အမေရိကန်က ဘင်္ဂလားဒေ့ရှ်နဲ့ လက်တွဲဆောင်ရွက်လိုကြောင်း ဘင်္ဂလားနိုင်ငံခြားရေးဝန်ကြီးပြော
PUBLISHED - February 26, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆
အမေရိကန်ပြည်ထောင်စုဟာ နှစ်နိုင်ငံဆက်ဆံရေးကဏ္ဍသစ်ဖွင့်လှစ်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်တွဲဆောင် ရွက်လိုတဲ့ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ်က တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၅ ရက်နေ့) က ပြောကြားလိုက်ပါတယ်။
“နှစ်နိုင်ငံစလုံးက လိုလိုလားလား ဆန္ဒရှိကြပါတယ်။ နှစ်နိုင်ငံဆက်ဆံရေးမှာ ကျွန်တော်တို့ အတူတကွ ကဏ္ဍ သစ်ဖွင့်လှစ်သွားချင်ပါတယ်။” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ အလည်အပတ်ရောက်ရှိနေတဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံအပြီးမှာ ၎င်းက သတင်းထောက်တွေကို ပြောပါတယ်။
အမေရိကန်ကိုယ်စားလှယ်အရာရှိတွေလာရောက်လည်ပတ်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်-အမေရိကန်ဆက်ဆံ ရေးဟာ ပိုမိုနက်ရှိုင်းကျယ်ပြန့်လာမှာဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့က ၎င်းကပြောပါတယ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဝန်ကြီးချုပ်ရှိတ်ဟာဆီနာအတွက် ပေးပို့လိုက်တဲ့စာကလည်း နှစ်နိုင်ငံဆက် ဆံရေးတိုးမြှင့်ဖို့အတွက် အရေးကြီးကြောင်း ၎င်းက ပြောပါတယ်။
“အနာဂတ်ကာလအတွက်ပြောရရင် လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသ ဒေသအတွက် တူညီတဲ့အမြင် တွေ မြှင့်တင်ဖို့၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာ လူ့အခွင့်အရေးနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေကို အားပေးထောက် ပံ့ဖို့နဲ့ ပြည်သူအချင်းချင်း စီးပွားရေးဆက်ဆံမှုတွေ မြှင့်တင်ဆောင်ရွက်ရေးအားပေးဖို့အတွက် ဘင်္ဂလားဒေ့ရှ်နိုင် ငံနဲ့ လက်တွဲဆောင်ရွက်သွားဖို့ အမေရိကန်ပြည်ထောင်စုက သံန္နိဋ္ဌာန်ချမှတ်ထားဆဲဖြစ်ပါတယ်။” လို့ ဘင်္ဂလား ဒေ့ရှ်ရွေးကောက်ပွဲအပြီး ဇန်နဝါရီလ ၈ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာ သမ္မတအထူးလက်ထောက်အရာရှိနဲ့ တောင်အာရှ၊ အမေရိကန်အမျိုး သားလုံခြုံရေးကောင်စီရဲ့ ထိပ်တန်းညွှန်ကြားရေးမှူးအို်င်လီးန်လာဘာကာ၊ အာရှဗျူရိုရဲ့ USAID လက်ထောက် အုပ်ချုပ်ရေးမှူး မိုက်ကယ်ဂရှိဖာနဲ့ တောင်ပိုင်းနဲ့ ဗဟိုအာရှဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယလက် ထောက်အတွင်းရေးမှူး အပ်ဖရီးအပ်တာတို့ ပါဝင်ပါတယ်။
“ကျွန်မတို့ရဲ့ ဘုံဦးစားပေးလုပ်ငန်းတွေအကြောင်းနဲ့ အနာဂတ်မှာ ပူးပေါင်းဆောင်ရွက်ကြမယ့်နည်းလမ်းတွေ အကြောင်းကို ဆွေးနွေးပြောဆိုရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။” လို့ အို်င်လီးန်လာဘာကာက သတင်းထောက်တွေကို ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ဆက်ဆံရေးကို အမေရိကန်တွေအနေနဲ့ တန်ဖိုးထားကြောင်းကိုလည်း အို်င်လီးန်လာဘာ ကာက ပြောပါတယ်။
“စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေး၊ ဒုက္ခသည်အရေး၊ ရာသီဥတု၊ လုပ်သားများနဲ့ ကုန်သွယ်ရေးကိစ္စတွေ အပါ အဝင် နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဘယ်လိုဆောင်ရွက်နိုင်မလဲဆိုတာ အမေရိကန်ကိုယ်စားလှယ်တွေက နိုင်ငံခြားရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့ကြပါတယ်။” လို့ အစည်းအဝေးအပြီးမှာ အမေရိကန်သံရုံးက သီးခြားထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အင်ဒို-ပစိဖိတ်ဒေသမှာ အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေ ပြန်လည်ရုပ်သိမ်းရေးအတွက် မေးခွန်းတွေကို တုံ့ပြန်ဖြေကြားရမှာ ဘင်္ဂလားဒေ့ရှ်ဘက်က နောက်ဆက်တွဲလိုက်ပါဆောင်ရွက်ရမယ့် ဆန်းစစ်လေ့လာမှုငါးခု ကို အမေရိကန်ဘက်က ပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဟာဆန်မာမွတ်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ခြိမ်းခြောက်နေကြောင်း၊ ဒီကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း ၎င်းက ပြောပါတယ်။
ဂါဇာဒေသ အပစ်အခတ်ရပ်စဲရေးအတွက်လည်း အမေရိကန်ဘက်က တိကျသေချာအောင်ဆောင်ရွက်ဖို့ တိုက် တွန်းခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဟာဆန်မာမွတ်က ပြောပါတယ်။
Ref: Foreign Minister: Want to create new chapter in Bangladesh-US relations
#PeopleMedia