• Follow Us on

Home အမေရိကန်က ယူကရိန်းအတွက် ပက်ထရီယော့ဒုံးကျည်တစ်စုံ ထပ်မံပေးပို့မည်

အမေရိကန်က ယူကရိန်းအတွက် ပက်ထရီယော့ဒုံးကျည်တစ်စုံ ထပ်မံပေးပို့မည်

Share this post

နိုင်ငံတကာ၊ ဇွန် ၁၃

 

အမေရိကန်ပြည်ထောင်စုက မကြာခင်ရက်ပိုင်းအတွင်းမှာ နောက်ထပ် ပက်ထရီယော့လေကြောင်းရန်ကာကွယ် ရေးဒုံးကျည်တစ်စုံထပ်မံပေးပို့သွားမှာဖြစ်ကြောင်း အမေရိကန်မီဒီယာတွေမှာ ရေးသားဖော်ပြထားပါတယ်။

 

အနောက်နိုင်ငံတွေနဲ့ပြုလုပ်ခဲ့တဲ့ သံတမန်အစည်းအဝေးမှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ပိုမို ထောက်ပံ့ပေးဖို့ ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးက အင်္ဂါနေ့ (ဇွန်လ ၁၁ ရက်နေ့) က ပြောကြားလိုက်ပြီး နောက်မှာ အခုလို ပက်ထရီယော့ဒုံးကျည်ထပ်မံထောက်ပံ့မယ့် သတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

လတ်တလောရုရှားဘက်က အပြင်းအထန်ထိုးစစ်ဆင်နေတဲ့ နိုင်ငံအရှ့ပိုင်း ခါကိဗ်ဒေသကိုကာကွယ်ဖို့ ပက်ထ ရီယော့ဒုံးကျည်နှစ်စုံအပါအဝင် ပက်ထရီယော့ဒုံးကျည် လေးငါးစုံထပ်မံထောက်ပံ့ပေးဖို့ သမ္မတဇီလန်စကီးက မကြာသေးခင်ကပဲ တောင်းဆိုခဲ့ပါတယ်။

 

“ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး ရုရှားရဲ့မဟာဗျူဟာမြောက်အားသာချက်က လေကြောင်းအင်အားသာလွန်မှုပဲ ဖြစ်ပါတယ်။ လေကြောင်းကနေ ဒုံးကျည်တွေနဲ့ပစ်ခတ်တာ၊ ဗုံးကြဲတာတွေက မြေပြင်က ရုရှားတပ်တွေ ဆက် လက်ချီတက်ဖို့ အထောက်အကူပေးနိုင်ပါတယ်။” လို့ အင်္ဂါနေ့က ဘာလင်မြို့မှာကျင်းပတဲ့ ပြန်လည်ထူထောင် ရေးအစည်းအဝေးမှာ ဇီလန်စကီးက ပြောပါတယ်။

 

“အဲဒီပြဿနာကို ဖြေရှင်းဖို့အဖြေကတော့ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေပါပဲ။” လို့ ၎င်းက ပြော ပါတယ်။

 

ယူကရိန်းနိုင်ငံအတွက်ထောက်ပံ့ပေးဖို့လျာထားတဲ့ ပက်ထရီယော့ဒုံးကျည်အသစ်ကို အမေရိကန်တပ်ဖွဲ့ဝင်တွေ မိခင်နိုင်ငံကို အလှည့်ကျပြန်ဖို့အတွက်ဆောင်ရွက်နေရာမှာ အကာအကွယ်ပေးထားဖို့အတွက် လက်ရှိအချိန်မှာ ပိုလန်နိုင်ငံထဲမှာ တပ်ဖြန့်ချထားတယ်လို့ ဆိုပါတယ်။

 

အခုပို့ဆောင်မယ့် ပက်ထရီယော့ဒုံးကျည်ဟာ အမေရိကန်က ယူကရိန်းကိုထောက်ပံ့တဲ့ ဒုတိယမြောက် လေ ကြောင်းရန်ကာကွယ်ရေးဒုံးကျည်ဖြစ်လာမှာဖြစ်ပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်မြှင့်တင်ရာမှာ အထောက်အကူပြုဖို့အတွက် မိမိတို့လက် နက်တိုက်တွေထဲက ပိုမိုထုတ်ယူသုံးစွဲကြဖို့ အင်္ဂါနေ့ကကျင်းပတဲ့ အဲဒီအစည်းအဝေးမှာပဲ ဂျာမန်အဓိပတိ အို လက်ရှိုးက မဟာမိတ်နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

 

ဂျာမနီနိုင်ငံဟာ ယူကရိန်းကို ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေးစနစ် ၃ စုံ ထောက်ပံ့ထားပါတယ်။

 

Ref: Washington to Send New Patriot Missile System to Ukraine: US Media

 

#PeopleMedia


Share this post