• Follow Us on

Home အမေရိကန်ကြည်းတပ်က Coyote ဒရုန်းခွင်းဒုံး အများအပြားပိုင်ဆိုင်ရန် ကြိုးပမ်းနေ

အမေရိကန်ကြည်းတပ်က Coyote ဒရုန်းခွင်းဒုံး အများအပြားပိုင်ဆိုင်ရန် ကြိုးပမ်းနေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈

 

ဒရုန်းခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့အချိန်မှာ ခယို့တီး (Coyote) လို့ အမည်ပေးထားတဲ့ ဒရုန်းခွင်းဒုံး ထုတ် လုပ်ရေးကို တိုးမြှင့်ဖို့ အမေရိကန်ကြည်းတပ်က ကြိုးပမ်းနေပါတယ်။

 

လတ်တလောကာလ မေးမြန်းချက်အရသိရတာကတော့ အမေရိကန်ကြည်းတပ်ဟာ ဖောက်ခွဲရေးထိပ်ဖူးတွေ တပ်ဆင်ထားတဲ့ Coyote Block II မူကွဲ ဒရုန်း/ဒုံး ၆၀၀၀ ထုတ်လုပ်ချင်နေတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် Coyote Block III မူကွဲဒုံး ၇၀၀ ကိုလည်း ဝယ်ယူသွားဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

 

ဒရုန်းခွင်းဒုံးတွေအပြင် အမေရိကန်ကြည်းတပ်အနေနဲ့ ပုံသေဒုံးပစ်လောင်ချာ ၂၅၂ ခု၊ ရွေ့လျားဒုံးပစ်လောင်ချာ ၅၂ ခု၊ ပုံသေ Ku-band ရေဒါ ၁၁၈ ခုနဲ့ ရွေ့လျားရေဒါ ၃၃ ခုတို့ကို ဝယ်ယူသွားဖို့လည်း စဉ်းစားနေပါတယ်။

 

ကြည်းတပ်အနေနဲ့ Coyote ဒုံးတွေကို မူလထုတ်လုပ်ခဲ့တဲ့ ရေသီယွန်ကုမ္ပဏီကို ကန်ထရိုက်လုပ်ငန်းတစ်ခုအပ် နှံဖို့ ရည်ရွယ်ထားပေမဲ့ လိုအပ်ချက်တွေကိုထောက်ပံ့ပေးနိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားတဲ့ စိတ်ဝင်စားတဲ့ တ ခြားကုမ္ပဏီကိုလည်း ကမ်းလှမ်းနိုင်ဖို့ လမ်းဖွင့်ပေးထားကြောင်း ပြောပါတယ်။

 

လျှောက်ထားလာမယ့်ကုမ္ပဏီဟာ ငါးနှစ်အတွင်းမှာ Coyote လက်နက်စနစ်တွေကို ထုတ်လုပ်ခြင်း၊ ပေါင်းစပ် ခြင်းနဲ့ လက်ခံနိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေကို ဆောင်ရွက်နိုင်စွမ်းရှိရမယ်လို့ ကြည်းတပ်က ပြောပါတယ်။

 

အဲဒီလျှောက်ထားမယ့်ကုမ္ပဏီမှာ နည်းပညာဆိုင်ရာ data package တစ်ခုရဲ့အကူအညီမပါဘဲနဲ့ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်မှုအစိတ်အပိုင်းအားလုံးကို ပံ့ပိုးဖို့အတွက် လုံလောက်တဲ့ လော်ဂျစ်စတစ်နဲ့ အင်ဂျင်နီယာနည်းပညာ ကျွမ်းကျင်မှုလည်း ရှိဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဆောင်ရွက်ခွင်ရတဲ့ကုမ္ပဏီဟာ အမေရိကန်နိုင်ငံပြင်ပမှာ တပ်ဖြန့်ချထားမယ့် Coyote ဒုံးတွေအတွက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့အတွက်လည်း ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။

 

အဆိုပြုလွှာတွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ တင်သွင်းသွားရမှာဖြစ်ပါတယ်။

 

အမေရိကန်ကြည်းတပ်ရဲ့ Coyote ဒရုန်းခွင်းဒုံးဟာ အရွေ့စွမ်းအင်သုံးဒုံးအမျိုးအစားတစ်ခုဖြစ်ပြီး မော်တော် ယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ သင်္ဘောတွေပေါ်ကနေ ပစ်လွှတ်နိုင်ပါတယ်။

 

အဲဒီ Coyote ဒရုန်းခွင်းဒုံးရဲ့ လမ်းညွှန်စနစ်ကိုထောက်ပံ့ဖို့နဲ့ ပစ်ခတ်မှုထိန်းချုပ်ရေးစွမ်းရည်ကို တိကျစေဖို့အ တွက် Ku-band ရေဒါတွေကို အသုံးပြုထားပါတယ်။

 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ကတည်းက မျက်မှောက်ခေတ်စစ်ပွဲ မှာ ဒရုန်းတွေရဲ့စွမ်းရည်တွေကို တွေ့မြင်လာရပြီးနောက် နိုင်ငံအများအပြားဟာ ခေတ်မီဒရုန်းကာကွယ်ရေးစနစ် အတွက် ရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ဆောင်ရွက်ခဲ့ကြပါတယ်။

 

လက်ရှိ ပထဝီနိုင်ငံရေးအခြေအနေအရ အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေကို ပစ်မှတ်ထားနေတဲ့ တိုက်ခိုက်ရေး ဒရုန်းနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေစုဆောင်းနေတဲ့ဒရုန်းတွေကို တန်ပြန်တိုက်ဖျက်နိုင်တဲ့ ဒရုန်းတွေ ဒီဇိုင်းရေးဆွဲထုတ်လုပ်ဖို့နဲ့ ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်မှုတွေ မြင့်တက်လာနေပြီဖြစ်ကြောင်း အမေရိ ကန်ကြည်းတပ်က ပြောပါတယ်။

 

Ref: US Army Wants Thousands More ‘Coyote’ Drone Interceptors

 

#PeopleMedia


Share this post