အမေရိကန်စစ်တပ်အတွက် ဂြိုဟ်တု ၉ လုံး လွှတ်တင်ပေးဖို့ အမေရိကန်အစိုးရနဲ့ SpaceX ကုမ္ပဏီ ဒေါ်လာ ၇၃၃.၅ သန်းတန် စာချုပ်ချုပ်ဆို

PUBLISHED - October 24, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၂၃
စစ်ဘက်ဆိုင်ရာဆက်သွယ်ရေးနဲ့ ထောက်လှမ်းရေး/စစ်ရေးသတင်းအချက်အလက်ရှာဖွေစုဆောင်းမှု မြင့်တင် ရေးအတွက် ကမ္ဘာပတ်လမ်းကြောင်းအနိမ့်တစ်ခုတွင်း ဂြိုဟ်တု ၉ လုံး လွှတ်တင်ပေးဖို့ အမေရိကန်အစိုးရက ဒေါ်လာ ၇၃၃.၅ သန်းတန် သဘောတူစာချုပ်တစ်ခု SpaceX ကုမ္ပဏီနဲ့ ချုပ်ဆိုလိုက်ပါတယ်။
ကန်ထရိုက်လုပ်ငန်းနှစ်ခုပါဝင်တဲ့ သဘောတူစာချုပ်မှာ ပထမကန်ထရိုက်ကတော့ ဒုံးကျည်ခြေရာခံခြင်းနဲ့ သ တင်းအချက်အလက်ပြန်ကြားရေးဂြိုဟ်တုတွေအသုံးပြုဖို့ အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (SDA) အ တွက် လုပ်ငန်း ၇ ခုဖြစ်ပြီး ဒုတိယကန်ထရိုက်ကတော့ အစိုးရရဲ့သူလျှိုဂြိုဟ်တုတွေ လည်ပတ်ဖို့ အမျိုးသား ကင်းထောက်ရုံးအတွက် လုပ်ငန်းနှစ်ခုဖြစ်ပါတယ်။
ဒီလုပ်ငန်းတွေဟာ အမေရိကန်ကာကွယ်ရေးနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေအတွက် အမျိုးသားလုံခြုံရေး အာကာသစီမံချက် (NSSL) အဆင့် ၃၊ လမ်းကြောင်း ၁ ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
ဒီစီမံချက်ဆောင်ရွက်မှုကြောင့် အမျိုးသားလုံခြုံရေးအတွက် အထောက်အကူဖြစ်စေမယ့် ဂြိုဟ်ပတ်လမ်း ကြောင်းထဲမှာ ဂြိုဟ်တုတွေ ပိုမိုနေရာချထားရာမှာ ဂြိုဟ်တုလွှတ်တင်ခြင်းလုပ်ငန်းတွေကို အန္တရာယ်ပိုမို ကင်း ရှင်းပြီး လျင်မြန်စွာဆောင်ရွက်နိုင်မှာဖြစ်ကြောင်း အာကာသလမ်းကြောင်းလုံခြုံစိတ်ချရေးဆိုင်ရာ စီမံချက်အမှု ဆောင်အရာရှိ ကရစ်စတင်ပန်ဇယ်ဟေဂန်က ပြောပါတယ်။
ခြိမ်းခြောက်မှုတွေ လျော့ပါးလာစေရေးအတွက် စစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေကို သတင်းအချက်အလက် တွေ ထောက်ပံ့ပေးနေစဉ်အတွင်း ရန်သူ့ဒုံးကျည်တွေကို စုံစမ်းထောက်လှမ်းခြေရာခံဖို့ ဒီဇိုင်းရေးဆွဲတည် ဆောက်ထားတဲ့ အဆင့်မြင့် ဂြိုဟ်တုအုပ်စုတစ်ခု တပ်ဖြန့်ချထားဖို့အတွက် ၂၀၂၉ ခုနှစ်မတိုင်ခင် ဂြိုဟ်တုလွှတ် တင်မှု စီမံကိန်း ၃၀ ဆောင်ရွက်ဖို့ အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (SDA) က စီစဉ်ထားပါတယ်။
ဒီစီမံချက်လုပ်ငန်းအောင်မြင်ဖို့အတွက် အာကာသဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (SDA) က ရော့ကက်အကြီးစား တွေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး မကြာခဏ ပစ်လွှတ်နိုင်တဲ့ အလတ်စားနဲ့ အသေးစား ရော့ကက်တွေ လိုအပ်ပါ တယ်။
ဒီအတွက် ရွေးချယ်ထားတဲ့နည်းပညာကတော့ မီတာ ၇၀ (၂၂၉ ပေ) ရှည်လျားပြီး အလတ်စားဒုံးပစ်စင်တစ်ခု အဖြစ် သတ်မှတ်ထားတဲ့ အဆင့်နှစ်ဆင့်ပါ ရော့ကက်တစ်မျိုးဖြစ်တဲ့ SpaceX ကုမ္ပဏီရဲ့ Falcon 9 ဖြစ်ပါတယ်။
Falcon 9 ဒုံးပစ်စင်ဟာ တစ်စိတ်တစ်ပိုင်း ပြန်လည်အသုံးပြုနိုင်တဲ့အပြင် ရော့ကက်ထဲက ဈေးအကြီးဆုံးအစိတ် အပိုင်းတွေကို ကနဦးလွှတ်တင်မှုအပြီးမှာ ပြန်လည်ပျံသန်းအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးပစ်စင်ကို ရော့ကက် ပစ်လွှတ်မှု ၃၈၁ ကြိမ်မှာ အသုံးပြုခဲ့ရာ ၃၃၇ ကြိမ် အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့ပါတယ်။
Ref: SpaceX to Launch Nine Satellites for US Military under $733M Contract
#PeopleMedia