• Follow Us on

Home အပစ်အခတ်ရပ်စဲရေး ကုလအဆိုပြုချက် အမေရိကန်ပယ်ချလိုက်ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ဝေဟင်/ မြေပြင် အရှိန်မြှင့် ထိုးစစ်ဆင်

အပစ်အခတ်ရပ်စဲရေး ကုလအဆိုပြုချက် အမေရိကန်ပယ်ချလိုက်ပြီးနောက် အစ္စရေးက ဂါဇာဒေသကို ဝေဟင်/ မြေပြင် အရှိန်မြှင့် ထိုးစစ်ဆင်

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၁

 

ဂါဇာကမ်းမြောင်ဒေသမှာ လူသားချင်းစာနာထောက်ထားမှုအပစ်အခတ်ရပ်စဲရေးပြုလုပ်ဖို့ ကုလသမဂ္ဂရဲ့အဆိုပြု ချက်ကို အမေရိကန်အစိုးရက ပယ်ချလိုက်ပြီးနောက် စနေနေ့ (ဒီဇင်ဘာလ ၉ ရက်နေ့) က အစ္စရေးတပ်တွေက ဂါဇာဒေသကို လေကြောင်းကရော မြေပြင်ထိုးစစ်ကပါ အရှိန်မြှင့်တိုက်ခိုက်ခဲ့ပါတယ်။

 

ဟားမတ်စ်အဖွဲ့ဟာ တစ်စိတ်တစ်ပိုင်းပြိုလဲနေပြီဖြစ်ပြီး မိမိတို့တပ်တွေအနေနဲ့ ပိုမိုအရှိန်မြှင့်တိုက်ခိုက်ဖို့ လိုအပ် ကြောင်း အစ္စရေးစစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဟာဇီးဟလက်ဗီက ၎င်းရဲ့တပ်ဖွဲ့ဝင်တချို့ကို ပြောကြားလိုက်သလို ဂါဇာဒေသခံတွေကိုလည်း ခန်းယူနစ်မြို့လယ်ကနေ ထွက်ခွာသွားကြဖို့ အစ္စရေးစစ်တပ်က သတိပေးထားပါ တယ်။

 

ဂါဇာကမ်းမြောင်ဒေသဟာ ရောဂါဘယဘေး/ အငတ်ဘေးတို့နဲ့အတူ ကမ္ဘာပျက်မတတ်လူသားချင်းစာနာမှု အ ခြေအနေဆိုးနဲ့ ရင်ဆိုင်ရတော့မှာဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီကြားထဲမှာ လူ့အခွင့်အရေးအုပ်စုတွေက ပြင်းပြင်းထန်ထန်ဝေဖန်နေတဲ့ကြားက အစ္စရေးနိုင်ငံအတွက် အရေး ပေါ် စစ်လက်နက်ပစ္စည်းအကူအညီ ဒေါ်လာ ၁၀၆ သန်းဖိုး ရောင်းချပေးဖို့ အမေရိကန်အစိုးရက သဘောတူခွင့် ပြုလိုက်ပါတယ်။

 

“ပါလက်စတိုင်းတွေကို လူ့ဂုဏ်သိက္ခာကင်းမဲ့စွာဆက်ဆံနေကြခြင်းအားဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းဟာ ဂါဇာဒေသမှာ အစ္စရေးတေါ ဆက်လက်တိုက်ခိုက်ဖို့ ခွင့်ပြုပေးနေကြတယ်။ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ အဆိုး ရွားဆုံးအခြေအနေတွေကို မြင်တွေ့နေရပါတယ်။” လို့ ပါလက်စတိုင်းအရေးကုလ သမဂ္ဂအကြီးအကဲ ဖိလစ် ပီလက်ဇာရီနီက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသမှာ နိုဝင်ဘာလ ၁၈ ရက်နေ့က အမှတ်တံဆိပ်ပါတဲ့ ဘေး ကင်းလုံခြုံရာ ရွှေ့ပြောင်းပေးနေတဲ့ ယာဉ်တန်းတစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ Médecins Sans Frontières (MSF) ခေါ် နယ်စည်းမထားဆရာဝန်များအဖွ့ဲက စွပ်စွဲလိုက်ပါတယ်။

 

အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ရှီဖာဆေးရုံက စေတနာ့ဝန်ထမ်းသူနာပြုတစ်ဦးအပါအဝင် နယ်စည်းမ ထားဆရာဝန်များအဖွ့ဲ (MSF) ရဲ့ ဝန်ထမ်း ၂ ဦး သေဆုံးခဲ့ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က MSF က သတင်း ထုတ်ပြန်ခဲ့ပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က စတင်ခဲ့တဲ့ အစ္စရေး-ဟားမတ်စ် စစ်ပွဲကြောင့် အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ဟားမတ်စစ်တွေလက်ထဲမှာ ဓားစာခံ ၁၄၀ ဝန်းကျန် ကျန်ရှိနေဆဲဖြစ်သလို အစ္စရေးလက် တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာ ပါလက်စတိုင်းဦးရေ ၁၇၇၀၀ ကျော် သေဆုံးသွားပြီဖြစ်ပြီး လူဦးရေ ၁.၉ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

 

Ref: What we know: NBC/ CNN news/ The Defense Post news

 

#PeopleMedia


Share this post