အမေရိကန်က လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေ အရှေ့အလယ်ပိုင်းကို ထပ်မံပေးပို့မည်

PUBLISHED - October 23, 2023
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
မကြာသေးခင်ကာလက အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်နိုင် ငံက အရှေ့အလယ်ပိုင်းဒေသကို THAAD ဒုံးခွင်းဒုံးတစ်စုံနဲ့ ပက်ထရီယော့လေကြောင်းရန်ကာကွယ်ရေး ဒုံး ကျည်တွေကို ထပ်မံပေးပို့သွားမှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က စနေနေ့ (အောက်တိုဘာလ ၂၁ ရက် နေ့) က ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ မကြာသေးခင်သီတင်းပတ်အတွင်းကပဲ လေယာဉ်တင်သင်္ဘောနှစ်စီးပါဝင်တဲ့ တိုက်ခိုကရေးစစ်သင်္ဘောအုပ်စုတွေနဲ့ မရိန်းတပ်ဖွဲ့ဝင် ၂၀၀၀ ဝန်းကျင်ကို အရှေ့အလယ်ပိုင်းဒေသကို စေလွှတ် ခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲကာလ ဒေသတွင်းတင်းမာမှုတွေမြင့်တက်လာနေစဉ်အတွင်း အီရန်နိုင်ငံကထောက်ပံ့ ထားတဲ့အဖွဲ့တွေရဲ့လှုပ်ရှားမှုတွေကို အမေရိကန်အစိုးရက တပ်လှန့်စောင့်ကြည့်နေပါတယ်။
“အရှေ့အလယ်ပိုင်းဒေသတစ်ခွင်မှာ အကြာသေးခင်ကပဲ အီရန်နိုင်ငံနဲ့ ၎င်းတို့ကြားခံတပ်ဖွဲ့ဝင်တွေရဲ့ တင်းမာမှု မြင့်တက်လာတာတွေပေါ်မူတည်ပြီး သမ္မတကြီးဂျိုးဘိုင်ဒန်နဲ့ အသေးစိတ်ဆွေးနွေးပြီးနောက်မှာ ဒေသတွင်းမှာ ကာကွယ်ရေးအင်အားတပ်ဖြန့်ချထားမှုကို ထပ်မံတိုးမြှင့်ဖို့အတွက် ကျွန်တော်ညွှန်ကြားခဲ့ပါတယ်။” လို့ ကာ ကွယ်ရေးဝန်ကြီး အယ်လ်လွိုက်သြစတင်က ပြောပါတယ်။
သြစတင်က ၎င်းအနေနဲ့ နောက်ထပ်အမေရိကန်တပ်ဖွဲ့ဝင်တွေကို ထပ်မံတပ်ဖြန့်ချထားဖို့ စီစဉ်နေကြောင်းပြော ပေမဲ့ အင်အားကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနဟာ တပ်ဖွဲ့ဝင် အင်အား ၂၀၀၀ ဝန်းကျင်ကို မကြာသေးခင်က စေလွှတ် ထားပြီးသားဖြစ်ပါတယ်။
“အဲဒီအဆင့်တွေဟာ ဒေသတါင်းကာကွယ်ဟန့်တားမှုတွေကို မြှင့်တင်ပေးသွားမှာဖြစ်သလို ဒေသတွင်းမှာ အမေရိကန်တပ်ဖွဲ့ဝင်အင်အားကိုလည်း တိုးမြှင့်သွားမှာဖြစ်တဲ့အပြင် အစ္စရေးကာကွယ်ရေးကိုလည်းအထောက် အကူပြုသွားမှာဖြစ်ပါတယ်။” လို့ သြစတင်က ပြောပါတယ်။
အီရန်နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချတဲ့အနေနဲ့ ဂျိုးဘိုင်ဒန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ လေ ကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေကို ပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက် နှစ်နှစ်အတွင်းမှာ အခုလို လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်တွေ ပြန်လည်တပ်ဖြန့်ချထားသွားမှာဖြစ်ပါတယ်။
Ref: U.S. sending additional air defense systems to Middle East, Pentagon says
#PeopleMedia