အမရပူရမြို့နယ် နှာပေါက်တိုးဂိတ်အနီးတွင် ယာဉ် ၄ စီးဆင့်တိုက်မှုဖြစ်ပွား
PUBLISHED - February 23, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား (ဧရာဝတီ)အဆင်း၊ နှာပေါက်တိုးဂိတ်အနီးတွင် ယနေ့ နံနက် ၈ နာရီ ၄၈ အချိန်ခန့်က ယာဉ် ၄ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ အမရပူရမြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ စစ်ကိုင်း-မန္တလေးလမ်း၊ ရတနာပုံတံတား(ဧရာဝတီ) အဆင်း၊ နှာပေါက်တိုးဂိတ်အနီးတွင် MISUBISHI CANTER အမျိုးအစား(၆)ဘီး(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်ကာ လမ်းကြောတူ ရှေ့ရှိ SUZUKI CARRY အမျိုးအစား(အဖြူရောင်)ယာဉ်အား တိုက်မိခဲ့၊ ထိုယာဉ်မှတစ်ဆင့် Super Custom အမျိုးအစား(အညိုရောင်)ယာဉ်အား ဆက်လက်တိုက်မိခဲ့၊ ထိုယာဉ်မှ တစ်ဆင့် NISSAN (၁၂)ဘီး (ခဲရောင်)ယာဉ်အား ဆက်လက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယာဉ်ဆင့်တိုက်မှုတွင် MISUBISHI CANTER ယာဉ်မှ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦး ယာဉ်ခေါင်းခန်းတွင် ညပ်နေကြောင်း သတင်းရရှိသဖြင့် အမရပူရမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ ဘုံးအိုး အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နံနက် ၉ ၀၅ အချိန်တွင် ယာဉ်ခေါင်းခန်းတွင် ညပ်နေသူ အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရ(မစိုးရိမ်ရ)အား ကယ်ထုတ်နိုင်ခဲ့ပြီး သံဝေဂဉာဏလူမှုကူညီရေး အသင်းယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#PeopleMedia