အနောက်နိုင်ငံတွေကထောက်ပံ့တဲ့ စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းတပ်မ ၁၄ ခုအနက် ၄ ခုစာ ကိုတောင် လုံလောက်အောင် တပ်ဆင်မပေးနိုင်ကြောင်း ဇီလန်စကီးပြော
PUBLISHED - September 18, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၁၈
အနောက်နိုင်ငံတွေက လက်နက်ထောက်ပံမှုတွေဟာ မလုံလောက်ဘဲ နှေးကွေးလှတဲ့အတွက် ယူကရိန်းနိုင်ငံရဲ့ တပ်မ ၁၄ ခုအနက် တပ်မ ၄ ခုစာလောက်ကိုတောင် လက်နက်တပ်ဆင်ပေးနိုင်ခြင်းမရှိကြောင်း ယူကရိန်း သမ္မတ ဗလာဒီမာဇီလန်စကီးက ညည်းတွားပြောဆိုလိုက်ပါတယ်။
ယူကရိန်းကြည်းတပ်တွေဟာ စစ်လက်နက်ပစ္စည်းမပြည့်စုံတဲ့အတွက် ရုရှားထိုးစစ်တွေကို ခုခံကာကွယ်ရာမှာ မနည်းရုန်းကန်နေရကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က CNN သတင်းထောက် Fareed Zakaria နဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။
ယူကရိန်းအနေနဲ့ တစ်နိုင်ငံလုံး တိုက်ပွဲဝင်အသင့်ဖြစ်နေအောင် အနည်းဆုံး တပ်မ ၁၄ ခုစာ လက်နက်တပ်ဆင် ပေးဖို့လိုအပ်ပေမဲ့ အဲဒီပမာဏရဲ့ သုံးပုံတစ်ပုံလောက်ကိုတောင် ပြည့်ပြည့်စံုံစုံ လက်နက်တပ်ဆင်ပေးနိုင်ခြင်းမရှိ ဘူးလို့ ၎င်းက ပြောပါတယ်။
“ကျွန်တော်တို့ တပ်မ ၁၄ ခုစာ လက်နက်တပ်ဆင်ပေးဖို့ လိုပါတယ်။ အခုထိ မတပ်ဆင်ပေးနိုင်သေးပါဘူး။ တပ်မ ၁၄ ခုစာ အသာထားလို့ တပ်မ ၄ ခုစာတောင် လုံလောက်အောင် မတပ်ဆင်ပေးနိုင်သေးပါဘူး။ ဒါ့ ကြောင့် ဒရုန်းတွေကို ကျွန်တော်တို့ ပြည်တွင်းမှာ ထုတ်နေတာဖြစ်ပါတယ်။ မလုံလောက်သေးပေမဲ့ ကျွန်တော် တို့ တတ်နိုင်သလောက် ဆောင်ရွက်ခဲ့ပါတယ်။” လို့ ဇီလန်စကီးက ပြောပါတယ်။
ယူကရိန်းတပ်တွေဟာ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့ ရုရှားဘက်က ပြန် လည်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
အမေရိကန်စစ်လက်နက်ပစ္စည်းအကူအညီ ၈ လကြာ ပြတ်တောက်သွားတဲ့အတွက် ယူကရိန်းအရန်လက်နက် တွေ လျော့ပါးသွားခဲ့ရတယ်လို့ ဇီလန်စကီးက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလမတိုင်ခင်အထိ အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲမှာ ရပ်ဆိုင်းထားခဲ့တဲ့ ယူကရိန်းနိုင်ငံအ တွက်ထောက်ပံ့မယ့် ဒေါ်လာ ၆၁ ဘီလျံတန် စစ်ရေးအကူအညီတွေကို ဇီလန်စကီးက ရည်ညွှန်းပြောဆိုလိုက် တာဖြစ်ပါတယ်။
အဲဒီလိုကြားကာလ ပြတ်လပ်မှုတွေရှိနေတဲ့အတွက် ရုရှားတိုက်ခိုက်မှုကို ကာကွယ်နိုင်ဖို့ ယူကရိန်းတပ်တွေဟာ မိမိတို့မှာရှိသမျှအရာအားလုံးကို ထုတ်သုံးလိုက်ရတယ်လို့ ၎င်းက ပြောပါတယ်။
“လက်နက်တိုက်တွေ၊ ဂိုဒေါင်တွေထဲမှာ အရန်သိုမှီးထားတဲ့ စစ်လက်နက်ပစ္စည်းတွေ အားလုံးကို ကျွန်တော်တို့ ထုတ်သုံးခဲ့ရပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ယူကရိန်းနယ်မြေကို ကာကွယ်နေရတဲ့ တပ်မတွေဟာ စစ်လက်နက်ပစ္စည်းတစ်ဝက်လောက် မပြည့်မစုံနဲ့ တိုက်နေရတော့ အဆင်မပြေဘူးလို့ ဇီလန်စကီးက ပြောပါတယ်။
ရုရှားတပ်တွေက သံချပ်ကာတွေ၊ အမြောက်တွေကို ယူကရိန်းထက် ၁၂ ဆ ကျော်ပစ်ခတ်နိုင်တဲ့အချိန်မှာ ယူကရိန်းမှာ အဲဒီစစ်လက်နက်တွေ မလောက်ဘူးလို့ ၎င်းက ပြောပါတယ်။
ရုရှားသမ္မတဗလာဒီမာပူတင် စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ရောက်လာတာကို မြင်ချင်ရင် အနောက်နိုင်ငံတွေ အနေနဲ့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ပိုမိုထောက်ပံ့ဖို့လိုကြောင်းလည်း ၎င်းက ပြောပါတယ်။
Ref: Zelensky Says Western Aid ‘Can’t Even Equip 4 of 14’ Ukrainian Brigades
#PeopleMedia