အမရပူရမြို့နယ်၊ ပြင်ဦးလွင်အတက်၌ မိုင်းလာထောင်သူ အမျိုးသားတစ်ဦး မိုင်းကွဲသေဆုံး
PUBLISHED - December 2, 2021
မန္တလေး၊ ဒီဇင်ဘာ ၂ (People Media)
မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်အတက် ကားလမ်း (၃) မိုင်အကွာရှိ တံတားတစ်ခုပေါ်တွင် ယနေ့ နံနက်အစောပိုင်းက မိုင်းထောင်သူ အမျိုးသားတစ်ဦး မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများ ထံမှ သိရသည်။
သေဆုံးသူ အမျိုးသားမှာ ပြင်ဦးလွင်အတက် တံတားပေါ် ညာဘက်ဘေးတွင် မိုင်းထောင်ခဲ့ရာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ထိုသို့ ပေါက်ကွဲမှုကြောင့် ၎င်းအမျိုးသားမှာ ဦးခေါင်း၊ ခါးနှင့် ဒူးများတွင် ဒဏ်ရာများရရှိကာ နေရာ၌ပင် သေဆုံးနေကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် တံတားပေါ်ရှိ လျှောက်လမ်းတွင် အနည်းငယ် ထိခိုက်ပျက်စီးခဲ့သော်လည်း လမ်းသွားလမ်းလာယာဉ်များ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။
#PeopleMedia #မန္တလေးတိုင်း
(unicode)
……………………………………………………
မန်တလေး၊ ဒီဇငျဘာ ၂ (People Media)
#PeopleMedia #မန်တလေးတိုငျး