• Follow Us on

Home အမေရိကန်ကာကွယ်ရေးဝန်ကြီး အာရှမဟာမိတ်နိုင်ငံတွေကို အားပေးစကားပြောမည်

အမေရိကန်ကာကွယ်ရေးဝန်ကြီး အာရှမဟာမိတ်နိုင်ငံတွေကို အားပေးစကားပြောမည်

Share this post

နိုင်ငံတကာ၊ မေ ၃၀

 

အမေရိကန်အစိုးရဟာ အစ္စရေးရဲ့ဂါဇာစစ်ပွဲနဲ့ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို အဓိကအာရုံစိုက်နေကြောင်း ကျွမ်းကျင်သူတွေက ပြောပေမဲ့ အမေရိကန်ဟာ ဒေသတွင်း တရုတ်နိုင်ငံကို တုံ့ပြန်ရင်ဆိုင်ဖို့ သံန္နိဋ္ဌာန်ချထားပြီး ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က အားပေးစကားပြောကြားသွားမှာဖြစ်တယ်လို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

 

အခုသီတင်းပတ်အတွင်း နှစ်ပတ်လည် ရှန်ဂရီလာလုံခြုံရေးဆွေးနွေးပွဲတက်ရောက်ဖို့ စင်္ကာပူကို ရောက်ရှိလာ မယ့် သြစတင်က ဘေးပန်းအစည်းအဝေးမှာ ဒေသတွင်းကာကွယ်ရေးဝန်ကြီးတွေနဲ့ တွေ့ဆုံစဉ်မှာ တရုတ်နဲ့ တင်းမာမှုတွေ ပြေလျော့အောင် ကြိုပမ်းသွားမှာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော်ထင်ပါတယ် ကျွန်တော်တို့ဟာ အာရှတိုက်ကို ကျွန်တော်တို့အာရုံစိုက်ဖို့လိုအပ်သလောက် အာရုံမ စိုက်ခဲ့ဘူးဆိုတာ ငြင်းမရဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ အတိတ်ကစွမ်းဆောင်ရည်နဲ့ လက်ရှိကာလစွမ်း ဆောင်ရည်မတူပါဘူး။ တရုတ်ရဲ့လက်ရှိ စစ်ရေးအင်အားတည်ဆောက်မှုကို ကျွန်တော်တို့ လိုက်မမီဘူးဆိုတာ အလွန်ထင်ရှားပါတယ်။” လို့ ထရမ့်လက်ထက်က ပင်တဂွန်စစ်ဌာနချုပ်ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သူ အဲလ်ဘရစ်ကိုးလ်ဘီက ပြောပါတယ်။

 

အမေရိကန်အစိုးရဟာ ယူကရိန်းအတွက် စစ်ရေးအကူအညီအဖြစ် ဒေါ်လာဘီလျံပေါင်းများစွာ ထောက်ပံ့ခဲ့သ လို ပြီးခဲ့တဲ့လကလည်း အမေရိကန်ကွန်ဂရက်လွှတ်တော်က ဒေါ်လာ ၆၁ ဘီလျံကို ယူကရိန်းစစ်ရေးအကူအညီ အတွက် ခွင့်ပြုခဲ့ပါတယ်။

 

အလားတူ အစ္စရေးကိုလည်း ပုံမှန်စစ်ရေးထောက်ပံ့မှုအပြင် အပိုဆောင်းအဖြစ် ဒေါ်လာ ၂၆ ဘီလျံ ထပ်မံ ထောက်ပံ့သွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် အမေရိကန်လွှတ်တော်အမတ်တွေပြဋ္ဌာန်းလိုက်တဲ့ ထပ်ဆောင်းရန်ပုံငွေဥပဒေကြမ်းရဲ့အစိတ်အပိုင်း တစ်ရပ်အဖြစ် အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်ကို ရင်ဆိုင်ဖို့အတွက် ဒေါ်လာ ၈ ဘီလျံကို သီးသန့်ဖယ်ထားပါ တယ်။

 

ကာကွယ်ရေးဝန်ကြီး သြစတင်ဟာ စင်္ကာပူအစည်းအဝေးမှာ မိန့်ခွန်းပြောတဲ့အခါ ဒေသတွင်း မဟာမိတ်နိုင်ငံ တွေအကြောင်းကို ထည့်သွင်းပြောဆိုသွားမှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦးက ပြောပါတယ်။

 

“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျွန်တော်တို့ရရှိခဲ့တဲ့ ကြီးမားတဲ့အောင်မြင်မှုတွေကတစ်ဆင့် ကျွန်တော်တို့ရဲ့ဆောင် ရွက်ချက်တွေက စကားပြောပါတယ်။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ဆက်လက်တိုးချဲ့တည်ဆောက်ခဲ့ တယ်။ ကျွန်တော်တို့တပ်တွေ စိတ်ဓာတ်ခွန်အား၊ အင်အား၊ တပ်အသင့်ဖြစ်မှုတွေကို မြှင့်တင်ခဲ့တယ်။ လိုအပ် တဲ့ စစ်လက်နက်ပစ္စည်းတွေရရှိဖို့ ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။” လို့ အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။

 

သြတေးလျ၊ ဗြိတိန်၊ အမေရိကန်တို့ရဲ့ သုံးပွင့်ဆိုင် AUKUS ကာကွယ်ရေးစီမံချက်နဲ့ ဖိလစ်ပိုင်မှာ စစ်စခန်းတွေ ဖွင့်လှစ်ဖို့ တိုးချဲ့ဆောင်ရွက်နေတာတွေဟာ ဒေသတွင်း တိုးတက်လာတဲ့လက္ခဏာတွေဖြစ်ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က ထောက်ပြပါတယ်။

 

ဒါပေမဲ့ ထိုင်ဝမ်သမ္မတလိုင်ချင်တီး ကျမ်းသစ္စာကျိန်ဆိုပွဲပြီးတဲ့နောက် ထိုင်ဝမ်ကို အပြစ်ပေးတယ်ဆိုပြီး လက် နက်တွေအကြီးအကျယ်တပ်ဆင်ထားတဲ့ စစ်လေယာဉ်တွေစေလွှတ်ပြီး ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှာ စစ်ရေး လေ့ကျင့်မှုလုပ်ခဲ့တဲ့ တရုတ်အစိုးရဟာ လတ်တလောကာလတွေမှာ ပိုမိုရဲတင်းလာကြောင်း အမေရိကန်အရာရှိ တချို့က ပြောပါတယ်။

 

Ref: In Asia, Pentagon chief Austin seeks to reassure allies and cool China tensions

 

#PeopleMedia


Share this post