• Follow Us on

Home အမရပူရမြို့နယ်တွင် ကျပ် ၁၆၆၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

အမရပူရမြို့နယ်တွင် ကျပ် ၁၆၆၇.၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၆

 

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ငွေကျပ် ၁၆၆၇.၅သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

 

ဒီဇင်ဘာလ ၂၄ ရက်နေ့ ၁၁နံနက် ၂၀အချိန် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက် သေများနှင့်အတူ အမရပူရမြို့နယ်၊ စည်ပင်ကျေးရွာ၊ ၆၁ လမ်း၊ ၁၄၂ x ၁၄၃ လမ်းကြားတွင် ရပ်တန့်ထား သည့် NISSAN အမျိုးအစား ၁၂ ဘီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ ဖြိုးဝေယံ(ခ)လွန်ပါး၊ ခမ်း လျှင်းမှုံတို့နှင့်အတူ ဘိန်းဖြူအလေးချိန် ၁.၈၇ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၄၆၇.၅ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၂၀၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးဝေယံ(ခ)လွန်ပါး ၂၈နှစ် နှင့် ခမ်းလျှင်းမှုံ ၂၃နှစ်တို့အား မြစ်ငယ် နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေး ယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post