အမျိုးသမီးစစ်သည်များကို ဗီဒီယိုချောင်းရိုက်သဖြင့် အစ္စရေးအရာရှိ ဖမ်းဆီးခံရ

PUBLISHED - November 25, 2021
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅ (People Media)
အမျိုးသမီးစစ်သည်များကို ဗီဒီယိုချောင်းရိုက်ခြင်းအပါအဝင် လိင်ပိုင်းဆိုင်ရာစော်ကားမှုကျူးလွန်ခဲ့သည် ဟူ သောစွပ်စွဲချက်ဖြင့် အစ္စရေးတပ်မတော်မှ အရာရှိတစ်ဦးအား လွန်ခဲ့သည့်သီတင်းပတ်နှစ်ပတ်အတွင်းက ဖမ်း ဆီးခဲ့ပြီး ယင်းအမှုနှင့်ပတ်သက်၍ လူသိရှင်ကြားပြောဆိုခြင်းကိုကန့်သတ်တားမြစ်ထားသည့်အမိန့်အား ဗုဒ္ဓဟူး နေ့ (နိုဝင်ဘာလ ၂၄) ရက်နေ့က ပြန်လည်ရုပ်သိမ်းလိုက်သည်။
ဘာဟက် ၆ စစ်အခြေစိုက်စခန်း တပ်မတော်ယာဉ်မောင်းသင်တန်းကျောင်းမှ ဒုတိယဗိုလ်မှူးကြီး ဒန်ရှာရိုနီကို ကိုယ်ရေးကိုယ်တာချိုးဖောက်မှုအပါအဝင် ပြစ်မှုများစွာဖြင့် စွပ်စွဲခံထားရသည်။
လွန်ခဲ့သည့်လေးငါးနှစ်အတွင်း ၎င်းတာဝန်ထမ်းဆောင်ခဲ့သည့် အခြားစစ်စခန်းများတွင်လည်း ဒုတိယဗိုလ်မှူး ကြီးဒန်ရှာရိုနီသည် လျှို့ဝှက်ကင်မရာဖြင့် အမျိုးသမီးစစ်သည်များကို ဗီဒီယိုချောင်းရိုက်ခဲ့ကြောင်း စွပ်စွဲခံထားရ သူဖြစ်သည်။
၎င်း၏ကင်မရာအချို့ကို မိုဘိုင်းဖုန်းအားသွင်းကိရိယာများအဖြစ် ပုံဖျက်ဖုံးကွယ်ထားခဲ့သည်ဟုဆိုသည်။ ဒန်ရှာရို နီသည် အရပ်သားအမျိုးသမီးများအပေါ်တွင်လည်း အလားတူပြစ်မှုမျိုးကျူးလွန်ခဲ့ကြောင်း Channel 12 သတင်းဌာနကဖော်ပြခဲ့သည်။
ဒန်ရှာရိုနီသည် ၎င်းအုပ်ချုပ်ကွပ်ကဲမှုအောက်တွင်ရှိသော အမျိုးသမီးစစ်သည်များ၏ မဖွယ်မရာပုံများကို ၎င်း၏ ကိုယ်ပိုင်ဆဲလ်ဖုန်းအတွင်း လွှဲပြောင်းပေးပို့ထားမှုဖြင့်လည်း စွပ်စွဲခံထားရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တဲလ်ဗီမြို့ရှိ ကီရာယာကြည်းတပ်စခန်းအတွင်းရှိ အထူးစစ်ခုံရုံးသို့ ဒန်ရှာရိုနီကို ပို့ ဆောင်ခဲ့သည်။
ဒန်ရှာရိုနီ၏အမှုတွင် အနည်းဆုံး အမျိုးသမီး ၁၅ ဦး ပါဝင်ပတ်သက်ကြောင်း၊ ယင်းအရေအတွက်ထက်လည်း ပို နိုင်ကြောင်း Kan သတင်းဌာနကပြောသည်။ အစ္စရေးတပ်မတော်မှ တပ်ထိန်းများက ယင်းအမှုကို ကိုင်တွယ် ဆောင်ရွက်နေကြောင်းသိရသည်။
“ရှာရိုနီဟာ ငါးနှစ်အတွင်းမှာ မိန်းကလေး ၃၀ ကျော်ကို ဗီဒီယိုချောင်းရိုက်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ကျွန်မကတော့ အဲဒီအထဲက တစ်ယောက်ပေါ့” ဟု ရှာရိုနီ၏ သားကောင်ဖြစ်ခဲ့သူမိန်းကလေးများထဲကမှ အမျိုးသမီးတစ်ဦးက လူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။
သူမအနေဖြင့် ရှာရိုနီကို ဖခင်တစ်ယောက်သဖွယ်၊ မိတ်ဆွေတစ်ဦးသဖွယ်၊ အရည်အချင်းရှိသောခေါင်းဆောင် ကောင်းတစ်ဦးသဖွယ်ရှုမြင်ခဲ့သော်လည်း သူမထင်သလိုမဟုတ်ခဲ့ကြောင်း ၎င်းကပြောသည်။
“လွန်ခဲ့တဲ့တစ်လလောက်က ကွာရန်တီးဝင်တယ်ဆိုပြီး သူ့အခန်းထဲကို ကျွန်မကိုဝင်ခိုင်းတယ်။ သူ့အခန်းထဲ လည်းရောက်ရော အပြင်ကတစ်ခုခုနဲ့ဆက်သွယ်ထားတဲ့ အားသွင်းကိရိယာလေးငါးခုကိုတွေ့လိုက်ရတယ်။ သူက အဲဒီအားသွင်းကိရိယာတွေကို ဖြုတ်မပစ်ဖို့ ကျွန်မကိုပြောတယ်။ နောက်တော့မှ အဲဒါ တစ်ခုခုနဲ့ဆက် သွယ်ထားတဲ့ကင်မရာတွေဆိုတာသိလိုက်ရတယ်။ အိပ်ရာရှေ့မှာ ကင်မရာတစ်လုံး၊ ရေပန်းခရားမှာကင်မရာ တစ်လုံး၊ ရေချိုးခန်းထဲမှာ ကင်မရာတစ်လုံး တခြားနေရာတွေမှာလည်း ကင်မရာတွေတွေ့ရတယ်။” ဟု ၎င်း ကပြောသည်။
ယင်းကင်မရာများဖြင့် သူမအဝတ်လဲနေစဉ်၊ ရေချိုးနေစဉ်၊ မျက်နှာသုတ်ပဝါဖြင့်ရေသုတ်နေစဉ်၊ အိပ်ပျော်နေစဉ် ဓာတ်ပုံရိုက်ယူခဲ့ကြောင်း၊ အခြားမိန်းကလေးများ၏ ဖုန်းများကိုလည်း ရှာရိုနီက ခိုးယူဝင်ရောက်ပြီး ဓာတ်ပုံများရ ယူခဲ့ကြောင်း၊ ယင်းမိန်းကလေးများကိုလည်း ဗီဒီယိုခိုးရိုက်ခဲ့ကြောင်း ၎င်းကပြောသည်။
Ref: IDF officer arrested on suspicion of secretly filming female soldiers
#PeopleMedia
(unicode)
……………………………………………………
Ref: IDF officer arrested on suspicion of secretly filming female soldiers
#PeopleMedia