• Follow Us on
Latest News

Home အမေရိကန်ကြည်းတပ်နဲ့ နေတိုးတိုက်ခိုက်ရေးအုပ်စု အက်စ်တိုးနီးယားမှာ HIMARS အတွဲလိုက်ဒုံးပစ်လောင် ချာ စမ်းသပ်ပစ်ခတ်

အမေရိကန်ကြည်းတပ်နဲ့ နေတိုးတိုက်ခိုက်ရေးအုပ်စု အက်စ်တိုးနီးယားမှာ HIMARS အတွဲလိုက်ဒုံးပစ်လောင် ချာ စမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃

 

အမေရိကန်ကြည်းတပ်နဲ့ နေတိုးအဖွဲ့ရဲ့ အင်တားတိုးမြှင့်ချထားတဲ့ ရှေ့တန်းတပ်ဖွဲ့ဝင်များတိုက်ခိုက်ရေးအုပ်စု (Forward Presence Battle Group) တို့ပူးပေါင်းပြီး အက်စ်တိုးနီးယားနိုင်ငံ တာပါမြို့အနီးက ဗဟိုလေ့ကျင့် ရေးနယ်မြေမှာ M142 HIMARS (အဆင့်မြင့်ရွှေ့ပြောင်းအမြောက်ရော့ကက်စနစ်) အတွဲလိုက်ဒုံးပစ်လောင်ချာ ကို ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်လေ့ကျင့်ခဲ့ကြပါတယ်။

 

ဘော်လတစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အက်စ်တိုးနီးယားနိုင်ငံမှာ မဟာမိတ်တပ်ဖွဲ့ဝင်တွေကို ပိုမိုတိုးမြှင့်ချထားရေး အတွက် နိုင်ငံပေါင်းစုံတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ခဲ့ပြီးနောက် အခုလို အတွဲလိုက်ဒုံး ပစ်လောင်ချာတွေကို ပစ်ခတ်လေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

 

ဒီအစီအစဉ်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက အက်စ်တိုးနီးယားနိုင်ငံမှာ အလှည့်ကျ အမေရိကန်တပ်ဖွဲ့ ဝင်တွေ တပ်ဖြန့်ချထားခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။

 

လေ့ကျင့်ပစ်ခတ်မှုမှာ အမှတ် ၂၇ မြေပြင်ပစ်အမြောက်တပ်ရင်း၊ အမှတ် ၃ အမြောက်တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ နေတိုးအဖွဲ့ကတပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေပါဝင်ပြီး HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာရဲ့စွမ်းရည်တွေကို ထုတ်ဖော်ပြသခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အမှတ် ၂၇ မြေပြင်ပစ်အမြောက်တပ်ရင်းက တပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက အက်စ်တိုးနီး ယားနိုင်ငံမှာ တိုက်ပွဲဝင်အုပ်စုပြင်ဆင်ရေးအတွက် တာဝန်ယူဆောင်ရွက်နေတာဖြစ်ပါတယ်။

 

စမ်းသပ်ပစ်ခတ်မှုမပြုလုပ်ခင်မှာ အမှတ် ၃ တပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေနဲ့ အက်စ်တိုးနီးယားတပ်ဖွဲ့ဝင်တွေဟာ စစ် မက်ဖြစ်ပွားနေစဉ်အတွင်း သဏ္ဍန်တူလေ့ကျင့်မှုအပါအဝင် ကနဦး HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ လေ့ ကျင့်မှုကို ပြုလုပ်ခဲ့ကြပါတယ်။

 

အခုလေ့ကျင့်ပစ်ခတ်မှုမှာရရှိလာတဲ့ သင်ခန်းစာတွေကို နေတိုးမိတ်ဖက်နိုင်ငံတွေနဲ့အတူ အနာဂတ်ကာလ HIMARS အတွဲလိုက်ဒုံးပစ်လောင်ချာ လေ့ကျင့်သင်ကြားမှု၊ စစ်ဆင်ရေးနဲ့ စစ်ရေးလေ့ကျင့်မှုတွေမှာ ပြန်လည် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ဒီစစ်ရေးလေ့ကျင့်မှုမှာပါဝင်ကြတဲ့ ကျွန်တော့်တပ်ဖွဲ့ဝင်တွေအတွက် လေ့ကျင့်သင်ကြားမှုတန်ဖိုးက အများကြီး ပါပဲ။ ဒီတပ်ဖွဲ့ဝင်တွေဟာ အရင်တုန်းက ဘယ်နိုင်ငံကိုမှ မရောက်ဖူးကြသေးပါဘူး။ ဒါ ပထမဦးဆုံးအကြိမ် ပြည် ပ နိုင်ငံမှာ စစ်ရေးလေ့ကျင့်ဖူးတာဖြစ်ပါတယ်။” လို့ အမှတ် ၂၇ မြေပြင်ပစ်အမြောက်တပ်ရင်း၊ အမှတ် ၃ အ မြောက်တပ်ဖွဲ့က စတတ်ဆာဂျင် သြစတင်ကီနိုနက်စ်က ပြောပါတယ်။

 

“ကျွန်တော်တို့ အထူးသဖြင့် ကျွန်တော်တို့ရဲ့မဟာမိတ်နိုင်ငံတစ်နိုင်ငံထဲကို ရောက်ရှိနေချိန်မှာ အဲဒီမဟာမိတ် နိုင်ငံထဲက တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်သင်ကြားပေးဖို့ အရေးကြီးပါတယ်။” လို့ ကီနိုနက်စ်က ပြောပါတယ်။

 

“တစ်ခုခုဖြစ်လာပြီဆိုရင် ကျွန်တော်တို့ အတူတကွစုပေါင်းပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်စွမ်းရှိဖို့ လို အပ်ပါတယ်။ တစ်ခုခုဖြစ်မလာဘူးဆိုရင်တောင်မှ ကျွန်တော်တို့အနေနဲ့ မဟာမိတ်တပ်ဖွဲ့ဝင်တွေနဲ့ ရင်းနှီးမှု တည်ဆောက်နေတာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

အက်စ်တိုးနီးယားနိုင်ငံဟာ အရှေ့ဥရောပက ပဋိပက္ခကို တုံ့ပြန်ရာမှာ အမေရိကန်ထုတ် HIMARS အတွဲလိုက် ဒုံးပစ်လောင်ချာတွေဝယ်ယူဖို့အတွက် ၂၀၂၂ ခုနှစ်က ဒေါ်လာသန်း ၂၀၀ တန်ကန်ထရိုက်စာချုပ်တစ်ခုကို ချုပ် ဆိုခဲ့ပါတယ်။

 

HIMARS အတွဲလိုက် ဒုံးပစ်လောင်ချာ ပထမအသုတ်ဟာ ၂၀၂၄ ခုနှစ်မတိုင်ခင်မှာ အက်စ်တိုးနီးယားနိုင်ငံကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

 

တစ်နှစ်တည်းမှာပဲ ဘော်လတစ်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ လစ်သူယေးနီးယားနိုင်ငံကလည်း ဒေါ်လာ ၄၉၅ သန်း တန်ကြေးရှိတဲ့ HIMARS အတွဲလိုက် ဒုံးပစ်လောင်ချာ ၈ စုံကို အမေရိကန်အစိုးရထံက ဝယ်ယူခဲ့ပါတယ်။

 

Ref: US Army, NATO Battle Group Demonstrate HIMARS in Estonia

 

#PeopleMedia


Share this post