• Follow Us on
Latest News

Home အမေရိကန်ကုမ္ပဏီကြီးတွေ ထိုင်းနိုင်ငံထဲမှာ ပမာဏအများအပြား ရင်းနှီးမြှုပင်နှံဖို့ အသင့်ဖြစ်နေကြောင်း အမေ ရိကန်ကုန်သွယ်ရေးဝန်ကြီးပြော

အမေရိကန်ကုမ္ပဏီကြီးတွေ ထိုင်းနိုင်ငံထဲမှာ ပမာဏအများအပြား ရင်းနှီးမြှုပင်နှံဖို့ အသင့်ဖြစ်နေကြောင်း အမေ ရိကန်ကုန်သွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ မတ် ၁၄

 

ထိုင်းနိုင်ငံဟာ ထောက်ပံ့ရေးကွင်းဆက်တွေ အမျိုးမျိုးပြောင်းလဲဆောင်ရွက်ဖို့ စဉ်းစားနေတဲ့ အမေရိကန်နိုင်ငံ တကာကုမ္ပဏီအတွက် ထိပ်တန်းဦးစားပေးနိုင်ငံတစ်ခုဖြစ်ပြီး အဲဒီကုမ္ပဏီကြီးတွေဟာ ထိုင်းနိုင်ငံထဲမှာ အ ကြီးအကျယ်ရင်းနှီးမြှုပ်နှံဖို့ အသင့်ဖြစ်နေကြောင်း အမေရိကန်ကုန်သွယ်ရေးဝန်ကြီး ဂျီနာရိုင်းမွန်ဒိုက ဗုဒ္ဓဟူးနေ့ (မတ်လ ၁၃ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

လျှပ်စစ်ကားထုတ်လုပ်ရေး၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးနဲ့ ဒစ်ဂျစ်တယ်လ်ကဏ္ဍတွေကို အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေက အထူးစိတ်ဝင်စားနေကြောင်း ဘန်ကောက်မြို့မှာကျင်းပတဲ့ စီးပွားရေးပွဲတစ်ပွဲမှာ မစ္စရိုင်း မွန်ဒိုက ပြောပါတယ်။

 

“အမေရိကန်ရင်းနှီးမြှုပ်နှံသူတွေဟာ ထောက်ပံ့ရေးကွင်းဆက်တွေ အမျိုးမျိုးပြောင်းလဲဆောင်ရွက်ဖို့ စဉ်းစား နေပါတယ်။ ထိုင်းနိုင်ငံဟာ အဲဒီလိုဆောင်ရွက်ရမယ့် နိုင်ငံစာရင်းထဲမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“အခုအချိန်မျာ တစ်ပိုင်းလျှပ်ကူးပစ္စည်းတွေကို ကျွန်မတို့အနေနဲ့ လုံလုံလောက်လောက် ထုတ်လုပ်ရုံတင်မကပါ ဘူး တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်မှုကို ကမ္ဘာပေါ်က တစ်နိုင်ငံ ဒါမှမဟုတ် နှစ်နိုင်ငံမှာ ကြောက်ခမန်းလိလိ အာရုံစိုက်ထုတ်လုပ်နေပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ အတူတကွ ပေါင်းစည်းလုပ်ဆောင်ဖို့ လိုပါတယ်။” လို့ ၎င်း က ပြောပါတယ်။

 

ထောက်ပံ့ရေကွင်းဆက်၊ ကာဘွန်လျှော့ချရေး၊ အခြေခံအဆောက်အဦတည်ဆောက်ရေးနဲ့ ကောင်းမွန်တဲ့စီမံ ခန့်ခွဲအုပ်ချုပ်ရေးတို့အတွက် သဘောတူညီထားမှုတွေနဲ့အတူ အင်ဒို-ပစိဖတ် စီးပွာရေးမူဘောင်ကလည်း ဖွံ့ဖြိုး တိုးတက်မှုတွေ အများအပြားရရှိအောင် ဆောင်ရွက်နေကြောင်း ၎င်းက ပြောပါတယ်။

 

ထိုင်းနိုင်ငံနဲ့ တခြားအင်ဒို-ပစိတ်ဖိတ်ဒေသနိုင်ငံတွေဟာ အဲဒီမူဘောင်ထဲက အကျိုးကျေးဇူးတွေ ခံစားခွင့်ရရှိ နိုင်သလို တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးအတွက်လည်း ဦးစားပေးနိုင်ငံတွေ ဖြစ်လာမှာဖြစ်ကြောင်း မစ္စ ရိုင်းမွန်ဒိုက ပြောပါတယ်။

 

Ref: US firms keen to ‘supercharge’ Thai investments

 

#PeopleMedia


Share this post