• Follow Us on

Home အမေရိကန်က အစ္စရေးကို စမတ်ဗုံးတွေ အပူတပြင်း ပို့ဆောင်ပေးနေ

အမေရိကန်က အစ္စရေးကို စမတ်ဗုံးတွေ အပူတပြင်း ပို့ဆောင်ပေးနေ

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၂

 

ဟားမတ်စ်အဖွဲ့ရဲ့အလစ်အငိုက်အတိုက်ခံလိုက်ရပြီး တန်ပြန်စစ်ဆင်ရေး ဆင်နွှဲနေတဲ့ အစ္စရေးနိုင်ငံကို အမေရိ ကန်ဘိုးရင်းကုမ္ပဏီက စမတ်ဗုံးတွေ အပူတပြင်းစတင်ပို့ဆောင်နေပြီဖြစ်ပါတယ်။

 

အစ္စရေးစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာ မကြာသေးခင်ကပဲ ပေါင် ၂၅၀ GBU-39/B Small Diameter Bombs (SDB) ဗုံးတွေသယ်ဆောင်ပြီး အမေရိကန်ကနေ အစ္စရေးကို ပျံသန်းသွားတယ်လို့ အမေရိ ကန်အရာရှိတစ်ဦးကို ကိုးကားပြီး Bloomberg မီဒီယာက ရေးသားထားပါတယ်။

 

အစ္စရေးဟာ ဒေါ်လာ ၇၃၅ သန်းတန်ကြေးရှိတဲ့ GBU-39/B SDB ဗုံး အလုံး ၁၀၀၀ ကို ၂၀၂၁ ခုနှစ်က အမေရိ ကန်ထံ က ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။

 

လေယာဉ်ပေါ်ကနေအသုံးပြုပစ်ခတ်ရတဲ့ အဲဒီ GBU-39/B SDB ဗုံးတွေဟာ မိုင် ၄၀ (၆၄ ကီလိုမီတာ) က ပစ် မှတ်ကို ပစ်ခတ်နိုင်တဲ့အတွက် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ပစ်မှတ်တွေကို တိတိ ကျကျ ပစ်ခတ်နိုင်တယ်လို့ စစ်ရေးဆန်းစစ်လေ့လာသူ ဘရက်ဒ်ဘိုးမန်းကို ကိုးကားပြီး Bloomberg မီဒီယာက ပြောပါတယ်။

 

စနက်တံနဲ့ ပရိုဂရမ်သွင်းထားတဲ့ ဒီ GBU-39/B SDB ဗုံးတွေဟာ လိုအပ်တဲ့နေရာမျိုးမှာ မြေအောက်အဆောက် အအုံအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်သွားပြီး အထဲရောက်မှ ပေါက်ကွဲတာဖြစ်တယ်လို့ဆိုပါတယ်။

 

ဒါ့အပြင် GBU-39/B SDB ဗုံးတွေဟာ ကြားဖြတ်တိုက်ခိုက်နှောင့်ယှက်မှု (jamming) ကို ရှောင်ရှားနိုင်တဲ့ anti-jam GPS စနစ်တပ်ဆင်ထားတဲ့အတွက် ရွေ့လျားပစ်မှတ်တွေရော ရပ်တည်ပစ်မှတ်တွေကိုပါ ထိရောက် စွာတိုက်ခိုက် ချေမှုန်းနိုင်တယ်လို့ ဆိုပါတယ်။

 

ဟားမတ်စ်အဖွဲ့ဟာ ဓားစာခံ ၁၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် ဒီလက်နက်ဟာ အလွန်အရေး ပါတဲ့လက်နက်ဖြစ်လာလိမ့်မယ်လို့ ဘရက်ဒ်ဘိုးမန်းက ပြောပါတယ်။

 

တပြိုင်တည်းမှာပဲ အမေရိကန်အစိုးရဟာ အစ္စရေးကတောင်းခံထားတဲ့ လေကြောင်းရန်ကာကွယ်ရေးလက်နက် စနစ်တွေနဲ့ ခဲယမ်းတွေကို ထောက်ပံ့ဖို့ အရှိန်မြှင့်ဆောင်ရွက်နေပြီး တချို့လက်နက်ခဲယမ်းတွေကို တင်ပို့နေပြီ ဖြစ်ကြောင်း အမေရိကန်အရာရှိတစ်ဦးကို ကိုးကားပြီး ABC သတင်းဌာနက တနင်္လာနေ့က ပြောပါတယ်။

 

အစ္စရေးနိုင်ငံက အမြောက်ကျည်တွေ၊ သံမဏိဒုံးခွင်းဒုံးကာကွယ်ရေးစနစ်အတွက် ကြားဖြတ်တိုက်ခိုက်ရေးဒုံး ကျည်တွေနဲ့ ပဲ့ထိန်းလမ်းညွှန်ဒုံးကျည်တွေ ထပ်မံရရှိရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။

 

ဒါ့အပြင် လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲမှာ အစ္စရေးဘက်ကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်စစ် သင်္ဘောတွေနဲ့ ဂျက်တိုက်လေယာဉ်တွေကို အစ္စရေးနိုင်ငံအနီးကို အမေရိကန်အစိုးရက စေလွှတ်ထားပါတယ်။

 

Ref: US Rushes ‘Smart’ Bombs to Israel as Hamas Holds Dozens Hostage

 

#PeopleMedia


Share this post