• Follow Us on

Home အမေရိကန်က B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်နဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ရင်း အီရန်ကို သတိပေး

အမေရိကန်က B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်နဲ့ ဟူသီသူပုန်တွေကို တိုက်ခိုက်ရင်း အီရန်ကို သတိပေး

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၁

 

အမေရိကန်ကာကွယ်ရေးဝန်ကြီးလွိုက်သြစတင်ထံက အမိန့်ရရှိပြီးနောက် အီရန်ထောက်ပံ့ထားတဲ့ ဟူသီသူပုန် တွေကို လေကြောင်းက တိုက်ခိုက်ရာမှာ အမေရိကန်လေတပ်ဟာ B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်ကို ၂၀၁၇ ခုနှစ်ကတည်းက ပထမ ဦးဆုံးအကြိမ်အဖြစ်အသုံးပြုခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ပိုင်း (အောက်တိုဘာလ ၁၆ ရက်နေ့ ညပိုင်း) က ကြေညာခဲ့ပါတယ်။

 

ဒေသတွင်း အရပ်ဘက်သင်္ဘောတွေနဲ့ စစ်သင်္ဘောတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ ဟူသီသူပုန်တွေကို တုံ့ ပြန်တိုက်ခိုက်ရာမှာ ဟူသီသူပုန်တွေရဲ့ မြေအောက်လက်နက်သိုလှောင်ရုံ ၅ ခုကို ဗုံးကြဲလေယာဉ်တွေက ပစ် မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သြစတင်က ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။

 

“ဘယ်လောက်ပဲ နက်ရှိုင်းတဲ့မြေအောက်မှာ မြှုပ်နှံသိုဝှက်ထားထား၊ ဘယ်လောက်ပဲ ခံတပ်ကို ပြင်ဆင်ထားပြင် ဆင်ထား၊ ကျွန်တော်တို့ရန်သူတွေက ကျွန်တော်တို့ ရှာဖွေလို့မရအောင် လျှို့ဝှက်ထားတဲ့ ပစ်မှတ်တွေကို အမေ ရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လို ရှာဖွေတိုက်ခိုက်နိုင်တယ်ဆိုတာ ဒီတိုက်ခိုက်မှုက အကောင်းဆုံးသက်သေ ပြသွားတာပဲဖြစ်ပါတယ်။” လို့ သြစတင်က ပြောပါတယ်။

 

“လိုအပ်တဲ့အချိန်မှာ အချိန်မရွေး၊ နေရာမရွေး အလိုရှိတဲ့ပစ်မှတ်ကို အမေရိကန်ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်ရေး လက်နက်တွေက တိုက်ခိုက်နိုင်တယ်ဆိုတာကို အမေရိကန်လေတပ် B-2 ကိုယ်ပျောက်တာဝေးဗုံးကြဲလေယာဉ် တွေက သက်သေပြသွားတာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။

 

ထိခိုက်ပျက်စီးမှု ဆန်းစစ်လေ့လာရေးလုပ်ငန်းတွေကို ဆောင်ရွက်နေဆဲဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုမ တွေ့ရကြောင်း အမေရိကန်ဗဟိုစစ်ဌာနချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

 

B-2 ကိုယ်ပျောက်တာဝေးဗုံးကြဲလေယာဉ်ကို အခုလို အသုံးပြုတာဟာ ဟူသီသူပုန်တွေအတွက်သာ သတိ ပေးတာမဟုတ်ဘဲ တခြားစစ်သွေးကြွအဖွဲ့တွေအပါအဝင် အီရန်နိုင်ငံကိုပါ သတိပေးလိုက်တာဖြစ်ကြောင်း လေ ကြောင်းကျွမ်းကျင်သူတစ်ဦးက Military.com ကို ပြောပါတယ်။

 

