အမေရိကန်စစ်ရေးအကူအညီတွေ တဖြည်းဖြည်း နှေးကွေးလာကြောင်း အစ္စရေးထိပ်တန်းအရာရှိတစ်ဦးပြော
PUBLISHED - March 20, 2024
နိုင်ငံတကာ၊ မတ် ၂၀
အစ္စရေးကို ထောက်ပံ့တာတွေ ရပ်ဆိုင်းဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးတောင်းဆိုနေတဲ့အတွက် အ မေရိကန်အစိုးရဟာ အစ္စရေးထောက်ပံ့ရေးကို နှေးကွေးစွာဆောင်ရွက်နေကြောင်း အစ္စရေးထိပ်တန်းအရာရှိကြီး တစ်ဦးက ပြောကြားလိုက်ပါတယ်။
အစ္စရေး-ဟားမတ်စ် စစ်ပွဲစစချင်း အမေရိကန်ရဲ့ထောက်ပံ့မှုဟာ အလွန်လျင်မြန်ကြောင်း အမည်မဖော်လိုတဲ့ အဲဒီထိပ်တန်းအရာရှိကြီးက ABC News ကို ပြောပါတယ်။
ဒါပေမဲ့ ဂါဇာဒေသထိုးစစ်တွေကို အရှိန်လျှော့ဖို့ အစ္စရေးကို တောင်းဆိုလိုက်ပြီးနောက် အမေရိကန်ရဲ့အကူအ ညီတွေဟာ မကြာသေးခင်ကပဲ တဖြည်းဖြည်း စတင်အရှိန်နည်းလာကြောင်း ၎င်းက ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ထောက်ပံ့မှုတွေ ဘာ့ကြောင့်နှေးကွေးသွားတယ်ဆိုတာကို သေသေချာချာ မသိပေမဲ့ လက် ရှိစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်က မချင့်မရဲဖြစ်နေတယ်ဆိုတာကို အစ္စရေးက သဘောပေါက်ကြောင်း အဆို ပါ အရာရှိက ပြောပါတယ်။
အစ္စရေးရဲ့ မဆင်မခြင်ဗုံးကြဲမှုတွေနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် မတ်လ ၁၈ ရက်နေ့အထိ ပါလက်စတိုင်း လူမျိုး ၃၁၀၀၀ ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ဟားမတ်အစိုးရ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
ဂါဇာမြို့က မြေပြင်ထိုးစစ်တွေကို ပစ်ကူပေးဖို့အတွက် အစ္စရေးစစ်တပ်မှာ ၁၅၅ မမ အမြောက်ကျည်တွေ လျော့ နည်းလာပြီဖြစ်ကြောင်း အဆိုပါအရာရှိက ပြောပါတယ်။
အမေရိကန်အစိုးရဟာ အလားတူ အမြောက်ကျည်တွေကို ယူကရိန်းကိုလည်း ထောက်ပံ့နေရတဲ့အတွက် အရာ ခပ်သိမ်းအမေရိကန်အစိုးရကို မှီခိုနေလို့ မဖြစ်ဘူးလို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံဟ ၁၂၀ မမ တင့်အမြောက်ကျည်တွေရော ပဲ့ထိန်းလမ်းညွှန်လက်နက်တွေပါ လိုအပ်နေတယ်လို့ လည်း ဆိုပါတယ်။
စစ်ပွဲအနိုင်တိုက်ဖို့ လက်နက်/ခဲယမ်း မလုံလောက်တဲ့အတွက် အခုစစ်ပွဲ ရှုံးကောင်းရှုံးနိုင်တယ်လို့ အဆိုပါ အရာရှိက ပြောပါတယ်။
စွပ်စွဲပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ရာမှာ လက်နက်တင်ပို့မှုတွေဟာ ရည်ရွယ်ချက်ရှိရှိ နှောင့်နှေး ကြန့် ကြာနေတာမဟုတ်ကြောင်း အမေရိကန်အရာရှိတွေက ABC News ကို ပြောပါတယ်။
မဟာမိတ်နှစ်နိုင်ငံကြား ဆက်ဆံရေးမပြေပြစ်ပေမဲ့ စစ်ရေးအကူအညီပေးတဲ့မူဝါဒ အပြောင်းအလဲမရှိဘူးလို့ အဲဒီ အရာရှိတွေက ပြောပါတယ်။
အမေရိကန်သမ္မတဟောင်းဘားရက်အိုဘားမားလက်မှတ်ရေးထိုးခဲ့တဲ့ ၁၀ နှစ် စာချုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ် အဖြစ် အမေရိကန်အစိုးရဟာ အစ္စရေးကို နှစ်စဉ် ဒေါ်လာ ၃.၈ ဘီလျံတန်ကြေးရှိ စစ်ရေးအကူအညီ ပေးနေပါ တယ်။
“ထောက်ပံနေတဲ့ စနစ်တစ်ခုချင်းစီအတွက် အချိန်ဇယားနဲ့ ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးမှာ မဟုတ်ပါဘူး။ အစ္စရေးနိုင်ငံ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် ကျွန်တော်တို့ ဆက်လက်ထောက်ပံ့နေပါတယ်။ အဲဒီမူဝါဒ က ပြောင်းလဲမသွားပါဘူး။ ဒါ ကျွန်တော် တကယ့်ကို အရိုးသား/အပွင့်လင်းဆုံး ပြောနေတာပါ။” လု့ိ အမေရိ ကန် အမျိုးသားလုံခြုံရေးပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီက ပြောပါတယ်။
Ref: US ‘Slow-Walking’ Military Aid to Israel: Senior Israeli Official
#PeopleMedia