• Follow Us on

Home အမေရိကန်က ဘင်္ဂလီများအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်

အမေရိကန်က ဘင်္ဂလီများအတွက် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ထောက်ပံ့မယ်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

 

အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် အမေရိကန်ဒေါ်လာ ၁၁၆ သန်း ပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က ပြောပါတယ်။

 

ရန်ပုံငွေအသစ်ဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ဘင်္ဂလီတွေကို အဓိက ကူညီထောက်ပံ့ဖို့ ရည်ရွယ်ထား တယ်လို့ ဘလင်ကက စက်တင်ဘာ ၂၁ ရက်နေ့က ပြောပါတယ်။

 

ဘင်္ဂလီ ၇၄၀,၀၀၀ ကျော် ထွက်ပြေးခဲ့ရတဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လက စတင်ပြီး အမေရိကန်ရဲ့ ထောက်ပံ့မှုဟာ ကန်ဒေါ်လာ ၂.၂ ဘီလီယံကျော်ရှိကြောင်း ဘလင်ကင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

 

Ref; reuters

 

#PeopleMedia


Share this post