အခုလိုတိုက်ခိုက်မှုဟာ ပင်လယ်နီနဲ့ တခြားနေရာမှာ ဆောင်ရွက်နေတဲ့ ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကို သည်း ခံလာတာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သတိပေးဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း B-52 ဗုံးကြဲ လေယာဉ် လေသူရဲဟောင်း အငြိမ်းစားလေတပ်ဗိုလ်မှူးကြီး မာ့ခ်ဂန်းဇင်းဂါးက ပြောပါတယ်။

 

“ဒီတိုက်ခိုက်မှုဟာ အီရန်နဲ့ အီရန်ကထောက်ပံ့ထားတဲ့ တခြားစစ်သွေးကြွအုပ်စုတွေကိုလည်း သတိပေးလိုက် တာပဲဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုဟာ လိုအပ်လာရင် ကြိုတင်သတိပေးချက်မရှိဘဲ ဒီအင်အားကောင်း တဲ့ စစ်လက်နက်တွေကို အသုံးပြုတိုက်ခိုက်သွားမှာပဲဖြစ်ပါတယ်။” လို့ မာ့ခ်ဂန်းဇင်းဂါးက ပြောပါတယ်။

 

အမေရိကန်လေတပ်ဟာ လွန်ခဲ့တဲ့ ၈ နှစ်နီးပါးဖြစ်တဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ B-2 ဗုံးကြဲလေယာဉ်ကို စတင် အသုံးပြုခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

 

အဲဒီအချိန်က မစ်ဇူရီပြည်နယ် ဝှိုက်မန်းလေတပ်စခန်းက B-2 ဗုံးကြဲလေယာဉ် ၂ စင်းဟာ လစ်ဗျားနိုင်ငံမှာရှိတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ဖို့အတွက် ၃၃ နာရီကြာပျံသန်းရတဲ့ စစ်ဆင်ရေးတာဝန်ထမ်ကို ထမ်းဆောင်ခဲ့ပါတယ်။

 

အဲဒီအချိနိက လစ်ဗျားနိုင်ငံက ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ရာမှာ အိုင်အက်စ်စစ်သွေးကြွ ၁၀၀ ဝန်းကျင်သေဆုံး ခဲ့ကြောင်း လေတပ်အရာရှိတွေက ပြောပါတယ်။

 

လေယာဉ်ဆီ ၁၆၇,၀၀၀ ပေါင်နဲ့ လက်နက်အလေးချိန် ပေါင် ၄၀,၀၀၀ သယ်ဆောင်နိုင်တဲ့ B-2 ဗုံးကြဲလေယာဉ် တွေကို အမေရိကန်တပ်မတော်မှာ ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်က စတင်အသုံးပြုလာတာဖြစ်ပါတယ်။

 

သွားရောက်တိုက်ခိုက်တဲ့ ဟူသီသူပုန်တွေရဲ့ ပစ်မှတ်ကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေမဲ့ တိုက် ခိုက်ရာမှာ GBU-72/B ပေါင် ၅၀၀၀ ဘန်ကာဖျက်ဗုံးတွေ အသုံးပြုခဲ့ပုံရကြောင်း မာ့ခ်ဂန်းဇင်းဂါးက ပြောပါ တယ်။

 

အမေရိကန်ရဲ့နောက်ဆုံးပေါ် B-21 Raider ဗုံးကြဲလေယာဉ်တွေကို ထုတ်ဖော်ပြသနေဆဲအချိန်မှာပဲ အခုလို B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်တွေကို တိုက်ခိုက်ရေးမှာ အသုံးပြုလာတာဖြစ်ပါတယ်။

 

B-21 Raider ဗုံးကြဲလေယာဉ်တွေကို ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှာ ထုတ်ဖော်ပြသခဲ့ပြီး လက်ရှိအချိန်မှာတော့ စမ်းသပ်ပျံသန်းမှုမျိုးစုံကို ဆောင်ရွက်လျက်ရှိပါတယ်။

 

Ref: Air Force Uses B-2 Bomber for First Time in Combat Since 2017, Sending Message to Iran

 

#PeopleMedia


Share this post