• Follow Us on
Latest News

Home အပြီးသတ်အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း နတန်ယာဟုပြော

အပြီးသတ်အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ကြောင်း နတန်ယာဟုပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅

 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နတန်ယာဟုက အပြီးသတ်အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ် ကြောင်း အစ္စရေး-ဟားမတ်စ် စစ်ပွဲ ရက် ၁၀၀ မပြည့်ခင် တစ်ရက်အလို စနေနေ့ (ဇန်နဝါရီလ ၁၃ ရက်နေ့) က တဲလ်ဗီမြို့မှာ မိန့်ခွန်းပြောကြားစဉ်ထည့်သွင်းပြောကြားသွားပါတယ်။

 

အစ္စရေးအနေနဲ့ အဆုံးသတ်အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး သည်ဟိတ်(နိုင်ငံတကာ တရားရုံး)၊ မိစ္ဆာမဟာမိတ်အဖွဲ့တွေနဲ့ တခြားဘယ်သူကမှ အစ္စရေးကို တားဆီးလို့ရမှာ မဟုတ်ကြောင်း ဝန်ကြီး ချုပ် နတန်ယာဟုက ပြောပါတယ်။

 

ကျန်ရှိနေတဲ့ဓားစာခံတွေရဲ့ မိသားစုဝင်တွေနဲ့ ၎င်းတို့ကို ထောက်ခံသူတွေကတော့ အပစ်အခတ်ရပ်စဲဖို့ အစ္စ ရေးနိုင်ငံနဲ့ ကမ္ဘာတစ်ဝန်းမှာ ဆန္ဒပြတောင်းဆိုနေကြပါတယ်။

 

“ရက်ပေါင်း ၁၀၀ ရဲ့ နောက်ဆုံးနေ့မှာ လူတွေအစုလိုက်အပြုံလိုက်သေဆုံးနေတာတွေ၊ အဆောက်အအုံတွေ ပျက်စီးနေတာ၊ ဒုက္ခသည်တွေ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာ၊ ဆာလောင်မွတ်သိပ်နေတာ၊ ဥစ္စာပစ္စည်း တွေဆုံးရှုံးနေကြတာ၊ ပူဆွေးသောက ရောက်နေကြရတာတွေက ကျွန်တော်တို့ရဲ့ လူသားဆန်မှုဂုဏ်သိက္ခာကို ထိခိုက်နေပါတယ်။” လို့ ကုလသမဂ္ဂ ပါလက်စတိုင်းဒုက္ခသည်အဖွဲ့ရဲ့ အကြီးအကဲက ပြောပါတယ်။

 

ယီမင်နိုင်ငံက ဟူသီသူပုန်ပစ်မှတ်တွေကို အမေရိကန်နဲ့ ဗြိတိန်တို့ ပူးတွဲတိုက်ခိုက်ခဲ့သလို လက်ဘနွန်နယ်စပ် မှာ အစ္စရေးနဲ့ ဟစ်ဘိုလာတို့ အပြန်အလှန်ပစ်ခတ်နေကြတဲ့အတွက် ဒေသတွင်း တင်းမာမှုတွေပိုမိုမြင့်တက်လာ မှာကို စိုးရိမ်နေကြပါတယ်။

 

အောက်တိုဘာလ ၇ ရက်နေ့က တိုက်ပွဲအတွင်း အစ္စရေးဘက်က လူဦးရေ ၁၂၀၀ ဝန်းကျင်သေဆုံးခဲ့ပြီး ဓား စာခံ ၂၄၀ ဝန်းကျင်အဖမ်းခံခဲ့ရသလို မြေပြင်ထိုးစစ်အတွင်း အစ္စရေးစစ်သား ၁၈၆ ဦးကျဆုံးခဲ့ပါတယ်။

 

အစ္စရေးရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုကြောင့် ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး ၂၃၉၀၀ ဦး သေဆုံးသွားပြီဖြစ် ပြီး လူဦးရေ ၆၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့သလို လူဦးရေသန်းနဲ့ချီပြီး အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရပါတယ်။

 

Ref: 100 days of war prompts global outcry; Netanyahu vows to keep fighting

 

#PeopleMedia


Share this post