အမေရိကန်ကို နျူလက်နက်တွေနဲ့ဝိုင်းပြီး ကျူးဘားဒုံးကျည်အရေးအခင်းလိုဖြစ်ရပ် ဖန်တီးဖို့ ပူတင် ကြံစည် နေဟုဆို
PUBLISHED - June 7, 2024
နိုင်ငံတကာ၊ ဇွန် ၇
ရုရှားသမ္မဗလာဒီမာပူတင်ဟာ ၎င်းတို့နိုင်ငံရဲ့ဖျက်အားပြင်းလက်နက်တွေကို ကမ္ဘာတစ်ဝန်းတပ်ဖြန့်ချထားမယ် ဆိုတဲ့ ခြိမ်းခြောက်မှုနဲ့အတူ ကျူးဘားဒုံးကျည်အရေးအခင်းသစ်တစ်ခုဖန်တီးဖို့ ခြိမ်းခြောက်နေကြောင်း စစ်ရေး ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ရာမှာ အနောက်အုပ်စုထောက်ပံ့ထားတဲ့လက်နက်တွေကို အသုံးပြုဖို့ ယူ ကရိန်းကို အနောက်နိုင်ငံတွေကခွင့်ပြုလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားအစိုးရကလည်း အနောက်အုပ်စုရဲ့ ရန်သူနိုင်ငံတွေကို လက်နက်တွေထောက်ပံ့နိုင်တယ်လို့ သမ္မတပူတင်က ဗုဒ္ဓဟူးနေ့ (ဇွန်လ ၅ ရက်နေ့) က ပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့နိုင်ငံအတွင်းပိုင်းထဲကို တိုက်ခိုက်ဖို့ အဲဒီလိုလက်နက်တွေကို ပို့ဆောင်ပေးလို့ရတယ်လို့ သူတို့ ဘက်က စဉ်းစားထားရင် ကျွန်တော်တို့ဘက်ကလည်း သူတို့ရဲ့ရန်သူနိုင်ငံတချို့ကို အဲဒီလိုလက်နက်တွေပို့ ဆောင်ပေးလို့ရတဲ့ အခွင့်အရေးရှိတယ်လေ။ ကျွန်တော်တို့ ဒီအတွက် စဉ်းစားသွားမှာပါ။” လို့ ပူတင်က သ တင်းထောက်တွေကို ပြောပါတယ်။
နျူကလီးယားစစ်ပွဲဖြစ်တော့မလားလို့ တစ်ကမ္ဘာလုံးစိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ ၁၉၆၂ ခုနှစ်က ကျူးဘားဒုံးကျည်အ ရေးအခင်းနဲ့ အလားသဏ္ဍန်တူတဲ့ အခြေအနေတစ်ရပ်ကို ဖန်တီးဖို့ ပူတင်ခြိမ်းခြောက်နေတယ်လို့ ကာကွယ်ရေး နဲ့ လုံခြုံရေးဆန်းစစ်လေ့လာသူ နစ်ကလပ်စ်ဒရမ်မွန်းဒ်က ပြောပါတယ်။
“ကျူးဘားဒုံးကျည်အရေးအခင်း နောက်တစ်ခုလို ဖန်တီးဖို့ သူခြိမ်းခြောက်နေတာပါ။ ကျွန်တော်တို့ လက်နက် တွေမရှိတဲ့နေရာတွေမှာ နည်းဗျူဟာမြောက်ခရုစ်ဒုံးကျည်တွေ၊ နျူကလီးယားလက်နက်တွေနဲ့ ဖျက်အားပြင်း လက်နက်တွေ တပ်ဖြန့်ချထားဖို့ ခြိမ်းခြောက်နေတာ။” လို့ ၎င်းက ပြောပါတယ်။
“လက်နက်တွေ ဘယ်ကရမလဲ၊ ဘယ်ကလာသလဲဆိုတဲ့အပေါ်မူတည်ပါတယ်။ ရုရှားလက်နက်တိုက်ထဲက ခရုစ်ဒုံးကျည်တွေက အများအပြားလျော့ပါးနေပါပြီ။ ခြုံပြောရရင် ကျွန်တော်ကတော့ သင်္ကြန်အမြောက်လို့ပဲ မြင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ပူတင်က အနိုင်ကျင့်ရတာနဲ့ ချော့မော့မြှောက်ပင့်ရတာကို သဘောကျတယ်။ နေတိုးအဖွဲ့လုပ်မယ့်အရာတွေကို ကြောက်ရွံ့တဲ့အတွက် သူ့ခြိမ်းခြောက်မှုက လက်တွေ့ဖြစ်လာဖို့ အလွန်ဖြစ်နိုင်ခြေနည်းပါတယ်။ သူရော နေတိုး အဖွဲ့ရော တတိယကမ္ဘာစစ်ကို ဘယ်သူမှ စတိုက်မှာမဟုတ်ပါဘူး။” လို့ ၎င်းက ပြောပါတယ်။
ရုရှားတပ်တွေဟာ ခါကိဗ်မြို့ဝန်းကျင်ကို အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြို့ကိုသိမ်းပိုင်နိုင်ဖို့ မျှော် လင့်ထားပုံရပါတယ်။ ယူကရိန်းစစ်ပွဲဟာ မျှော်လင့်ထားသလောက်အကျိုးအမြတ်မရတဲ့အတွက် ပူတင်ဟာ ရုရှားနိုင်ငံမှာ ဖိအားပေးခံ နေရတယ်လု့ိ မစ္စတာဒရမ်မွန်းဒ်က ပြောပါတယ်။
Ref: Putin plotting ‘Cuban Missile Crisis 2’ as Russia to surround US with nukes
#PeopleMedia