• Follow Us on

Home အနောက်ဘက်ကမ်းခြေက အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း

အနောက်ဘက်ကမ်းခြေက အယ်လ်ဂျာဇီးယားသတင်းဌာနရုံးကို အစ္စရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃

 

အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ သိမ်းပိုက်ခံအနောက်ဘက်ကမ်းခြေဒေသမှာရှိတဲ့ အယ်လ်ဂျာဇီယား သတင်းဌာနရုံး ကို တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၂ ရက်နေ့) က ဝင်ရောက်စီးနင်းခဲ့ပြီး ရုံးကို ၄၅ ရက်ကြာပိတ်ထားဖို့ အမိန့်ပေး ခဲ့ကြောင်း ကာတာအခြေစိုက် အယ်လ်ဂျာဇီးယား ရုပ်သံဌာနက ပြောပါတယ်။

 

ဗီဒီယိုဖိုင်ထဲမှာတော့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ အစ္စရေးစစ်သားတွေဟာ ရာမလာမြို့ထဲက အယ်လ်ဂျာဇီးယားမီဒီယာ ပရဝုဏ်ထဲကို ဝင်ရောက်လာတာတွေ့ရပါတယ်။

 

“အယ်လ်ဂျာဇီးယားရုံးကို ၄၅ ရက် ပိတ်ထားဖို့ တရားရုံးက အမိန့်စာတစ်စောင်ပါလာပါတယ်။ ရှိတဲ့ကင်မရာတွေ အားလုံးယူသွားပြီး ရုံးထဲကနေ ချက်ချင်းထွက်သွားပါ။” လို့ အစ္စရေးစစ်သားတစ်ဦးက အယ်လ်ဂျာဇီးယား သ တင်းဌာနရဲ့ အနောက်ဘက်ကမ်းခြေဗျူရို အကြီးကအဲ ဝါလစ်အယ်လ်အိုမာရီကို ပြောပါတယ်။

 

အစ္စရေးစစ်သားတွေဟာ ထရပ်ကားတစ်စီးနဲ့ ရောက်ချလာပြီး အထောက်အထားစာရွက်စာတမ်းတွေ၊ ပစ္စည်း ပစ္စယတွေနဲ့ ရုံးပိုင်ပစ္စည်းတွေကို သိမ်းယူသွားခဲ့တယ်လို့ အယ်လ်အိုမာရီကို ပြောပါတယ်။

 

မီဒီယာရုံးပိတ်ရတဲ့အကြောင်းရင်းကို အစ္စရေးစစ်သားတွေက မပြောဘူးလို့ အယ်လ်ဂျာဇီးယား သတင်းဌာနက ပြောပါတယ်။

 

မီဒီယာရုံးဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်ကို “ရာဇဝတ်မှုတစ်ခု” အဖြစ် အယ်လ်ဂျာဇီးယား မီဒီယာက ပြစ်တင်ရှုတ်ချ လိုက်ပြီး မိမိတို့မီဒီယာရဲ့ သတင်းထောက်တွေဘေးကင်းလုံခြုံရေးအတွက် အစ္စရေးအစိုးရမှာတာဝန်ရှိကြောင်း ပြောကြားလိုက်ပါတယ်။

 

မိမိတို့ အခွင့်အရေးတွေကို ကာကွယ်ဖို့ ဥပဒေဘောင်အတွင်းက လိုအပ်တာတွေ ဆောင်ရွက်သွားမှာဖြစ်ပြီး သ တင်းတွေ ဆက်လက်ဖော်ပြနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားမှာဖြစ်ကြောင်း အယ်လ်ဂျာဇီးယားမီဒီယာက ပြောပါ တယ်။

 

“အခုလို အစွန်းရောက်ပြင်းထန်တဲ့ဆောင်ရွက်မှုတွေနဲ့ အယ်လ်ဂျာဇီးယားအဖွဲ့က ပယ်ချပါတယ်။ ဒီလိုပဲ တရား ဥပဒေနဲ့မညီဘဲ ဝင်ရောက်စီးနင်းသိမ်းပိုက်တာကို ဥပဒေနဲ့ ညီကြောင်း ပြသဖို့အတွက် အစ္စရေးအာဏာပိုင်တွေ ပြောဆိုခဲ့တဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေကိုလည်း ပယ်ချပါတယ်။” လို့ မီဒီယာက ပြောပါတယ်။

