• Follow Us on
Latest News

Home အမေရိကန်စစ်စခန်းတွေအနီး အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတာတွေကို အမေရိကန်အစိုးရ တင်းတင်း ကျပ်ကျပ်စိစစ်သွားမည်

အမေရိကန်စစ်စခန်းတွေအနီး အိမ်ခြံမြေအရောင်းအဝယ်လုပ်နေတာတွေကို အမေရိကန်အစိုးရ တင်းတင်း ကျပ်ကျပ်စိစစ်သွားမည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၀

 

နိုင်ငံတွင်း တရုတ်လူမျိုးတွေ မြေရာဝယ်ယူနေတာတွေ မြင့်တက်နေမှုအပေါ် စိုးရိမ်နေစဉ်အတွင်း စစ်စခန်းတွေ အနီးမှာ ဆောင်ရွက်နေတဲ့ နိုင်ငံခြားသားတွေရဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းတွေ ကို ပိုမိုစောင့်ကြပ်ကြည့် ရှုသွားဖို့ အမေရိကန်ပြည်ထောင်စုက စီစဉ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက တနင်္လာနေ့ (ဇူလိုင်လ ၈ ရက်) နေ့က ပြောကြားလိုက်ပါတယ်။

 

“စစ်စခန်းတွေကို ပြင်ပခြိမ်းခြောက်မှုတွေက ကာကွယ်ထားတဲ့ ဆောင်ရွက်မှုတွေအပါအဝင် အမေရိကန်အမျိုး သားလုံခြုံရေးကို ကာကွယ်ဖို့အတွက် ကျွန်မတို့ရဲ့ အားကောင်းလှတဲ့ ကာကွယ်ရေးနည်းလမ်းကို အသုံးပြုသွား ဖို့ သမ္မတကြီးဂျိုးဘိုင်ဒန်ရော ကျွန်မပါ သံန္နိဋ္ဌာန်ချထားတဲ့အတိုင်း ဆက်လက်ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။” လို့ ဘဏ္ဍာရေးဝန်ကြီး ဂျက် နက်ယဲလန်းက ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

အဆိုပြုထားတဲ့စည်းမျဉ်းဥပဒေအရ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီ (CFIUS) က ဆန်းစစ်လေ့လာသွားမယ့် စစ်စခန်းတွေစာရင်းထဲမှာ အနီးအနားတစ်ဝိုက်မှာ အိမ်ခြံမြေရောင်း ဝယ်ရေး လုပ်ငန်းတွေရှိနေတဲ့ စစ်စခန်း ၅၀ ကျော်ကို ထပ်မံဖြည့်သွင်းလိုက်တဲ့အတွက် စုစုပေါင်း ဆန်းစစ်လေ့ လာမယ့်စစ်စခန်း ၂၂၇ ခုရှိသွားပြီဖြစ်ပါတယ်။

 

CFIUS က စစ်ဆေးသွားမယ့်စာရင်းထဲမှာ မြေရာဝယ်ယူမှုတွေလည်း ပါရှိပါတယ်။ နိုင်ငံခြားသားတွေ ဝယ်ယူထားတဲ့ ဒါမှမဟုတ် ငှားရမ်းထားတဲ့ အိမ်ခြံမြေတွေကနေ စစ်သတင်းတွေ စုဆောင်း သွားမှာ ဒါမှမဟုတ် အမျိုးသားလုံခြုံရေးလုပ်ငန်းဆောင်ရွက်မှုတွေကို စောင့်ကြည့်ထောက်လှမ်းသွားမှာတွေကို စိုးရိမ်ရတယ်လို့ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

 

အဆိုပြုထားတဲ့စစ်ဆေးမယ့်နေရာတွေထဲမှာ တရုတ်လျှပ်စစ်ကားဘက်ထရီထုတ်လုပ်ရေး ဂိုရှန်ကုမ္ပဏီက စက် ရုံတစ်ခုတည်ဆောက်ဖို့ စီစဉ်ထားတဲ့နေရာကနေ မိုင် ၁၀၀ ဝန်းကျင်အကွာအဝေးမှာရှိတဲ့ မစ်ရှီဂန်ပြည်နယ်က Camp Grayling စစ်စခန်းလည်းပါဝင်ပါတယ်။ မစ်ရှီဂန်ပြည်နယ်က ရီပတ်ဘလီကန်အမတ် ဂျွန်မိုလီနာက လုံခြုံရေးအရ စိုးရိမ်ရတဲ့အတွက် စက်ရုံတည် ဆောက်မယ့် ဂိုရှန်ကုမ္ပဏီရဲ့အစီအစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။

 

CFIUS ရဲ့ ဆုံးဖြတ်ချက်ဟာ “နိုင်ငံရဲ့သံသယဝါဒ” ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနထိပ်တန်းအရာရှိတစ်ဦး က ပြောဆိုခဲ့ပေမဲ့ အခုနောက်ဆုံးအဆိုပြုဥပဒေဟာ တရုတ်/ ရုရှားတို့လို နိုင်ငံတွေနဲ့ပတ်သက်ပြီး တိုက်ရိုက် စိုးရိမ်မှုတွေကို ဖြေဖျောက်ပေးဖို့ ရည်ရွယ်ထားတဲ့ ဥပဒေ ဟုတ်မဟုတ် အသေးစိတ်ပြောဆိုခြင်းမရှိပါဘူး။

 

အမေရိကန်ရဲ့ မဟာဗျူဟာမြောက်နျူကလီးယားဒုံးကျည်စခန်းတစ်ခုအနီးက မြေကို အသုံးပြုမယ့် တရုတ် ကုမ္ပဏီတစ်ခုကို အမျိုးသားလုံခြုံရေးအရ အသုံးပြုခွင့် ပိတ်ပင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်တွေက မေလ အတွင်းက ကြေညာခဲ့ပါတယ်။

 

Ref: US Aims to up Scrutiny on Property Deals near Military Sites

 

#PeopleMedia


Share this post