• Follow Us on
Latest News

Home အပေါ့စွန်ရန် တံတားပေါ်သို့သွားရာခြေချော်ပြီး ပေ (၂၀) အမြင့်ရှိ တံတားပေါ်မှအောက်သို့ပြုတ်ကျပြီး လူ ၂ ဦး ဒဏ်ရာရရှိ

အပေါ့စွန်ရန် တံတားပေါ်သို့သွားရာခြေချော်ပြီး ပေ (၂၀) အမြင့်ရှိ တံတားပေါ်မှအောက်သို့ပြုတ်ကျပြီး လူ ၂ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၂

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၂၂၉/၆) ဖာလုံတွင် ဇန်နဝါရီလ ၁၁ ရက်နေ့၊ ည ၇ နာရီ ၅၅ အချိန်က အပေါ့စွန်ရန်တံတားပေါ်သို့ သွားရာ‌ခြေချော်ပြီး ပေ (၂၀) အမြင့်ရှိ တံတားပေါ်မှ အောက်သို့ ပြုတ်ကျ ပြီး လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသော Power Express ခရီးသည်ယာဉ်သည် မိုင် တိုင်အမှတ်(၂၂၉-၆)ဖာလုံတွင်ရှိသော တံတားအကျော် ခရီးသည်များ အပေါ့အပါးသွားရန် ကားကိုခတ္တရပ်တန့် စဉ် ယာဉ်ပေါ်မှ ကျား(၂)ဦးသည်၊ အပေါ့စွန်ရန် ကားပေါ်မှဆင်းကာ တံတားပေါ်သို့သွားရာ ‌ခြေချော်ပြီး ပေ (၂၀) အမြင့်ရှိတံတားပေါ်မှ အောက်သို့ မှောက်လျက်ပြုတ်ကျခဲ့ကြောင်း သိရသည်။

 

ပြုတ်ကျမှုကြောင့် ကျား(၂)ဦး ထိခိုက်ဒဏ်ရာများရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်ပိုင် လူနာတင်ယာဉ်ဖြင့် နေပြည်တော်ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post