 

မီဒီယာဝင်ရောက်စီးနင်းခဲ့တာကို ကြေညာချက်ထဲမှာ အတည်ပြုပြောကြားခဲ့တဲ့ အစ္စရေးဆက်သွယ်ရေးဝန်ကြီး ရှလိုမိုခါဟီက “အယ်လ်ဂျာဇီးယားသတင်းဌာနဆိုတာ ဂါဇာက ဟားမတ်စ်တွေနဲ့ လက်ဘနွန်က အီရန်ထောက် ပံ့ထားတဲ့ ဟစ်ဘိုလာတွေရဲ့ အာဘော်ကို သူတို့ကိုယ်စား ဖော်ပြပေးနေတဲ့ မီဒီယာပါ။” လို့ ပြောပါတယ်။

 

“ရန်သူ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ကျွန်တော်တို့ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်သလို ကျွန်တော်တို့ ရဲ့ သူရဲကောင်းတိုက်ခိုက်ရေးစစ်သည်တွေ ဘေးကင်းလုံခြုံဖို့အတွက် ဂရုတစိုက်ဆောင်ရွက်သွားမှာဖြစ်ပါ တယ်။” လို့ ၎င်းက ပြောပါတယ်။

 

အခုဆောင်ရွက်ချက်ဟာ အယ်လ်ဂျာဇီးယားနဲ့ ပတ်သက်ပြီး အစ္စရေးအစိုးရရဲ့ နောက်ဆုံးဆောင်ရွက်ချက်ဖြစ် ပါတယ်။

 

အယ်လ်ဂျာဇီးယားသတင်းဌာနကို အစ္စရေးနိုင်ငံထဲမှာ လုပ်ငန်းဆောင်ရွက်ခွင့်ပိတ်ပင်လိုက်ပြီး လေးလအကြာ မှာ နိုင်ငံတွင်းက အယ်လ်ဂျာဇီးယားသတင်းထောက်တွေကို မီဒီယာသတင်းထောက်တွေအဖြစ်အသိအမှတ်ပြု ထားတာ ပြန်လည်ရုပ်သိမ်းတော့မှာဖြစ်ကြောင်း အစ္စရေးအစိုးရက ပြီးခဲ့တဲ့အပတ်က ကြေညာခဲ့ပါတယ်။

 

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပါလက်စတိုင်းဂျာနယ်လစ်တွေနဲ့ ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်အစိုးရက အစ္စရေး ကို ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ကာတာအခြေစိုက် အယ်လ်ဂျာဇီးယားမီဒီယာက သတင်းထောက်တွေဟာ ဂါဇာအခြေစိုက် ဟားမတ်စ်စစ်သွေး ကြွတွေနဲ့ ၎င်းတို့ရဲ့မဟာမိတ် အစ္စလာမ်မစ် ဂျီဟတ် ဝါဒီတွေအတွက် “အကြမ်းဖက်ကိုယ်စားလှယ်တွေ” အဖြစ် အလုပ်လုပ်နေတာဖြစ်ကြောင်း အစ္စရေးစစ်တပ်က အကြိမ်ကြိမ် စွပ်စွဲပြောဆိုခဲ့ပါတယ်။

 

အစ္စရေးရဲ့ စွပ်စွဲချက်တွေကို အယ်လ်ဂျာဇီးယားသတင်းဌာနက ပယ်ချလိုက်ပြီး အစ္စရေးအစိုးရဟာ ဂါဇာကမ်း မြောင်ဒေသက ၎င်းတို့ရဲ့ဝန်ထမ်းတွေကို စနစ်တကျ ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ပြောပါတယ်။

 

Ref: Israeli military shuts down Al Jazeera bureau in West Bank raid

 

#PeopleMedia


Share this post