• Follow Us on
Latest News

Home အမေရိကန်ကြည်းတပ်က မစ်ဇူရီပြည်နယ်မှာ NGSW မျိုးဆက်သစ်လက်နက်အတွက် ခဲယမ်းစက်ရုံ တည်ဆောက်မည်

အမေရိကန်ကြည်းတပ်က မစ်ဇူရီပြည်နယ်မှာ NGSW မျိုးဆက်သစ်လက်နက်အတွက် ခဲယမ်းစက်ရုံ တည်ဆောက်မည်

Share this post

နိုင်ငံတကာ၊ မတ် ၂၆

 

မျိုးဆက်သစ်တပ်စိတ်အဆင့်လက်နက် (NGSW) အတွက် အမေရိကန်နိုင်ငံ မစ်ဇူရီပြည်နယ်မှာ ခဲယမ်းစက်ရုံ တစ်ရုံတည်ဆောက်ဖို့ အမေရိကန်ကြည်းတပ်က Olin Winchester (အိုလင်းဝင်ချက်စတာ) ကုမ္ပဏီကို ကန် ထရိုက်လုပ်ငန်းတစ်ခု အပ်နှံလိုက်ပါတယ်။

 

အမေရိကန်စစ်သည်တွေအနေနဲ့ စစ်မြေပြင်မှာ တိကျထိရောက်စွာ ပစ်ခတ်နိုင်ဖို့အတွက် လက်ရှိကိုင်တွယ်သုံး စွဲနေတဲ့ ချေမှုန်းရေးရိုင်ဖယ်တွေအစား ပိုမိုခေတ်မီအဆင့်မြင့်တဲ့ ရိုင်ဖွယ်တွေကို အစားထိုးဖို့အတွက် NGSW လက်နက်တွေကို ၂၀၁၇ ခုနှစ်က ထုတ်ဖော်ပြသခဲ့ပါတယ်။

 

ကန်ထရိုက်သဘောတူညီချက်အရ NGSW လက်နက်တွေနဲ့ မူကွဲလက်နက်တွေအတွက် ကျည်တွေထုတ် လုပ် ဖို့ အမေရိကန်နိုင်ငံ ကလေတန်မြို့ အခြေစိုက်ကုမ္ပဏီဟာ အင်ဒီပန်းဒန့်စ်မြို့ မှာ စက်ရုံတစ်ခုတည်ဆောက် သွားမှာဖြစ်ပါတယ်။

 

လက်နက်စက်ရုံအဆောက်အအုံနဲ့ပတ်သက်ပြီး ဗိသုကာဒီဇိုင်းတွေ၊ ထောက်ပံ့ရေးစနစ်တွေကို ၁၈ လကြာ တွက်ချက်ရေးဆွဲပြီးနောက်မှာ အခုလိုတည်ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

 

အဆောက်အအံတည်ဆောက်ပြီးတာနဲ့ တစ်ဆက်တည်းမှာ ခဲယမ်းထုတ်လုပ်မှုစက်ကိရိယာတွေကို တပြိုင် တည်း တပ်ဆင်သွားမှာဖြစ်ပါတယ်။

 

“ဒီကန်ထရိုက်စာချုပ်သဘောတူညီချက်ဟာ အမေရိကန်နိုင်ငံက ဆင်နွှဲနေတဲ့စစ်ပွဲတွေကို အောင်မြင်စွာတိုက် ခိုက်နိုင်ဖို့နဲ့ အမျိုးသားလုံခြုံရေးအတွက် ကာကွယ်နိုင်ဖို့ ကျွန်တော်တို့စစ်သည်တွေ လိုအပ်နေတဲ့ ခေတ်မီခဲယမ်း တွေကို ထောက်ပံ့ပေးဖို့ စက်မှုမိတ်ဖွဲ့အဖွဲ့အစည်းရဲ့ ကတိကဝတ်ကို ရှင်းလင်းစွာ သက်သေပြလိုက်တာပဲဖြစ်ပါ တယ်။” လို့ အမေရိကန်ကြည်းတပ် လက်နက်/ခဲယမ်း အမှုဆောင်အရာရှိ ဗိုလ်ချုပ်ဂျွန်ရိမ်းက ပြောပါတယ်။

 

အမေရိကန်ကြည်းတပ်ဟာ အခုလထဲမှာ အလွန်အေးခဲတဲ့ဒေသမှာ NGSW လက်နက်ကို အောင်မြင်စွာ စမ်း သပ်ပစ်ခတ်ခဲ့ပါတယ်။

 

၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှာ ကင်တပ်ကီပြည်နယ်မှာ နည်းပညာဆိုင်ရာသင်တန်းနဲ့ လက်နက်စနစ်စမ်းသပ်မှု၊ ဆက်စပ်ပစ်ခတ်ထိန်းသိမ်းမှုတွေကို လေ့ကျင့်ခဲ့ကြပါတယ်။

 

အမေရိကန်ကြည်းတပ်အတွက် ဒေါ်လာ ၃၃၁ သန်းတန်ကြေးရှိ NGSW လက်နက် ၁၈၀၀၀ ဝယ်ယူဖို့ ကြေ ညာလိုက်ပြီး ၉ လအကြာမှာ အခုလို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။

 

Ref: US Army to Build Ammo Factory for Next Generation Squad Weapon in Missouri

 

#PeopleMedia


Share this post