• Follow Us on

Home အမေရိကန်ကြည်းတပ်က ဂျာဗလင်ဒုံးကျည် ဒေါ်လာ ၁.၃ ဘီလျံဖိုး ထပ်မံမှာယူ

အမေရိကန်ကြည်းတပ်က ဂျာဗလင်ဒုံးကျည် ဒေါ်လာ ၁.၃ ဘီလျံဖိုး ထပ်မံမှာယူ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃၁

 

အမေရိကန်ကြည်းတပ်က ဒေါ်လာ ၁.၃ ဘီလျံ တန်ကြေးရှိတဲ့ ဂျာဗလင်တင့်ဖျက်ဒုံး (Javelin anti-tank missile) တွေကို ထပ်မံမှာယူပြီး ကြည်းတပ်ရဲ့ တင့်ဖျက်လက်နက်တိုက်ကို ထပ်မံအင်အားဖြည့်တင်းလိုက်ပါ တယ်။

 

အမေရိကန်ကြည်းတပ်ဟာ ၂၀၂၃ ခုနှစ် မေလအတွင်းက ဂျာဗလင်ဒုံးကျည် ဒေါ်လာ ၇.၂ ဘီလျံဖိုး ဝယ်ယူဖို့ လော့ဟိမာတင် ကုမ္ပဏီ၊ ရေသီယွန်ကုမ္ပဏီတို့နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အခုလို ထပ်မံတိုးမြှင့်ဝယ် ယူလိုက်တာဖြစ်ပါတယ်။

 

ကြည်းတပ်က အခုလို ထပ်မံမှာယူတာဟာ ကမ္ဘာပေါ်မှာ တင့်ကားနဲ့ သံချပ်ကာယာဉ်တွေကို တိုက်ခိုက်ရာမှာ ပွဲ တွေ့ အောင်မြင်မှုတွေ ရခဲ့ပြီး အထိရောက်ဆုံးလက်နက်ဖြစ်တဲ့အဖြစ် ဂျာဗလင်ဒုံးကျည်ရဲ့ဂုဏ်သတင်းကို ထောက်ပြလိုက်တာပဲဖြစ်ကြောင်း ဂျာဗလင်ဒုံးကျည်ဖက်စပ်ထုတ်လုပ်ရေးအဖွဲ့ (JJV) ဥက္ကဋ္ဌ အန်ဒီအေမာရိုက ပြောပါတယ်။

 

“အခုလိုကြည်းတပ်က မှာယူသလိုပဲ ကမ္ဘာပေါ်က မြေပြင်တပ်ဖွဲ့ဝင်တွေအတွက် ၎င်းတို့နိုင်ငံရဲ့ အကျိုးစီးပွားနဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့လက်နက်ကို ကျွန်တော်တို့တွေ ဆက် လက်ထုတ်လုပ် ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

ကြည်းတပ်က ထပ်မံမှာယူတဲ့ ဒုံးကျည်အရေအတွက်ကိုတော့ ဂျာဗလင်ဒုံးကျည်ဖက်စပ်ထုတ်လုပ်ရေးအဖွဲ့ (JJV) က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။

 

ယူကရိန်းစစ်ပွဲကြောင့် ဝယ်လိုအားမြင့်တက်လာမှာကို ကြိုတင်မျှော်မှန်းထားပြီး ဂျာဗလင်ဒုံးကျည်တွေကို တိုး မြှင့်ထုတ်လုပ်သွားမှာဖြစ်ကြောင်း လော့ဟိမာတင်ကုမ္ပဏီက ၂၀၂၂ ခုနှစ်မှာ ပြောပါတယ်။

 

အဲဒီအချိန်ကစပြီး အရင်နှစ်ထုတ်လုပ်မှုတွေထက် ၁၅% တိုးမြှင့်ကာ လော့ဟိမာတင်ကုမ္ပဏီက ဂျာဗလင်ဒုံး ကျည် တစ်နှစ်ကို ၂,၄၀၀ ထုတ်လုပ်ခဲ့ပါတယ်။

 

ဒါပေမဲ့ ကမ္ဘာပေါ်က တခြားနေရာတွေမှာလည်း ပထဝီနိုင်ငံရေးဆိုင်ရာစစ်ပွဲတွေ မြင့်တက်လာတဲ့အတွက် ပူးတွဲ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဟာ ၎င်းတို့ရဲ့ ဂျာဗလင်ဒုံးကျည်ထုတ်လုပ်မှုကို ၂၀၂၆ ခုနှစ် မတိုင်ခင်မှာ တစ်နှစ် ကို ဒုံးကျည်အစင်းရေ ၃,၉၆၀ အထိ တိုးမြှင့်ထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။

 

ဂျာဗလင်ဒုံးကျည်ဟာ တင့်ကားနဲ့ တခြားအကြီးစားသံချပ်ကာယာဉ်တွေကို တိုက်ခိုက်ဖို့အတွက် ဒီဇိုင်းရေးဆွဲ ထုတ်လုပ်ထားတဲ့ ဘက်စုံသုံး ပခုံးထမ်းလက်နက်ဖြစ်ပါတယ်။

 

ဂျာဗလင်ဒုံးကျည်ဟာ မြင်ကွင်းလွန်အကွာအဝေးမှာရှိတဲ့ ပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက်နိုင်တဲ့လက်နက်ဖြစ် ပြီး တစ်ခါသုံးဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။

 

တိုက်ပွဲဝင်စွမ်းဆောင်ရည်တွေ အနှစ် ၂၀ ကျော်ပြသခဲ့တဲ့ ဒီလက်နက်ကို ၂၀၀၃ ခုနှစ် အီရတ်စစ်ပွဲနဲ့ လက်ရှိ ဖြစ်ပွားနေတဲ့ ရုရှား-ယူကရိန်းစစ်ပွဲအပါအဝင် စစ်ပွဲပေါင်းများစွာမှာ အသုံးပြုခဲ့ကြပါတယ်။

 

Ref: US Army Increases Massive Javelin Missile Order by $1.3B

 

#PeopleMedia


Share this post