အပစ်အခတ်ရပ်စဲရေး နှစ်ရက်ထပ်မံတိုးမြှင့်လိုက်ပြီး ဟားမတ်စ်အဖွဲ့က ဓားစာခံ ၁၁ ဦး ထပ်မံလွှတ်ပေးလိုက် သလို အစ္စရေးကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၃ ဦး ထပ်လွှတ်ပေး
PUBLISHED - November 28, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၈
အစ္စရေးနဲ့ ဟားမတ်စ်ကြားက ယာယီအပစ်အခတ်ရပ်စဲရေးကို နောက်ထပ်နှစ်ရက် ထပ်မံတိုးမြှင့်လိုက်ကြောင်း အဓိကစေ့စပ်ညှိနှိုင်းပေးတဲ့ ကာတာနိုင်ငံက တနင်္လာနေ့ (နိုဝင်ဘာလ ၂၇ ရက်နေ့) က ပြောကြားလိုက်ပါ တယ်။
မူလသတ်မှတ်ထားတဲ့ လေးရက်ကြာအပစ်ရပ်ကာလအတွင်း စတုတ္ထအသုတ်အဖြစ် အမျိုးသမီးနဲ့ ကလေးသူ ငယ်တွေပါဝင်တဲ့ အစ္စရေးဓားစာခံ နောက်ထပ် ၁၁ ဦးကို ဟားမတ်စ်အဖွဲ့က တနင်္လာနေ့ညက ပြန်လည်လွှတ် ပေးလိုက်ပါတယ်။
အလားတူ အင်္ဂါနေ့ မနက်အစောပိုင်းမှာ အစ္စရေးနိုင်ငံဘက်ကလည်း ပါလက်စတိုင်းအကျဉ်းသား ၃၃ ဦးကို အစ္စရေးအကျဉ်းထောင်ကနေ ထပ်မံ လွှတ်ပေးလိုက်ပြီး သိမ်းပိုက်ခံ အနောက်ဘက်ကမ်းခြေဒေသကို သွား ရောက်ခွင့်ပြုလိုက်ပါတယ်။
အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပါလက်စတိုင်းဦးရေ ၂.၃ သန်းရဲ့ လိုအပ်ချက် တွေကိုလျှော့ချဖို့အတွက် ခက်ခက်ခဲခဲဆောင်ရွက်ရမှာဖြစ်ကြောင်း ကူညီထောက်ပံ့ရေးအဖွဲ့တွေက ပြောဆိုနေ ပေမဲ့ ယာယီအပစ်အခတ်ရပ်စဲမှုကြောင့် လောင်စာဆီနဲ့ တခြားထောက်ပံ့ရေးပစ္စည်းတွေ ဂါဇာကမ်းမြောင်ဒေသ ကို ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။
တနင်္လာနေ့အထိ ဟားမတ်စ်အဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ ဓားစာခံဦးရေဟာ ၆၉ ဦးရှိပြီး အစ္စရေးလူမျိုး ၅၀ နဲ့ တခြားနိုင်ငံသား ၁၉ ဦးဖြစ်တယ်လို့ဆိုပါတယ်။
အလားတူ အစ္စရေးအကျဉ်းထောင်တွေက ပြန်လွှတ်ပေးလိုက်တဲ့ ပါလက်စတိုင်းဦးရေကလည်း ၁၅၀ ရှိသွား ပြီဖြစ်ပါတယ်။
အောက်တိုဘာလ ၇ ရက်နေ့ကတည်းက စတင်ဖြစ်ပွားခဲ့တဲ့စစ်ပွဲအတွင်း ဓားစာခံ ၂၄၀ ဝန်းကျင်အဖမ်းခံထားရ တာဖြစ်ပါတယ်။
အစ္စရေးဘက်က အစ္စရေးအကျဉ်းထောင်တွေထဲက ပါလက်စတိုင်းတစ်ဦး ပြန်လွှတ်ပေးနေချိန်မှာ ဂါဇာဒေသမှာ နှစ်ဦးသေဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ပွဲစတင်ကတည်းက ပါလက်စတိုင်းလူမျိုး ၁၃၃၀၀ ဦးကျော် သေဆုံးသွားပြီဖြစ်ပြီး အစ္စရေးလူမျိုး ၁၂၀၀ ဝန်း ကျင်သေဆုံးသွားပြီဖြစ်ပါတယ်။
Ref: Israel releases Palestinian prisoners and Hamas frees 11 hostages as truce extended
#PeopleMedia