• Follow Us on
Latest News

Home အမေရိကန်စစ်သည်တစ်ဦး ရုရှားနိုင်ငံမှာ ခိုးမှုစွပ်စွဲခံရပြီး အဖမ်းခံထားရ

အမေရိကန်စစ်သည်တစ်ဦး ရုရှားနိုင်ငံမှာ ခိုးမှုစွပ်စွဲခံရပြီး အဖမ်းခံထားရ

Share this post

နိုင်ငံတကာ၊ မေ ၇

 

အမေရိကန်စစ်သည်တစ်ဦး ပြီးခဲ့တဲ့သီတင်းပတ်က ရုရှားနိုင်ငံမှာ ဖမ်းဆီးခံထားရကြောင်း အမေရိကန်ကြည်း တပ်ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ပါတယ်။

 

စတပ်ဖ်ဆာဂျင် ဂေါ်ဒန်ဘလက်အမည်ရှိ အဆိုပါစစ်သည်ဟာ တောင်ကိုရီးယားမှာ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပြီး ရုရှားနိုင်ငံကို တာဝန်နဲ့မဟုတ်ဘဲ မိမိသဘောနဲ့ မိမိ ထွက်ခွာသွားခဲ့တာဖြစ်ကြောင်း အမေရိကန်အရာရှိ တွေက ပြောပါတယ်။

 

ဂေါ်ဒန်ဘလက်ဟာ တောင်ကိုရီးယားမှာ တာဝန်ပြီးဆုံးလို့ အမေရိကန်ကို ပြန်ရမှာဖြစ်ပေမဲ့ ရုရှားနိုင်ငံ ဗလာဒီ ဗော့စတော့မှာရှိတဲ့ ၎င်းနဲ့ ချစ်ကြိုက်နေတဲ့ အမျိုးသမီးတစ်ဦးထံကို သွားရောက်လည်ပတ်ခဲ့တာဖြစ်ကြောင်း အ မေရိကန်အရာရှိတွေက ပြောပါတယ်။

 

အထက်အရာရှိတွေရဲ့ တရားဝင်ခွင့်ပြုချက်မရရှိဘဲ သွားရောက်လည်ပတ်ခဲ့တဲ့အတွက် တရားရုံးမတင်ခင် ၎င်း ကို တပ်တွင်းမှာ ချုပ်နှောင်ထားမှာဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

 

အဲဒီစစ်သည်ဟာ အမျိုးသမီးတစ်ဦးထံက ပစ္စည်းတွေ ခိုးယူခဲ့တယ်လို့ စွပ်စွဲခံထားရပြီး အဲဒီအမျိုးသမီးဟာ ၎င်း သွားရောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီး ဟုတ်မဟုတ် ကွဲကွဲပြားပြား မသိရသေးပါဘူး။

 

အဲဒီစစ်သည်ကို ကြာသပတေးနေ့ (မေလ ၂ ရက်နေ့) က ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ကြောင်း အမေရိကန် ကြည်းတပ်ပြောခွင့်ရပုဂ္ဂိုလ် စင်သီယာအိုစမစ်သ်က ထုတ်ပြန်ချက်ထဲမှာ ပြောပါတယ်။

 

အဲဒီစစ်သည်ကို ရာဇဝတ်မှုကျူးလွန်တဲ့အတွက် ဗလာဒီဗော့စတော့မြို့မှာ ဖမ်းဆီးထားတာဖြစ်ကြောင်း စမစ်သ် က ပြောပါတယ်။

 

“ကောင်စစ်ဝန်ဆက်ဆံရေးဆိုင်ရာ ဗီယန်နာကွန်ဗန်းရှင်းနဲ့အညီ ရာဇဝတ်မှုအရ ဖမ်းဆီးထားကြောင်း ရုရှား ဖက်ဒရေးရှင်းက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို အကြောင်းကြားလာပါတယ်။ ကြည်းတပ်ကလည်း ၎င်းမိသားစုထံ အကြောင်းကြားခဲ့သလို ရုရှားမှာအဖမ်းခံထားရတဲ့ အဲဒီစစ်သည်အတွက် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက လိုအပ်တဲ့ကောင်စစ်ဝန်ရုံးထောက်ပံ့မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။ အကဲဆတ်တဲ့ အကြောင်းအရာတွေဖြစ်လို့ လက်ရှိအချိန်မှာ သတင်းအချက်အလက် အသေးစိတ်ကို မထုတ်ပြန်နိုင်ပါဘူး။” လို့ စမစ်သ်က ပြောပါတယ်။

 

ရုရှားနိုင်ငံမှာ အမေရိကန်စစ်သည်တစ်ဦး အခုလို အဖမ်းခံထားရတယ်ဆိုတဲ့သတင်းကြားရတာ အလွန်စိုးရိမ် ပူပန်မိကြောင်း နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌ တက္ကဆက်ပြည်နယ် ရီပတ်ဘလီကန်လွှတ်တော်အမတ် မိုက် ကယ်မက်ကောလ်က ပြောပါတယ်။

 

“ပူတင်ဟာ သမိုင်းတစ်လျှောက် အမေရိကန်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးထားလေ့ရှိပါတယ်။ အမေရိကန်နိုင် ငံသားအားလုံးကို ပြောချင်တာက ရုရှားနိုင်ငံဟာ ဘေးကင်းလုံခြုံစွာ ခရီးသွားရောက်ရမယ့် နိုင်ငံတစ်နိုင်ငံ မ ဟုတ်ဘူးဆိုတာပါပဲ။” လို့ ၎င်းက X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

 

လက်ရှိအချိန်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ရုရှားနိုင်ငံကို သွားရောက်လည်ပတ်ခြင်းမပြုဖို့ အမေရိကန်နိုင်ငံသားတွေကို ကန့်သတ်တားမြစ်ထားပါတယ်။

 

အမေရိကန်အရပ်သားလေးငါးဦးအပါအဝင် ရုရှားနိုင်ငံမှာ အဖမ်းခံထားရတဲ့ အမေရိကန် နိုင်ငံသားတွေထဲမှာ ဂေါ်ဒန်ဘလက်ဟာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

 

အမေရိကန်နဲ့ ရုရှား နှစ်နိုင်ငံဆက်ဆံရေး စစ်အေးခေတ် ကာလဆက်ဆံရေးထက် ပိုမိုနိမ့်ကျလာတဲ့အချိန်မှာ ရုရှားနိုင်ငံမှာ အမေရိကန်နိုင်ငံသားတွေ ဖမ်းဆီးခံရမှု ပိုမိုမြင့်တက်လာကြောင်း AP သတင်းဌာနက ပြောပါ တယ်။

 

ရုရှားနိုင်ငံဟာ အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားဖမ်းဆီးပြီး စေ့စပ်ညှိနှိုင်းရာမှာ အပေးအယူလုပ်တဲ့ ကြားခံပစ္စည်းအဖြစ် အသုံးပြုနေတယ်လို့ အမေရိကန်ဘက်က စွပ်စွဲထားကြောင်း AP က ပြောပါတယ်။

 

Ref: U.S. soldier detained in Russia and accused of stealing, officials say

 

#PeopleMedia


Share this post