• Follow Us on
Latest News

Home အမေရိကန်က ဂျပန်နိုင်ငံမှာ ဂျပန်တပ်ဖွဲ့ဝင်တွေအတွက် တိုမာဟော့ဒုံးကျည်သင်တန်းပို့ချသွားမည်

အမေရိကန်က ဂျပန်နိုင်ငံမှာ ဂျပန်တပ်ဖွဲ့ဝင်တွေအတွက် တိုမာဟော့ဒုံးကျည်သင်တန်းပို့ချသွားမည်

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၆

 

တာဝေးပစ် တိုမာဟော့ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူဖို့ လက်မှတ်ရေးထိုးလိုက်ပြီးနောက် တိုမာဟော့ဒုံးကျည် အသုံးပြုနည်းသင်တန်းတွေကို လာမယ့်လမှာ အမေရိကန်က ဂျပန်တပ်မတော်ကို စတင် သင်ကြားပို့ချသွားမှာ ဖြစ်ပါတယ်။

 

ဂျပန်ကာကွယ်ရေးဝန်ကြီး ကီဟာရာမီနိုရူနဲ့ ဂျပန်နိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ရမ်းအီမန်နျူရယ်တို့ တွေ့ဆုံဆွေးနွေးပြီးနောက် အခုလို သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

သင်တန်းကို မတ်လ ၂၅ ရက်နေ့မှာ စတင်ဖွင့်လှစ်သွားမှာဖြစ်ပြီး ဂျပန်ရေတပ်က တပ်ဖွဲ့ဝင် ၃၀ တက်ရောက် သင်ကြားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ဆင်ရေးအမျိုးမျိုးကိုထောက်ပံ့နိုင်ဖို့အတွက် ဂျပန်တွေဟာ ၎င်းတို့နိုင်ငံမှာ အမေရိကန်လက်နက်စနစ်တွေကို အသုံးပြုနေတဲ့အတွက် ဒီသင်တန်းဟာ ဂျပန်တပ်ဖွဲ့ဝင်တွေအတွက် အလွန်အရေးကြီးတဲ့သင်တန်းဖြစ်ကြောင်း သံအမတ်ကြီးအီမန်နျူရယ်က ပြောပါတယ်။

 

ဂျပန်နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်တွေ တိုးတက်မြင့်မားလာဖို့အတွက် ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုမြှင့်တင် ဖို့ မျှော်လင့်ရင်း အမေရိကန်နိုင်ငံနဲ့ ဂျပန်နိုင်ငံကြားက ပူးပေါင်းဆောင်ရွက်မှုကို ကာကွယ်ရေးဝန်ကြီးကီဟာရာ က ချီးကျူးပြောဆိုလိုက်ပါတယ်။

 

ဂျပန်နိုင်ငံထဲမှာ တိုမာဟော့ဒုံးကျည်သင်တန်းပို့ချသွားမယ့်အပြင် ဂျပန်တပ်ဖွဲ့ဝင်တွေကို ခေါ်ယူပြီး အမေရိကန် နိုင်ငံမှာ စစ်သင်တန်းတွေ သင်ကြားပို့ချပေးသွားဖို့ အမေရိကန်အစိုးရက စဉ်းစားနေတယ်လို့ ဆိုပါတယ်။

 

ဒေါ်လာ ၂.၃၅ ဘီလျံ တန်ကြေးရှိ တိုမာဟော့ဒုံးကျည် အမျိုးအစားနှစ်ခု ဝယ်ယူဖို့အတွက် ဂျပန်နိုင်ငံရဲ့ မေတ္တာ ရပ်ခံချက်ကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ သဘောတူခွင့်ပြုခဲ့ပါတယ်။

 

ရန်သူ့ဒုံးကျည်အခြေစိုက်စခန်းတွေနဲ့ တခြားပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ ဂျပန်နိုင်ငံရဲ့ တန်ပြန်တိုက်ခိုက် ရေးစွမ်းရည်ကို မြှင့်တင်ဖို့အတွက် ဒီလက်နက်စနစ်ကို အသုံးပြုသွားမှာဖြစ်ပါတယ်။

 

RTX စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီက ထုတ်လုပ်တဲ့ တိုမာဟော့ပဲ့ထိန်းဒုံးကျည်ဟာ အမြင့်ဆုံး အ ကွာအဝေး ကီလိုမီတာ ၁၆၀၀ (၉၉၅မိုင်) ရှိ ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်ပြီး ရေပေါ်စစ်သင်္ဘောပေါ် ကဖြစ်စေ ရေငုပ်သင်္ဘောပေါ်ကဖြစ်စေ ပစ်ခတ်နိုင်ပါတယ်။

 

အင်ဒို-ပစိဖိတ်ဒေသမှာ မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ရဲ့ စစ်ရေးတည်ဆောက်မှုတွေ မြင့်တက်လာတာ ကြောင့် ဂျပန်နိုင်ငံရဲ့ ရေတပ်အင်အားကို အားဖြည့်ဖို့အတွက် တိုမာဟော့ဒုံးကျည်တွေကို ဂျပန်ရေတပ်က Aegis ဖျက်သင်္ဘောတွေမှာ တပ်ဆင်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

 

“ရန်စမှုတွေက သိသိသာသာမြင့်တက်လာတာကြောင့် ငြိမ်းချမ်းရေးနဲ့ ကြွယ်ဝရေးကို ကာကွယ်ဖို့အတွက် ဝိုင်း ဝန်းရိုင်းပင်းလာတဲ့နိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံဟာ ထိပ်ဆုံးကနေ ပါဝင်နေပါတယ်။” လို့ သံအမတ်ကြီး အီမန်နျူ ရယ်က ပြောပါတယ်။

 

Ref: Japan Military to Start Receiving US Training on Tomahawk Missiles

 

#PeopleMedia


Share this post