• Follow Us on
Latest News

Home အမရပူရမြို့တွင် ကုန်တင်ယာဉ်နှစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ရထားသံလမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

အမရပူရမြို့တွင် ကုန်တင်ယာဉ်နှစ်စီးပေါ်၌ တရားမဝင်သယ်ဆောင်လာသည့် ရထားသံလမ်းနှင့် ဆက်စပ် ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၃၀

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ ရတနာပုံတံတားအဆင်း ကုန်တင်ယာဉ်နှစ်စီးပေါ်၌ တရား မဝင်သယ်ဆောင်လာသည့် ရထားသံလမ်းနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးပူးပေါင်းအဖွဲ့မှ စစ်ဆေး တွေ့ ရှိခဲ့ကြောင်း သိရသည်။

 

ဇန်နဝါရီလ ၂၉ ရက် မွန်းလွဲပိုင်းတွင် စစ်ကိုင်းဘက်မှမန္တလေးသို့ မောင်းနှင်လာသည့် ကုန်တင်ယာဉ် အမှတ် 8D/7664 နှင့် 4f/4178 ပေါ်၌ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်ပါ (၃) ဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရ သည်။

 

ထိုတရားမဝင်တင်ဆောင်လာသည့် ကုန်တင်ယာဉ်နှစ်စီးပေါ်တွင် ၇၅ ပေါင် ရထားသံလမ်းအရှည်၊ အတို ဆိုဒ်မျိုးစုံ ၁၇၁ ချောင်း၊ စုစုပေါင်း အရှည် ၅၂၄ ပေနှင့် ရထားသံလမ်းထိန်း ကလစ် ၃၆၀၀ ဖြစ်ပြီး ကာလတန်ဖိုး ကျပ် ၁၁ သိန်းခန့်ဖြစ်ကြောင်း၊ ထိုတရားခံများကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post