• Follow Us on
Latest News

Home အနောက်နိုင်ငံတွေရဲ့နည်းပညာအကူအညီကြောင့် ဒရုန်းထုတ်လုပ်မှုမှာ ယူကရိန်းက ရုရှားထက် သာလွန်ခဲ့ ကြောင်း ယူကရိန်းပြော

အနောက်နိုင်ငံတွေရဲ့နည်းပညာအကူအညီကြောင့် ဒရုန်းထုတ်လုပ်မှုမှာ ယူကရိန်းက ရုရှားထက် သာလွန်ခဲ့ ကြောင်း ယူကရိန်းပြော

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၃

 

အနောက်နိုင်ငံတွေရဲ့ နည်းပညာပံ့ပိုးမှုကြောင့် ယူကရိန်းနိုင်ငံဟာ ရုရှားနိုင်ငံထက် ဒရုန်းထုတ်လုပ်မှုမှာ သာ လွန်အောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ယူကရိန်းလေတပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးယူရီအီနတ်က ပြောကြား လိုက်ပါတယ်။

 

“ဒရုန်းတွေ ပိုလျှံနေတယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ ဒီလက်နက်စနစ်တွေကို တိုးချဲ့ထုတ်လုပ်ဖို့ လိုအပ်ပါ တယ်။ ကျွန်တော်တို့အနေနဲ့ အနောက်တိုင်း နည်းပညာတွေရရှိနေတဲ့အတွက် ရုရှားထက် ပိုမိုသာလွန်အောင် ထုတ်လုပ်နိုင်တယ်လို့ ပြောနိုင်ပါတယ်။” လို့ အီနတ်စကားကို ကိုးကားပြီး The New Voice of Ukraine မီဒီ ယာက ပြောပါတယ်။

 

ယူကရိန်းနိုင်ငံမှာ နွေဦးကာလကတည်းကစပြီး ဒရုန်းထုတ်လုပ်မှု အစင်းရေ ၂၀၀ လေးဆအထိ မြင့်တက်လာခဲ့ စဉ်အတွင်း အခုလို အီနတ်ရဲ့ပြောစကားထွက်ပေါ်လာခဲ့တာဖြစ်ကြောင်း ဒစ်ဂျစ်တယ်လ်စနစ်ပြောင်းလဲရေးဝန် ကြီးဌာနဝန်ကြီး မစ်ခိုင်လိုဖက်ဒရိုဗ်က ပြောပါတယ်။

 

“ကျွန်တော်တို့ ရှေ့တန်းစစ်မျက်နှာမှာ ဒရုန်းတွေ ထပ်မံလိုအပ်ပါတယ်။” လို့ ဝန်ကြီးက ပြောပါတယ်။ “ဒါ့ကြောင့် ကျွန်တော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် ဒရုန်းတွေပိုမိုထုတ်လုပ်နိုင်အောင် စိတ်ကူးသစ်တွေ၊ အခွန်ကိစ္စတွေ၊ ရန်ပုံငွေမြှင့်တင်ရေးတွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ဆွဲဆောင်နိုင်မယ့်ကိစ္စတွေအတွက် တ ခြားဘာတွေလုပ်ဖို့ လိုမလဲဆိုတာကို ကျွန်တော်တို့ တောက်လျှောက် စဉ်းစားနေပါတယ်။” လို့ ၎င်းက ပြောပါ တယ်။

 

ယူကရိန်းနိုင်ငံဟာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးနည်းပညာနယ်ပယ်က ပါဝင်ပတ်သက်သူတွေအားလုံး ပူး ပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးတဲ့ Brave 1 အမည်ရှိ စီမံချက်လို စီမံချက်တွေနဲ့အတူ နိုင်ငံအတွင်း ဒရုန်း ထုတ်လုပ်မှုမြှင့်တင်ရေးကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ်။

 

ယူကရိန်းအစိုးရဟာ လာမယ့်နှစ်မှာ ယူကရိန်းထုတ်စစ်လက်နက်ပစ္စည်းတွေကို ဒေါ်လာ ၃ ဘီလျံဖိုးဝယ်ယူဖို့အ တွက် ကာကွယ်ရေးအသုံးစရိတ်ဘတ်ဂျက်ကို သုံးဆမြှင့်တင်ဖို့ စီစဉ်နေကြောင်း မဟာဗျူဟာမြောက်ထုတ်လုပ် ရေးဝန်ကြီး အလက်ဇန္ဒားကာမီရှင်က ပြောပါတယ်။

 

ယူကရိန်းနဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်း၊ ဗုံးကြဲခြင်းနဲ့ အမြောက် တွေကို ပစ်ခတ်ချေမှုန်းခြင်းတို့အပါအဝင် စစ်ဆင်ရေးတာဝန်များစွာထမ်းဆောင်ဖို့အတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ပွဲမှာ ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် အသုံးပြုခဲ့ကြပါတယ်။

 

ကနဦးက FPV ဒရုန်းခေါ် First Person View တွေကို အားထားခဲ့ရတဲ့ ယူကရိန်းနိုင်ငံဟာ အီလက်ထရောနစ် စစ်ဆင်ရေးလက်နက်တစ်ခုဖြစ်တဲ့ Backfire ဒရုန်းနဲ့ ကီလိုမီတာ ၈၀၀ (၄၉၇ မိုင်) အထိ ပျံသန်းနိုင်တဲ့ တာဝေး ပျံ Morok အသေခံဒရုန်းတွေလို နည်းပညာပိုမိုရှုပ်ထွေးမြင့်မားလာတဲ့ ခေတ်မီဒရုန်းတွေကို စတင်ထုတ်လုပ်လာ ပါတယ်။

 

ဒါ့အပြင် အီရန်အကူအညီနဲ့ ရုရှားကထုတ်လုပ်ထားတဲ့ Shahed 136 အသေခံဒရုန်းတွေကိုပုံစံယူပြီး အလားတူ ဒရုန်းတွေကို ယူကရိန်းနိုင်ငံက အများအပြား ထုတ်လုပ်ခဲ့ပါတယ်။

 

“Shahed 136 ပုံစံတူအသေခံဒရုန်းတွေကို ထုတ်လုပ်နေပြီး လက်ရှိအသုံးပြုနေတာကို မြင်နိုင်ပါတယ်။ အဲဒီ ဒရုန်းတွေကို ယူကရိန်းက ထုတ်လုပ်နေပါတယ်ဆိုပြီး ယူကရိန်းစက်ရုံတံဆိပ်ကပ်ပြီး ကျွန်တော်တို့ ဘယ်တော့ မှ ပြောမှာမဟုတ်ပါဘူး။ ဒါက လုံခြုံရေးဆိုင်ရာကိစ္စဖြစ်ပါတယ်။” လို့ မဟာဗျူဟာမြောက်ထုတ်လုပ် ရေးဝန်ကြီး အလက်ဇန္ဒားကာမီရှင်က ပြောပါတယ်။

 

Ref: Ukraine Could Leapfrog Russia in Drone Production: Air Force Spokesman

 

#PeopleMedia


Share this post