုဘာ ၁ ရက်နေ့မှာ အဆိုပြုထားတဲ့အနိမ့်ဆုံးလုပ်ခ ဘတ် ၄၀၀ စတင် ပေးဆောင်ဖို့ဆိုတာလည်း လက်တွေ့ကျမကျ ပြည်နယ်လုပ်ခသတ်မှတ်ရေးကော်မတီခွဲတွေက ဆုံးဖြတ်ဖို့ သုံး ပွင့်ဆိုင်ကော်မတီက ခွင့်ပြုခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အလိုက် လုပ်ခသတ်မှတ်ရေးကော်မတီခွဲတွေဟာ ၎င်းတို့ရဲ့ထင်မြင်ယူဆချက် တွေကို ပင်မလုပ်ခသတ်မှတ်ရေးကော်မတီ (သုံးပွင့်ဆိုင်ကော်မတီ) ကို ဇူလိုင်လမတိုင်ခင် တင်ပြသွားလိမ့်မယ် လို့ ခန့်မှန်းထားပါတယ်။

 

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က အတည်ပြုခဲ့တဲ့ အနိမ့်ဆုံးလုပ်ခတွက်ချင်သတ်မှတ်ရေးကို ဖျက်သိမ်းဖို့အတွက် သုံးပွင့်ဆိုင်ကော်မတီက မဲပေးရွေးချယ်ခဲ့ရာ ခုနစ်မဲ/ ငါးမဲနဲ့ အနိုင်ရခဲ့တယ်လို့ဆိုပါတယ်။

 

အဲဒီမဲခွဲဆုံးဖြတ်ချက်အရ ပြည်နယ်အသီးသီးက လုပ်ခသတ်မှတ်ရေးကော်မတီခွဲတွေကို မိမိတို့ပြည်နယ်အ လိုက် ဖြစ်သင့်တဲ့လုပ်ခကို ဆုံးဖြတ်ဖို့ သုံးပွင့်ဆိုင်ကော်မတီက ခွင့်ပြုခဲ့တာဖြစ်ပါတယ်။

 

အင်္ဂါနေ့က ကျင်းပခဲ့တဲ့ သုံးပွင့်ဆိုင်ကော်မတီအစည်းအဝေးဟာ သဘောထားကွဲလွဲမှုတွေနဲ့ တင်းမာပြင်းထန် နေတဲ့အတွက် အစည်းအဝေးအပြီးမှာ ပူးတွဲကြေညာချက်တစ်ခုမှ မထုတ်ပြန်နိုင်ခဲ့သလို သတင်းစာရှင်းလင်းပွဲ လည်း မကျင်းပနိုင်ခဲ့ဘူးလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

 

Ref: Committee refuses B400 rate

 

#PeopleMedia


Share this post