• Follow Us on

Home အနှစ် ၃၀ အတွင်း တောင်ကိုရီးယားမှာ အိမ်ထောင်စုငါးစုထဲက တစ်စုမှာ အသက် ၈၀ အရွယ်နဲ့အထက် သက်ကြီးရွယ်အိုဟာ မိသားစုဝင်ငွေရှာသူ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း

အနှစ် ၃၀ အတွင်း တောင်ကိုရီးယားမှာ အိမ်ထောင်စုငါးစုထဲက တစ်စုမှာ အသက် ၈၀ အရွယ်နဲ့အထက် သက်ကြီးရွယ်အိုဟာ မိသားစုဝင်ငွေရှာသူ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်း

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၃

 

အသက် ၆၅ နှစ်နဲ့အထက် သက်ကြီးရွယ်အိုဦးရေ ၂၀% အထက် ကျော်လာပြီဖြစ်ပြီး ၂၀၂၅ ခုနှစ် မတိုင်ခင် သက်ကြီးရွယ်အိုအများဆုံးနိုင်ငံဖြစ်လာဖို့ တာစူနေတဲ့ တောင်ကိုရီးယားနိုင်ငံမှာ အိမ်ထောင်စုငါးစုထဲက တစ်စု မှာ အသက် ၈၀ ဒါမှမဟုတ် ၈၀ ထက်ကြီးတဲ့ သက်ကြီးရွယ်အိုတစ်ဦးဟာ အိမ်ထောင်အတွက် စီးပွားရှာသူဖြစ် လာလိမ့်မယ်လို့ မကြာသေးခင်က စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

 

အသက် ၈၀ နဲ့အထက် မိသားစုစီးပွားရှာဖွေသူဦးရေဟာ ၂၀၂၂ ခုနှစ် ၁.၁၉၄ သန်းရှိရာကနေ ၂၀၅၂ ခုနှစ်မှာ ၄.၈၇၆ သန်းအထိ မြင့်တက်သွားဖွယ်ရှိတယ်လို့ ခန့်မှန်းထားပြီး အဲဒီမြင့်တက်မှုပမာဏဟာ အနှစ် သုံးဆယ် အတွင်း လေးဆမြင့်တက်သွားခြင်းသွားခြင်းဖြစ်ကြောင်း ၂၀၂၂ – ၂၀၅၂ ခုနှစ်ကာလ အနာဂတ်မိသားစု စီမံ ချက်များဆောင်ရွက်နေတဲ့ Statistics Korea အဖွဲ့က တနင်္ဂနွေနေ့ (စက်တင်ဘာ ၂၂ ရက်နေ့) က ထုတ်ပြန် လိုက်ပါတယ်။

 

လူဦးရေတိုးတက်လာပြီးနောက် ဒုတိယမျိုးဆက် baby boomer အုပ်စုဟာ ဖော်ပြထားတဲ့ကာလမှာ အသက် ၈၀ နဲ့ အထက်ဖြစ်လာမှာဖြစ်တဲ့အတွက် အခု ခန့်မှန်းချက်ထွက်ပေါ်လာ တာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

ယေဘုယျအားဖြင့် ဒုတိယမျိုးဆက် baby boomer တွေကို ၁၉၄၆ – ၁၉၆၄ ကြားမွေးဖွားသူများအဖြစ် ရည် ညွှန်းဖော်ပြပေမဲ့ တောင်ကိုရီးယားနိုင်ငံက ဒုတိယမျိုးဆက် baby boomer တွေကို ၁၉၆၄ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ်ကြား မွေးဖွားသူ များအဖြစ် သတ်မှတ်ထားပါတယ်။

 

အခုမှန်းဆမှုဟာ အသက် ၈၀ နဲ့အထက် သက်ကြီးရွယ်အိုဦးဆောင်တဲ့ အိမ်ထောင်စုတွေဟာ နိုင်ငံရဲ့ စုစုပေါင်း အိမ်ထောင်စုတွေရဲ့ ၂၀.၉% ဖြစ်လာမှာဖြစ်ပြီး ၂၀၅၂ ခုနှစ်မှာ ၂၃.၂ သန်းခန့် ရောက်ရှိသွားမှာဖြစ်တယ်လို့ ခန့် မှန်းထားတာဖြစ်ပါတယ်။

 

အသက် ၈၀ နဲ့အထက် သက်ကြီးရွယ်အိုဦးဆောင်တဲ့ အိမ်ထောင်စုဟာ ၂၀၂၂ ခုနှစ်မှာ စုစုပေါင်း လူဦးရေရဲ့ ၅.၅% ရှိပါတယ်။

 

မိသားစုအတွက် စီးပွားရှာရတဲ့သူတွေအသက်ဟာ အသက် ၆၅ နှစ်နဲ့အထက် တိုးမြင့်လာတဲ့အချိန်မှာ နိုင်ငံတ ကာက သက်ကြီးရွယ်အိုတွေလို့ သတ်မှတ်ထားတဲ့ တောင်ကိုရီးယားနိုင်ငံထဲက အိမ်ထောင်စု ၁၁. ၇၈ သန်းထဲ က တစ်ဝက်လောက်ဟာ ၂၀၅၂ ခုနှစ်မှာ အသက် ၆၅ နှစ် နဲ့ အထက် သက်ကြီးရွယ်အိုတွေ ဖြစ်နေလိမ့်မယ်လို့ Statistics Korea အဖွဲ့ရဲ့ ခန့်မှန်းချက်ထဲမှာ ဖော်ပြထားပါတယ်။

 

၂၀၅၂ ခုနှစ်မှာ ဝင်ငွေရှာဖွေမယ့် အိမ်ထောင်ဦးစီးရဲ့ ပျှမ်းမျှအသက်ဟာ ၆၅.၄ နှစ် ရှိမယ်လို့ ခန့်မှန်းထားပါ တယ်။

 

တခြားဘက်မှာလည်း အသက် ၃၀ နဲ့ အောက်ငယ်ရွယ်တဲ့ ဝင်ငွေရှာဖွေသူ ဦးရေဟာ ၂၀၂၂ ခုနှစ်မှာ ၄.၉၈ သန်းရှိရာကနေ ၂၀၃၉ ခုနှစ်မှာ ၃ သန်းနဲ့ ၂၀၅၂ ခုနှစ်မတိုင်ခင် ၂.၇၄ သန်းအထိ လျော့ကျသွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

 

သက်ကြီးရွယ်အိုတွေဟာ ဆက်လက်အသက်ကြီးသွားမှာဖြစ်တဲ့အတွက် ၎င်းတို့ရဲ့ ဝင်ငွေနဲ့ ပိုင်ဆိုင်မှုတွေဟာ မလုံလောက်တော့ဘဲ ကိုရီးယားနိုင်ငံတွင်းမှာ ဆင်းရဲတဲ့သက်ကြီးရွယ်အို ပမာဏ မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက်မှာ ဖော်ပြပါတယ်။

 

Ref: One in five South Korean households will have breadwinner over 80 in 30 years: The Korea Herald via The Nation

 

#PeopleMedia


Share this post