• Follow Us on
Latest News

Home အပစ်ရပ် ၅ ရက်မြောက်ကာလမှာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အစ္စရေးနဲ့ ဟားမတ်စ် တစ်ဖက်နဲ့ တစ်ဖက်စွပ်စွဲ

အပစ်ရပ် ၅ ရက်မြောက်ကာလမှာ အပစ်ရပ်သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ အစ္စရေးနဲ့ ဟားမတ်စ် တစ်ဖက်နဲ့ တစ်ဖက်စွပ်စွဲ

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၉

 

အစ္စရေးနဲ့ ဟားမတ်စ်အဖွဲ့ဟာ ယာယီအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်နေကြတယ်လို့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်စွပ်စွဲခဲ့ကြပါတယ်။

 

အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို နောက်ထပ် နှစ်ရက် ထပ်မံတိုးမြှင့်ကြောင်း ကြေညာလိုက်ပြီး နောက် အင်္ဂါနေ့ (နိုဝင် ဘာလ ၂၈ ရက်နေ့) မှာ အပစ်အခတ်ရပ်စဲထားတာ ငါးရက်မြောက်နေ့ဖြစ်သွားပြီဖြစ် ပါတယ်။

 

ဒါပေမဲ့ အစ္စရေးတပ်တွေဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ပြီး မြေပြင်မှာ ဆက်လက် တိုးချဲ့တိုက်ခိုက်နေတယ်လို့ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက စွပ်စွဲသလို ဟားမတ်စ်တွေကလည်း အစ္စရေး တပ်ဖွဲ့ဝင်တွေအနီးမှာ ဗုံးဖောက်ခွဲတာတွေပြုလုပ်နေတယ်လို့ အစ္စရေးဘက်က ပြန်လည် စွပ်စွဲပါတယ်။

 

ဖမ်းဆီးခံဓားစာခံ ၂၄၀ ဝန်းကျင်ရှိတဲ့အနက် အခုအချိန်အထိ ဟားမတ်စ်တွေဘက်က ပြန်လွှတ်ပေးထားတာ ၆၉ ဦးရှိသွားပြီဖြစ်ပြီး အပစ်ရပ်ကာလ ထပ်မံတိုးမြှင့်ထားတဲ့အတွက် ဟားမတ်စ်တွေဘက်က နောက်ထပ်ဓားစာ ခံတွေ ထပ်မံလွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

 

ဓားစာခံ ၁၀ ဦး ပြန်လွှတ်ပေးတိုင်း လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ အပစ်ရပ်ကာလကို တစ်ရက် ထပ်မံတိုးမြှင့်သွားဖို့ စဉ်းစားထားတယ်လို့ အစ္စရေးဘက်က အစောပိုင်းက ပြောဆိုထားပေမဲ့ လက်ရှိအပစ် ရပ်တိုးမြှင့်ထားတဲ့ကိစ္စက အဲဒီပြောဆိုချက်နဲ့ ဆိုင်မဆိုင် ရှင်းရှင်းလင်းလင်း မသိရပါဘူး။

 

တပြိုင်တည်းမှာပဲ ဂါဇာကမ်းမြောင်ဒေသအတွက် အမေရိကန်နိုင်ငံက ပို့ဆောင်ပေးမယ့် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေတင်ဆောင်ထားတဲ့ ပထမဦးဆုံး အမေရိကန်စစ်ဘက်ဆိုင်ရာလေယာဉ် ၃ စင်း ဟာ အီဂျစ်နိုင်ငံကို ဆိုက်ရောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဂါဇာဒေသမှာ ဆောင်းဝင်လာတော့မှာဖြစ်လို့ ဆေးဝါးပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ ဆောင်းတွင်းအသုံးအ ဆောင်တွေ ထောက်ပံ့ဖို့အတွက် အမေရိကန်လေယာဉ်ဟာ အီဂျစ်နိုင်ငံ၊ ဆိုင်းနိုင်းကျွန်းဆွယ်မြောက်ပိုင်းကို ဆိုက်ရောက်လာမှာဖြစ်ကြောင်း အိမ်ဖြူတော်အဆင့်မြင့်အရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောပါတယ်။

 

ဂါဇာကမ်းမြောင်ဒေသမှာတော့ အစ္စရေးတို့ရဲ့ ဝေဟင်/မြေပြင်ထိုးစစ်ကြောင့် ပါလက်စတိုင်းလူမျိုး ၁၅,၀၀၀ ကျော်သေဆုံးသွားပြီဖြစ်ပြီး ၃၆,၀၀၀ ဒဏ်ရာရရှိထားကြောင်း ဟားမတ်စ်အစိုးရ မီဒီယာရုံးကပြောပါတယ်။

 

အစ္စရေးဘက်မှာတော့ အစ္စရေးလူမျိုး ၁၂၀၀ ဝန်းကျင်သေဆုံးပြီး ၆၉၀၀ ဒဏ်ရာရရှိထားကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

 

Ref: Israel and Hamas accuse each other of truce breaches on fifth day of temporary cease-fire

 

#PeopleMedia


Share this post