အမရပူရမြို့နယ်တွင် အမျိုးသမီး ၁ ဦး ရေတွင်းထဲခုန်ချ
PUBLISHED - December 5, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်၌ ယနေ့ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်က အမျိုးသမီး ၁ ဦး ရေတွင်းထဲခုန်ချရာမှ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး)မှ သိရသည်။
အမရပူရမြို့နယ်၊ မှန်တန်းရပ်ကွက်၊ ဝါးတန်းမြောက်ရပ်၌ အသက် (၂၀) ခန့်အရွယ်ရှိ အမျိုးသမီး ၁ ဦးသည် ရေတွင်းထဲ ခုန်ချသွားခဲ့ကြောင်း သိရသည်။
ခုန်ချသွားသူ အမျိုးသမီးအလောင်းအား မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ဆယ်တင်ပေးခဲ့ကြောင်းနှင့် သေဆုံးသူ ရုပ်အလောင်းအား မေတ္တာမြင့်မိုရ်အသင်း လူနာတင်ယာဉ်ဖြင့် အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
#PeopleMedia