• Follow Us on

Home အမေရိကန်က ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ တင်ပို့ပေးဖို့ နီးစပ်လာပေမဲ့ လေးငါးလခန့်စောင့် ရဦးမည်

အမေရိကန်က ယူကရိန်းအတွက် တာဝေးပစ်ဒုံးကျည်တွေ တင်ပို့ပေးဖို့ နီးစပ်လာပေမဲ့ လေးငါးလခန့်စောင့် ရဦးမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၄

 

ရုရှားနိုင်ငံအတွင်းပိုင်းထဲအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်ခရုစ်ဒုံးကျည်တွေကို ယူကရိန်းနိုင်ငံကို ထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရက သဘောတူဖို့နီးစပ်လာပေမဲ့လည်း ဒုံးကျည်မတင်ပို့ခင် နည်းပညာဆိုင်ရာပြဿနာတွေကို ဖြေရှင်းနေရတဲ့အတွက် ယူကရိန်းအစိုးရအနေနဲ့ လေးငါးလခန့် စောင့်ဖို့ လိုအပ်ကြောင်း အမေရိကန်အရာရှိ တွေက ပြောကြားလိုက်ပါတယ်။

 

အပြီးသတ်ဆုံးဖြတ်ချက်မချရသေးပေမဲ့ JASSM (ဝေဟင်-မြေပြင်ပစ်) ဒုံးကျည်တွေပါဝင်တဲ့ လက်နက်တစ် သုတ်ကို အခုဆောင်းဦးကာလမှာ တင်ပို့သွားဖို့ ခန့်မှန်းထားကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိသုံး ဦးက ပြောပါတယ်။

 

ရေဒါဖမ်းယူရခက်ခဲပြီး ယူကရိန်းလက်နက်တိုက်ထဲက တခြားလက်နက်တွေထက် အကွာအဝေး ပိုမိုပစ်ခတ်နိုင် တဲ့ JASSM ဒုံးကျည်တွေကို ထောက်ပံ့ပေးလိုက်မယ်ဆိုရင် ရုရှားရဲ့ တစ်ထောက်နားနယ်မြေတွေနဲ့ ထောက်ပံ့ ရေးစခန်းတွေဟာ နောက်ထပ်အတွင်းပိုင်းကို မိုင်ပေါင်းရာနဲ့ချီ ဆုတ်ခွာသွားရနိုင်ဖွယ်ရှိကြောင်း စစ်ရေးအကဲ ဖြတ်သုံးသပ်သူတွေက ပြောပါတယ်။

 

JASSM ဒုံးကျည်တွေ အသုံးပြုတဲ့အတွက် ရုရှားရဲ့ ထိုးစစ်တွေ ထိန်းသိမ်းထားနိုင်တဲ့ စွမ်းရည်ကို ရှုပ်ထွေးစေမှာ ဖြစ်သလို ယူကရိန်းအတွက်လည်း မဟာဗျူဟာ အားသာချက်တစ်ရပ်ဖြစ်လာနိုင်ပါတယ်။ ရုရှားနဲ့ ထိစပ်နေတဲ့ ယူကရိန်းမြောက်ပိုင်းနယ်စပ်အနီးကနေ အဲဒီဒုံးကျည်တွေကို ပစ်လိုက်မယ်ဆိုရင် ရုရှားနိုင် ငံ ဗရိုးနက်ရှ်မြို့နဲ့ ဘရီးအန်းစ်ခ်မြို့တွေနားက စစ်စခန်းတွေကို တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

 

တောင်ပိုင်းမှာတော့ ရှေ့တန်းစစ်မျက်နှာအနီးက ပစ်ခတ်လိုက်မယ်ဆိုရင် ခရိုင်းမီးယားကျွန်းဆွယ်က လေယာဉ် ကွင်းတွေ၊ ရေတပ်စခန်းတွေကို တိုက်ခိုက်နိုင်ပါတယ်။

 

JASSM ဒုံးကျည်တွေကို အခုအချိန်အထိ အမေရိကန်တိုက်လေယာဉ်တွေမှာသာ အသုံးပြုလို့ရပါတယ်။ ယူက ရိန်းနိုင်ငံက F-16 ဂျက်တိုက်လေယာဉ် အစင်း လေးငါးဆယ်ကျော် အသုံးပြုသွားမှာဖြစ်ပြီး အဲဒီတိုက်လေယာဉ် တိုင်းမှာ JASSM ဒုံးကျည် နှစ်စင်းစီ သယ်ဆောင်သွားနိုင်ပါတယ်။

 

JASSM ဒုံးကျည်တွေကို အမေရိကန်ထုတ် တိုက်လေယာဉ်တွေမှာတင်မကဘဲ တခြားတိုက်လေယာဉ်တွေမှာပါ အသုံးပြုနိုင်အောင် ကြိုးပမ်းနေတာတွေလည်း ရှိကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။

 

အသေးစိတ်ပြောကြားခြင်းမရှိပေမဲ့ JASSM ဒုံးကျည်တွေကို ဆိုဗီယက်ခေတ်ထုတ် MiG-29 ၊ Su-24 နဲ့ Su-27 ဂျက်တိုက်လေယာဉ်တွေမှာလည်း အသုံးပြုလို့ ရနိုင်ဖွယ်ရှိကြောင်း အဲဒီအရာရှိက ပြောပါတယ်။

 

JASSM ဒုံးကျည် မိုဒယ်လ်အဟောင်းတွေက မိုင် ၂၃၀ ဝန်းကျင်ပစ်ခတ်နိုင်ပေမဲ့ တာဝေးပစ် JASSM ဒုံးကျည် တွေကတော့ မိုင် ၅၀၀ ကျော်အထိ ပစ်ခတ်နိုင်ပါတယ်။

 

JASSM ဒုံးကျည်မှာ ပေါင် ၁၀၀၀ အလေးချိန်ရှိထိပ်ဖူးတစ်ခုပါရှိပါတယ်။ ဒါပေမဲ့ ဗြိတိန်နဲ့ ပြင်သစ်က ယူကရိန်း ကို ထောက်ပံ့ထားတဲ့ Storm Shadow ဒုံးကျည်တွေ၊ SCALP ဒုံးကျည်တွေနဲ့မတူတာက JASSM ဒုံးကျည်ဟာ အဲဒီဒုံးကျည်တွေလို အမာစားဘန်ကာတွေကို ထိုးဖောက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲတည်ဆောက်ထားတာ မဟုတ်ဘူး လို့ ဆိုပါတယ်။ JASSM ဒုံးကျည် version အသစ်တစ်စင်းကို ဒေါ်လာ ၁ သန်း တန်ကြေးရှိပါတယ်။

 

Ref: US close to agreeing on long-range missiles for Ukraine; delivery to take months

 

#PeopleMedia


Share this post