အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကိုထိခိုက်အောင်လုပ် ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ ပြောဆို
PUBLISHED - January 30, 2024
နေပြည်တော်၊ ဇန်နဝါရီ ၃၀
အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာတရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာ အောင်လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ညီညွတ်သည့် အားဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တစ်နိုင်ငံလုံးတွင်ရှိသည့် အခြေခံပညာကျောင်းများ၊ တက္က သိုလ်များ၊ ကောလိပ်များအားလုံး ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိသော်လည်း အချို့သော နယ်မြေများ၌ နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သည့် ကျောင်းများရှိကြောင်း၊ ဥပမာအားဖြင့် ကယား ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်တို့ရှိ အချို့ သောမြို့နယ်များ၌ လက်နက်ကိုင်အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း၊ မိမိတို့အနေဖြင့် အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ အားလုံးတတ်နိုင်သမျှ ဖွင့်လှစ် နိုင်ရေးဆောင်ရွက်ပေးထားသော်လည်း အဖျက်အမှောင့် လုပ်ရပ်များကို လုပ်ဆောင်သူများကြောင့် မဖွင့် လှစ်နိုင်ရခြင်းဖြစ်ကြောင်း ပြောဆိုသည်။
ထို့ကြောင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် များစွာထိခိုက်နစ်နာရလျက်ရှိကြောင်း၊ လာမည့် ဖေဖော် ဝါရီလ၊ မတ်လ တို့တွင်အခြေခံပညာစာမေးပွဲများ ကျင်းပတော့မည်ဖြစ်ပြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တာဝန် ရှိသူများ၊ အစိုးရအဖွဲ့မှ တာဝန်ရှိသူများအားလုံး အထူးအလေး ထားဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ရွာအကျိုးလိုလားသူများ အားလုံး အတူတကွ ဝိုင်းဝန်းပေါင်းစပ်၍ ဆောင်ရွက်ကြရန်လိုကြောင်း၊ စာသင်နှစ် တစ်နှစ်နစ်နာခြင်းသည် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနှင့် တိုင်းပြည် အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်သည့်အတွက် နစ်နာမှုမရှိရအောင် ဝိုင်းဝန်း ကြိုး ပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ပြောဆိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အဖျက်အမှောင့်လုပ်ဆောင်နေသူများအနေဖြင့် ကိုယ်ချင်းစာ တရားကင်းမဲ့စွာ၊ အသိဉာဏ်ခေါင်းပါးစွာဖြင့် ပညာရေးကို ထိခိုက်နစ်နာ အောင်လုပ်ဆောင်လျက်ရှိသော်လည်း မိမိတို့အနေဖြင့် ဝိုင်းဝန်းပူးပေါင်းညီညွတ်သည့် အားဖြင့် ပညာရေးကောင်းအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လက်ရှိအရေးကြီး သည်မှာ အခြေခံပညာကျောင်းစာမေးပွဲများအားလုံး အောင်မြင်စွာ ပြီးမြောက်စေရေး အုပ် ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့အစည်းများ၊ မြို့မိမြို့ဖများ၊ ကျောင်းသား၊ ဆရာ၊ မိဘများအားလုံး အင်ပြည့်အားပြည့်ဖြင့် ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်းဖြင့် ပြောဆိုခဲ့သည်။
#PeopleMedia