အနောက်အုပ်စု ယူကရိန်းစစ်မြေပြင်မှာ စစ်လာတိုက်ချင်ရင် ရုရှားဘက်က အဆင်သင့်ပဲလို့ လာဗရော့ဗ်ပြော
PUBLISHED - May 14, 2024
နိုင်ငံတကာ၊ မေ ၁၄
အနောက်နိုင်ငံတွေက ယူကရိန်းအတွက် စစ်မြေပြင်မှာတိုက်ပွဲဝင်ဖို့ လာရောက်တိုက်ခိုက်ချင်တယ်ဆိုရင် ရုရှား ဘက်က အဆင်သင့်ပဲလို့ ခေတ္တရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရာ့ဗ်က တနင်္လာနေ့ (မေလ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“ဒါက သူတို့အခွင့်အရေးပဲလေ။ စစ်မြေပြင်ကို လာချင်တယ်ဆိုရင်လည်း စစ်မြေပြင်မှာ တွေ့ကြတာပေါ့။” လို့ လာဗရော့ဗ်ရဲ့စကားကို ကိုးကားပြီး ရုရှားအစိုးရပိုင် RIA မီဒီယာက ဖော်ပြပါတယ်။
တစ်ချိန်ချိန်မှာ ယူကရိန်းစစ်မြေပြင်ကို အနောက်နိုင်ငံတပ်တွေ မလွှတ်ပါဘူးလို့ ပြောလို့မရကြောင်း ပြင်သစ် သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောကြားခဲ့တဲ့အတွက် နေတိုးအဖွဲ့နဲ့ ထိပ်တိုက်တွေ့ဆုံမယ့်အန္တရာယ်ကို ရုရှား နိုင်ငံက ပိုမိုသတိပေးခဲ့ပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေက တပ်ဖွဲ့ဝင်တွေကို ယူကရိန်းနိုင်ငံကို စေလွှတ်တာဟာ အလွန့်အလွန် အန္တရာယ်ကြီး မားကြောင်း ရုရှားအစိုးရက ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
အဲဒီလို နေတိုးတပ်တွေစေလွှတ်လိုက်ရင် တတိယကမ္ဘာစစ် ဖြစ်သွားနိုင်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင် က ပြောပါတယ်။
နိုင်ငံခြားရေးဝန်ကြီးအဖြစ် အနှစ်နှစ်ဆယ်တာဝန်ထမ်းဆောင်ခဲ့တဲ့ လာဗရော့ဗ်ဟာ အခုလမှာစတင်မယ့် ပူတင် ရဲ့ခြောက်နှစ်ကြာသက်တမ်းအတွက် ဖွဲ့စည်းလိုက်တဲ့ အစိုးရသစ်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် အမည်စာရင်း တင်သွင်းထားစဉ် ရုရှားလွှတ်တော်ထဲက ကြားနာပွဲမှာ စကားပြောခဲ့တာဖြစ်ပါတယ်။
လာမယ့်လမှာ ရုရှားကိုယ်စားလှယ်တွေမပါဘဲ ဆွစ်ဇာလန်မှာကျင်းပမယ့် ယူကရိန်းအရေးငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေနဲ့ပတ်သက်ပြီးတော့လည်း RIA က လာဗရော့ဗ်စကားကို ကိုးကားဖော်ပြခဲ့ပါတယ်။
ကျောင်းသားလေးတစ်ယောက် ကျောင်းခန်းထဲမှာမရှိဘဲ သူ့ကံကြမ္မာကို ဆရာတွေက ဆုံးဖြတ်နေတဲ့ “ကျောင်း သားအပြစ်ပေးဆုံးမှုမှု” နဲ့ တူနေတယ်လို့ လာဗရော့ဗ်က နှိုင်းယှဉ်ပြောကြားခဲ့ကြောင်း RIA က ပြောပါတယ်။
“ခင်ဗျားတို့ ဘယ်သူ့ကိုမှ အဲဒီလို သွားပြောလို့မရပါဘူး။ အထူးသဖြင့် ကျွန်တော်တို့ကိုပေါ့။ အဲဒီအစည်းအဝေး ဟာ သတ္တုချလိုက်ရင် ရုရှားနိုင်ငံကို ပြန်ပြီးတော့ ရာဇသံပေးလာတာပါပဲ။” လို့ လာဗရော့ဗ်က ပြောပါတယ်။
Ref: Russia ready if West wants to fight for Ukraine, Lavrov says
#PeopleMedia