အမေရိကန်က ဖင်လန်၊ ဆီဒင်တို့နဲ့ ကာကွယ်ရေးစာချုပ်ချုပ်လိုက်တာဟာ အမေရိကန်ကို ဥရောပမြောက်ပိုင်း ကို ထိန်းချုပ်ခွင့်ပေးလိုက်တာဖြစ်ကြောင်း ရုရှားပြော
PUBLISHED - December 21, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁
ဖင်လန်နိုင်ငံက အမေရိကန်ပြည်ထောင်စုကို ၎င်းတို့နိုင်ငံထဲမှာ စစ်စခန်းတွေတည်ဆောက်ခွင့်ပေးလိုက်တာ ဟာ ဥရောပမြောက်ပိုင်းကို အမေရိကန်ကို ထိန်းချုပ်ခွင့်ပေးလိုက်တာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မာရီယာဇာခါရိုဗာက ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
အမေရိကန်နဲ့ ဖင်လန်နိုင်ငံတို့ဟာ တနင်္လာနေ့က ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူ စာချုပ်တစ် ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ဖင်လန်နိုင်ငံမှာ အမေရိကန်စစ်စခန်းတွေ တည်ဆောက်ခွင့်ပြု လိုက်တဲ့အ တွက် တခြားစစ်ရေးကိစ္စတွေပူးပေါင်းဆောင်ရွက်နိုင်သလို ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေလည်း ပြုလုပ်လာနိုင်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဟာ ဒီဇင်ဘာလ အစောပိုင်းကလည်း ဆွီဒင်နိုင်ငံနဲ့ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုသ ဘောတူစာချုပ်ချုပ်ဆိုခဲ့သလို အခုသီတင်းပတ်နှောင်းပိုင်းမှာလည်း ဒိန်းမတ်နိုင်ငံနဲ့ အလားတူ စာချုပ်ချုပ်ဆို သွားမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောပါတယ်။
အမေရိကန်နိုင်ငံက အခုလို ဖင်လန်၊ ဆွီဒင်နိုင်ငံတို့နဲ့ ကာကွယ်ရေးစာချုပ်တွေ ချုပ်ဆိုလိုက်တဲ့အတွက် အမေ ရိကန်အနေနဲ့ ဥရောပမြောက်ပိုင်းကို ထိန်းချုပ်ခွင့်ရသွားမှာဖြစ်ကြောင်း မာရီယာဇာခါရိုဗာကပြောပါတယ်။
“အခုအချိန်မှာ အမေရိကန်နိုင်ငံဟာ ဒေသတွင်းတစ်ခုလုံးကို ထိန်းချုပ်ခွင့်ရသွားတော့မှာဖြစ်ပါတယ်။ ဆွီဒင် နိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံမဖြစ်သေးပေမဲ့လည်း နေတိုးအဖွဲ့က ၎င်းတို့တပ်တွေကို အဲဒီနှစ်နိုင်ငံမှာ တပ်ဖြန့် ချထားတော့မှာဖြစ်ပါတယ်။” လို့ ဇာခါရိုဗာက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ လက်ရှိအချိန်မှာ ဖင်လန်နဲ့ ဆွီဒင်မှာ စစ်စခန်းတွေတည်ဆောက်ဖို့ အမြင့်ဆုံးအ ခွင့်အလမ်းကို ရရှိတော့မှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်မတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့အတွက် ကျွန်မတို့အနေနဲ့ လိုအပ်တဲ့အရေးယူဆောင် ရွက်မှုအားလုံးကို လုပ်ဆောင်သွားမှာဖြစ်တယ်ဆိုတာကို သတိပေးလိုပါတယ်။” လို့ မာရီယာဇာခါရိုဗာက ပြော ပါတယ်။
Ref: Russian Foreign Ministry: U.S. defense deals with Finland, Sweden give Washington control over Northern Europe
#PeopleMedia